ကချင် ပြည်သူများကို သွေးစုပ်နေသော တရုတ် သစ်သျှူး ငှက်ပျော အန္တရယ်

ဝိုင်းမော်မြို့နယ် ဦးလဆန်အောင်ဝါ ဌာနေပြည်သူ့စစ်ဒေသ နမ်ခေါင် ရွာသားများ၏ အခက်ခဲ ငိုကြွေးသံများကို ကျွန်တော်တို့ အနေဖြင့် ယခုနှစ်ဆန်း ကတည်းကပင် စတင်ကြားခဲ့ရပါသည်။ ထို့ကြောင့် မတ်လ ၇ ရက်နေ့တွင် ကျွန်တော်တို့ သတင်းသမားအချို့သည် ဂွေထုဒေသ နမ်ခေါင်ကျေးရွာကို ရောက်သွားခဲ့ပါသည်။ အကြောင်းတိုက်စွာဖြင့် ထိုနေ့တွင် စိတ်မကောင်းစရာ မြင်ကွင်းများကို တွေ့ခဲ့ရသည်။ အဖြစ်အပျက်မှာ ကျွန်တော်တို့အဖွဲ့ ရွာကိုရောက်ပြီး ခနအကြာ ရွာနဘေး မီးလောင်သံ စတင်ကြားရပြီး ကောင်းကင် တစ်ခုလုံး…