လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လားရှိုးမြို့ နှစ်ဖက်တိုက်ပွဲတွေမှာ အရပ်သားသေဆုံးမှု ၁၃ ဦးအထိရှိလာ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်  ဖွဲ့ထဲက ကိုးကန့်တပ် MNDAA တို့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား သေဆုံးခဲ့ရတဲ့ အရပ်သား ၁၃ ဦးအထိရှိလာပြီလို့ တအာင်း တပ်မတော် TNLA သတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ  ရက်နေ့ နဲ့ မနေ့ကအထိ နှစ်ရက်အတွင်း မိသားစု ၆ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပါအဝင် ကလေးငယ် နဲ့အမျိုးသမီးတွေပါသေဆုံးခဲ့ရပြီး နှစ်ရက်အတွင်းမှာပဲ သေဆုံးသူက ၁၃ ဦးအထိ ရှိလာတာဖြစ်ပါတယ်။

TNLA ရဲ့သတင်းထုတ်ပြန်ချက်တွေအရ လားရှိုးမြို့နယ်ထဲက ရပ်ကွက် ၁၊ရပ်ကွက် ၉၊ နမ့်ပေါင်ရွာ၊ ရပ်ကွက် ၁၁ နဲ့ ရပ်ကွက် ၅ တို့က ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

မနေ့က မနက်ပိုင်း  နာရီခွဲဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရပ်ကွက် ၉ က သားအမိနှစ်ယောက်အပါအဝင် တစ်ရက်ထဲမှာပဲ အရပ်သား  ယောက်သေဆုံးခဲ့ တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ရပ်ကွက်()အတွင်း လက်နက်ကြီးတစ်လုံးကျ‌‌ရောက်ပေါက်ကွဲမှုကြောင့် သားအမိ ()ဦး သေဆုံးပြီး ရပ်ကွက်(၁၁)ရှိ ပညာရေးကောလိပ်အနောက်ဘက်တွင် လက်နက်ကြီးတစ်လုံး ထပ်မံကျရာ ဒေသခံ ()ဦး သေဆုံးသွားသည်။ထို့အပြင် ရပ်ကွက် ()တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (တစ်ဦး သေဆုံးပြီး ထိုရပ်ကွက်အတွင်း အရပ်သား (၁၀)ဦးထိခိုက်ဒဏ်ရာရရှိသည်။လို့ TNLA က ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တပ်တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲတွင်းလက်နက်ကိုင်နှစ်ဖွဲ့စလုံးက ပစ်ခတ်တဲ့လက်နက်ကြီးတွေဟာ မြို့တွင်းရပ်ကွက်လူနေအိမ်နဲ့ဘာသာရေးကျောင်းတွေမှာ ကျပေါက်ကွဲတာဆက်တိုက်ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့်လားရှိုးမြို့ ပြည်သူတွေဟာ မြို့စွန့်ခွာထွက်ပြေးနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက တရုတ်ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်  ဖွဲ့အကြားအပစ်ရပ်ခဲ့ကြတာဖြစ်ပြီး  လနီးပါးအကြာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံး အပတ်ကနေစပြီး တိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီတကျော့ပြန်လာတဲ့ ၁၀၂၇ ဒုတိယလှိုင်းမှာ တအာင်းတပ်မတော် TNLA ကဦးဆောင်ပြီးတော့ NUG လက်အောက်ခံ ကာကယ်ရေးအဖွဲ့တွေနဲ့အတူ စစ်ဆင်ရေးတွေစတင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ  ရက်နေ့ကစလို့တော့ ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ်တွေဟာ လားရှိုးမြို့နဲ့ အနီးတစ်ဝှိုက်တွေမှာ တိုက်ပွဲစတင်လာတာဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်မြောက်ပိုင်း တကျော့ပြန်တိုက်ပွဲအခြေနေက ဘယ်လိုတွေဖြစ်လာနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်းက တာဝန်ရှိသူတစ်ယောက်ကတော့ သူ့ရဲ့အမြင်ကိုအခုလို ပြောပြပါတယ်။

လက်ရှိ ရှမ်းမြောက်တိုက်ပွဲက ပိုပြီးပြင်းထန်လာနိုင်တယ်လို့ တစ်ဦးတစ်ယောက်အနေနဲ့သုံးသပ်မိ ပါတယ်။ ပြီးခဲ့တဲ့ တရုတ်နဲ့စာချုပ်အရ  လလောက် ရှမ်းမြောက်မှာတိုက်ပွဲတွေငြိမ်သွားတယ်။ ဒါပေမဲ့ ၆လ အတော အတွင်း စစ်တပ်ဘက်က လေယာဥ◌်တွေလက်နက်ကြီးတွေနဲ့ ဗုံးကြဲတာမျိုးတွေရှိတယ် ဒါ့ကြောင့်   ပြည့်ခါနီးမှာပဲ ဒီဟိုင်ဂင်က အလုပ်ဆက်မဖြစ်တော့တဲ့သဘောမျိုးတွေ့ရတယ်။ ဒါ့ကြောင့် ရှမ်းမြောက် ကျန်နေတဲ့မြို့တွေမှာ တိုက်ပွဲတွေပိုပြီးပြန်ဖြစ်လာနိုင်ပါတယ်။
လို့ပြောပါတယ်။

လားရှိုးမြို့နဲ့အနီးတစ်ဝှိုက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ ကိုးကန့်တပ်ဘက်က တစ်စုံ တစ်ရာ ထုတ်ပြန်လာတာမရှိသေးသလို မြောက်ပိုင်းညီနောင်  ဖွဲ့လုံး ဒီစစ်ဆင်ရေးမှာပါဝင်နေလား ဆိုတာ လည်း KNG က အတည်မပြုနိုင်သေးပါဘူး။

တစ်ကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA ဦးဆောင်တဲ့ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ် နဲ့ သီပေါစတဲ့မြို့တွေက စစ်ကောင်စီရဲ့တပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပြီး မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာ စတဲ့ဒေသဘက်က သိမ်းပိုက်ရမိတဲ့စခန်းတွေပါပေါင်းရင်တော့ စခန်းပေါင်း ၄၀ ကျော်သိမ်းပိုက်ထားပြီလို့ တအာင်းတပ်မတော် TNLA က သတင်းထုတ်ပြန်ထားပါ တယ်။

By – အမိုး

Show More

Related Articles

Back to top button