မြင်းမူတွင် လက်နက်အင်အားမရှိသည့် PDF စခန်းတစ်ခုဝင်စီးခံရပြီး ၈ ဦး ဖမ်းဆီး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့ နယ်တွင် လက်နက်အင်အားမရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကို စစ်ကောင်စီက အင်အား အလုံးအရင်းဖြင့် ဝင်စီးခဲ့သောကြောင့် PDF တပ်ဖွဲ့ ၈ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။ ​စစ်တပ်သတင်းပေး ဒလံများကြောင့် Black Eagle Defense Force အမည်ရှိ အဆိုပါစခန်းကို မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့စဉ် ပြန်လည်ခုခံရန် လက်နက်အင်အား မရှိသည့်အတွက်