Kachin News Group (KNG) ၏ PSHEA ကတိကဝတ်

ဘေးကင်းသော သတင်း မီဒီယာရပ်ဝန်း၊ ဘေးကင်းသော လူမှုအသိုင်းအဝိုင်း

KNG ၏ သတင်းမီဒီယာ ကျင့်ဝတ်သည် ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာနှင့် အပြန်အလှန်လေးစားမှု စသည့်တို့နှင့် အတူတကွ ရပ်တည်ပါသည်။ KNG အနေဖြင့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှု တို့နှင့် ပတ်သက်၍ လုံးဝ (လုံးဝ) လက်သင့်ခံမည် မဟုတ်သည့် (Zero-tolerance) မူဝါဒကို ကျင့်သုံးပါသည်။

မည်သူမဆို (KNG) ဝန်ထမ်းဖြစ်စေ၊ သတင်းမျှဝေသူအဖြစ် ပါဝင်ပတ်သက်သူ ဖြစ်စေ သို့မဟုတ် တနည်းတဖုံ သက်ဆိုင်သူဖြစ်စေ၊ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်ပတ်ဝန်းကျင် နှင့် ဘေးကင်းလုံခြုံ သည့် ရပ်ဝန်း ရရှိပိုင်ခွင့်ကို အပြည့်အဝ အကာအကွယ်ပေး ရပ်တည်ပါသည်။

တိုင်ကြားချက်များကို ကိုင်သွယ် ဖြေရှင်းသည့် လုပ်ဆောင်ချက်များ

တာဝန်ခံမှုရှိစေရန်အတွက် အောက်ပါ လုပ်ငန်းစဉ် (၃) ချက် ဖြင့် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်သည်။

၁။ ကနဦး သတင်းပေးပို့ တိုင်ကြားခြင်း (Whistleblowing)

ဂုဏ်သိက္ခာရှိသော လုပ်ငန်းခွင်ယဉ်ကျေးမှု ဖြစ်စေရန် တိုက်တွန်း လုပ်ဆောင်ပါသည်။ ဝန်ထမ်းများနှင့် ပြင်ပမိတ်ဖက်များ၊ သတင်းမျှဝေ ဖတ်ရှုနေသည့် မည်သူမဆို မှားယွင်းသော အပြုအမူများကို ကြောက်ရွံ့မှု မရှိဘဲ ပွင့်လင်းစွာ ဖော်ထုတ် ပြောဆိုနိုင်ပါသည်။ ကျင့်ဝတ်စည်းကမ်းများ သို့မဟုတ် PSHEA စံနှုန်းများကို ဖောက်ဖျက်မှုနှင့် ပတ်သက်၍ မှန်ကန်စွာ သတင်းပေးပို့သူများအပေါ် လက်စားချေခြင်း သို့မဟုတ် တုံ့ပြန်ထိခိုက်စေခြင်းများ လုံးဝ (လုံးဝ) မရှိစေရဟု ကျွန်ုပ်တို့ အာမခံပါသည်။

၂။ တိုက်ရိုက်တုံ့ပြန်ခြင်း (Direct Action)

မည်သူမဆို မိမိ လက်မခံနိုင်သည့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်၊ နှောက်ယှက် စော်ကားမှု အပြုအမူကို ကြုံတွေ့ပါက၊ ထိုသူအား သူ၏အပြုအမူသည် လက်မခံနိုင်သည့်အရာဖြစ်ပြီး ရပ်တန့်ရန် တိုက်ရိုက်အသိပေးပိုင်ခွင့် ရှိသည်။ KNG ဝန်ထမ်းများအနေဖြင့် ဤသို့ ပြောဆိုရာတွင် အဆင်ပြေချောမွေ့စေရန် PSHEA တာဝန်ခံ (သို့မဟုတ်) မိမိယုံကြည်ရသော လုပ်ဖော်ကိုင်ဖက်တစ်ဦးဉီး ၏ အကူအညီကို ရယူနိုင်သည်။

၃။ တိုင်ကြားချက်များကို ကိုင်တွယ်ခြင်း (Responsive Case Management)

ပြေလည်မှု မရရှိသည့် ဖြစ်စဉ်များ သို့မဟုတ် ပြင်းထန်သော ကျူးလွန်မှု များအတွက် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် လွှဲပြောင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ တိုင်ကြားချက်အားလုံးကို KNG ၏ PSHEA ဆိုင်ရာ တာဝန်ခံ (Focal Person) နှင့် ဖြစ်စဉ် ကိုင်တွယ်သည့် ကော်မတီ (Case Committee) တို့မှ စနစ်တကျ လျှို့ဝှက်စွာ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ပါသည်။ တိုင်ကြားသူ နှင့် အဖွဲ့အစည်း နှစ်ဖက်လုံး၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အမှုဖြစ်စဉ်တိုင်းကို သေချာစွာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။

Kachin News Group (KNG) သည် ကျွန်ုပ်တို့ တင်ဆက်သော သတင်း ဖြစ်ရပ်များ တွင်သာမက ကျွန်ုပ်တို့၏ အပြုအမူများ ဖြင့်သော်လည်းကောင်း အမှန်တရားဘက်မှ ခိုင်မာစွာ ရပ်တည်ပါသည်။ လူတိုင်းအတွက် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် နှောက်ယှက်စော်ကားမှု ကင်းစင်သော သတင်း မီဒီယာပတ်ဝန်းကျင်တစ်ခု ဖြစ်စေရန် ကတိပြုပါသည်။

တိုင်ကြားနိုင်သည့် နည်းလမ်း

မည်သည့် အရပ်ဒေသတွင်မဆို ကျွန်ုပ်တို့ KNG နှင့် သက်ဆိုင်သူ တစ်ဦးဦးထံမှ (သို့) တစ်ဉီးဉီးအား လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု အမြတ်ထုတ်မှုနှင့် အလွဲသုံးစားပြုမှု (သို့မဟုတ်) စော်ကားမှုများ ကြုံတွေ့ရပါက (သို့မဟုတ်) မြင်တွေ့ရပါက ချက်ချင်း ဆက်သွယ်တိုင်ကြား ရန်တိုက်တွန်းအပ်ပါသည်။

တရားဝင် တိုင်ကြားရန် လမ်းကြောင်း pshea@kachinnews.com

Back to top button