စက်သုံးဆီပြတ်လပ်
-
Jul- 2023 -14 Julyသတင်း
ဖားကန့်မှာ စက်သုံးဆီသယ်ယူခွင့် ပိတ်ထားသောကြောင့် ဆီပန့်ဆိုင်များဓာတ်ဆီပြတ်လပ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီတပ်က တစ်လနီးပါး ထပ်ပိတ်ထားတာကြောင့် လုံးခင်း၊ဆိုင်းတောင်တွေမှာရှိတဲ့ ဆီပန့်ဆိုင်ကြီးတွေဓာတ်ဆီပြတ်လပ်နေပြီး ဆိုင်ပိတ်ထားသူတွေများလာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးကတည်းက ဖားကန့်မြို့နယ်ထဲကို စက်သုံးဆီသယ်ယူခွင့်မကြာခနပိတ်ပင်လျက်ရှိပြီး ဒီတစ်ခေါက်မှာတော့ လွန်ခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းကပိတ်ထားခဲ့ရာကနေ တစ်လကျော်လာပြီဖြစ်တယ်လို့ ဖားကန့်မြို့ပေါ်က ဆီပန့်ဆိုင်ပိုင်ရှင်အမျိူးသမီးတစ်ဦးက အခုလိုပြောပါတယ်။ ”ဟုတ်တယ်လတ်တလောဓာတ်ဆီဆိုင်ကဘယ်လိုမှ မဖွင့်နိုင်သေးဘူး အခုဖွင့်တာလည်း ဒီဇယ်လက်ကျန်ရှိတော့ ဒီဇယ်လေးကိုပဲ…
Read More »