-
Jan- 2026 -23 Januaryသတင်း
ရွေးကောက်ပွဲနီးလာတဲ့အတွက် ရွှေကူမြို့ပြည်သူများ ကြိုတင်တိမ်းရှောင်သူတွေများလာ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့ထဲမှာ စစ်ကောင်စီတပ်က မကြာခင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာတဲ့အတွက် ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ကကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၃)မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်လည်းပါဝင်နေတဲ့အတွက် လတ်တလော စစ်တပ်ဘက်က မြို့တွင်းအဝင်၊အထွက်လုံခြုံရေးတင်းကြပ်ထားသလို မြို့ထဲရှိ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာအထိုင်ချပြီး ကင်းပုန်းဝပ်တာ၊ ကင်းပတ်တာ၊လုံခြုံရေးတိုးမြင့်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆိုပါတယ်။ ဒါကြောင့် မြို့ပေါ်နေ ပြည်သူတွေက ဇန်နဝါရီလဆန်းပိုင်းကနေ ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ရွှေကူမြို့ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မဲထည့်ဖို့ရက်ကကပ်လာတော့ လူတိုင်းခန့်မှန်းနေကြသာပေါ့ ရွှေကူလဲ ကသာလိုဟော့နေပီ။ ကသာ က ဥပမာပေါ့နော် ရွှေကူလည်း မဲ ၂၅ ရက်လို့ကြားထားသာဆိုတော့ အဲ့တာကြောင့်ရှောင်ကြတာဟုတ်တယ်”လို့ ပြောပါတယ်။ လတ်တလော မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့ဟာ ရွှေကူမြို့ရဲ့အနောက်ဘက်မှာရှိပြီး နယ်နမိတ်ချင်းထိစပ်ပြီး စစ်တပ်က ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာပဲ KIA နှင့် PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်း၊ ကာကင်းစခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့တာပါ။ ဒါကြောင့် ရွှေကူမြို့တွင်းနေထိုင်တဲ့ပြည်သူတွေကလည်း ကသာမြို့လိုဖြစ်လာမှာစိုးရိမ်တဲ့အတွက် ရွှေကူမြို့ပေါ်ရွေးကောက်ပွဲရက်နီးလာတာနဲ့အမျှ ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေကိုနေရာပြောင်းရွှေ့တာ၊ တစ်ချို့ မိသားစုအလိုက်ကြိုတင်တိမ်းရှောင်နေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။ “ကလေးငယ်တွေများတဲ့အိမ်တွေနဲ့အသက်ကြီးတဲ့သူရှိတဲ့အိမ်တွေအများပိုင်းရှောင်ကြတယ်။ တစ်ချို့ကတော့ အသင့်အနေထားပေါ့ ကသာလိုအားလုံးနီးပါးရှောင်ကြတာတော့ မဟုတ်ဘူး။ ဒီအပတ်ကတော့ ရှောင်တဲ့သူတွေပိုများလာတယ်”လို့ပြောပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ရွှေကူကာကွယ်ရေးတပ်ဘက်က စစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေကို ထိရောက်စွာအရေးယူမယ့်အကြောင်း ဒီဇင်ဘာလ (၂) ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ်ထဲမှာတော့ စစ်တပ်က ကျင်းပတဲ့ ရွှေးကောက်ပွဲ အပိုင်း (၁)မှာ မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး နဲ့ တနိုင်းမြို့ပေါ်တွေမှာ ကျင်းပခဲ့ကြပြီး၊ အပိုင်း (၂) ဝိုင်းမော်၊ မချမ်းဘော့၊ မိုးကောင်း နဲ့ အပိုင်း (၃)မှာ ဖားကန့်၊ ရွှေကူ၊ ဗန်းမော် တွေမှာ ကျင်းပဖို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ ပြည်နယ် ပါတီတွေအနေနဲ့တော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ –…
Read More » -
23 Januaryသတင်း
မြစ်ကြီးနားမြို့မှာ ကား၊ဆိုင်ကယ် အဖမ်းဆီးကြမ်းနေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ထဲမှာ ဒီရက်ပိုင်း ကား၊ဆိုင်ကယ် အဖမ်းဆီးကြမ်းနေတဲ့အတွက် ပြည်သူတွေ သွားလာရေးအခက်ခဲဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေပြောပါတယ်။ စစ်ကောင်စီတပ်လက်အောက် ရဲ၊ယာဉ်ထိန်းတို့ပူးပေါင်းပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး မြစ်ကြီးနားမြို့တွင်း ကား၊ဆိုင်ကယ် ဖမ်းဆီးမှု သိသိသာသာအရှိန်မြင့်လာတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဖမ်းတာတော့ နေ့တိုင်းဖမ်းတယ် ဒါပေမယ့် ဒီရက်ပိုင်းတော်တော်လေးပြန်ဖမ်းနေတယ်။ ကား ၊ ဆိုင်ကယ်တွေမှာ နံပါတ်ပြား ဦးထုပ်၊ ဘတ်မှန်၊ ခါးပတ်၊ ယာဉ်လိုင်စင်ဖမ်းတာဟုတ်တယ် တော်တော်ဖမ်းနေတယ်“လို့ ပြောပါတယ်။ ဆိုင်ကယ်ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ပြည်သူတစ်ဦး ပြောပြချက်အရ ဦးထုပ်၊ဘတ်မှန်၊နံပါတ်ပြား မပါတဲ့ ဆိုင်ကယ်တွေကို ဒဏ်ငွေ ၃ သောင်းဝန်းကျင်အထိ ဒဏ်ရိုက်ပြီး ပြန်လွတ်ပေးတာရှိပေမယ့် ကားတွေကိုတော့ လိုင်စင်မဲ့ကားဆို ပြန်လွတ်ပေးတာမရှိဘူးလို့ ပြောပါတယ်။ “ကျမတို့ ဆိုင်ကယ်တွေတော့ ဒဏ်ကြေးပေးပြီးပြန်လွတ်တယ် ဆိုင်ကယ်က လိုင်စင်မစစ်ဘူး ။ဒါပေမယ့် ကားတွေ ရုံးမှာလာရွေးပါပြောပြီး လိုင်စင်မပါတဲ့ဟာတွေ ပြန်မလွတ်ပေးတာလည်းရှိတယ်”လို့ မြစ်ကြီးနားမြို့နေ အမျိုးသမီးတစ်ဦးပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့လက်အောက် ယာဉ်ထိန်းရဲတွေဟာ ခုလိုမြစ်ကြီးနားမြို့တွင်း၊ ကား၊ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး မည်သည့်စီမံချက်နဲ့ဖမ်းဆီးနေလဲဆိုတာ တိတိကျကျပြောဆို၊ထုတ်ပြန်တာမျိုးမရှိပဲ ဖမ်းဆီးနေတဲ့အတွက် ပြည်သူတွေကြားဝေဖန်မှုမြင့်တက်နေပါတယ်။ အာဏသိမ်းစစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ အစည်းဝေးတစ်ခုမှာ စစ်ခေါင်းဆောင်က နိုင်ငံတဝန်း လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကြောင့် အခွန်အခနစ်နာနေကြောင်းနှင့် လုံခြုံရေးဆိုင်ရာ အခက်ခဲများလည်း ဖြစ်ပေါ်လာတဲ့အတွက် ကြပ်မတ်ကြဖို့ ညွန်ကြားခဲ့ပြီးနောက် ကချင်ဒေသမှာလည်း ၂၀၂၅ ခုနှစ် ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်မဲ့ ကား၊ဆိုင်ကယ်ဖမ်းဆီးတာတွေ စတင်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းဖမ်းဆီးမှုတာဟာ ဆိုင်ကယ်ဆို ဦးထုပ်၊နံပါတ်ပြား၊ဘတ်မှန်သာ စစ်ပြီး လိုင်စင်စစ်တာမျိုးမရှိပေမယ့် ကားဆိုရင် လိုင်စင်အဓိကစစ်နေတယ်လို့သိရပါတယ်။ စစ်တပ်အာဏာမသိမ်းမှီ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ ၂၆ ရက်နေ့ ပြဌာန်းလိုက်တဲ့ “ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ”ပုဒ်မ ၈၅ (က)မှာဖော်ပြထားချက်အရ လိုင်စင်မဲ့ ကားမောင်းတယ်ဆိုရင် ၃ နှစ်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။ ဒါပေမယ့် အဲဒီထဲမှာငွေဒဏ်ကို တိတိကျကျဖော်ပြထားခြင်းမရှိတဲ့အတွက် ငွေကျပ်သိန်းပေါင်းများစွာ ဒဏ်ရိုက်လို့ရသလို နောက်တစ်ချက်က အဲဒီပုဒ်မ ပြစ်မှုကျူးလွန်မှုကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ပုဒ်မအဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဆိုလိုချင်တာကတော့ Without မော်တော်ယာဉ်မောင်းတာကို မိတာနဲ့ရဲကဖမ်းပြီး ချက်ချင်းအချုပ်ထဲထည့်ထားရုံမကပဲ ထောင် ၃ နှစ်၊အကန့်သတ်မဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေမျိုးဖြစ်ပါတယ်။ ဒီဥပဒေကို ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ပြဌာန်းခဲ့တဲ့ မော်တော်ယာဉ်ဥပဒေကို အစားထိုးလိုက်တာလည်းဖြစ်ပါတယ်။ ဒီဥပဒေအရလို့ဆိုကာ စစ်ကောင်စီရဲ့ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ လိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးခဲ့ရာ မန်းလေး၊စစ်ကိုင်း၊နေပြည်တော်နဲ့ရှမ်းဒေသတွေမှာ အများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်ဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသတွင်း စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲကြောင့် တိုက်ပွဲနယ်မြေက ပြည်သူတွေဟာ ဘေးလွှတ်ရာတိမ်းရှောင်နေကြရင်း မြို့ပေါ်မှာလည်း စစ်ရှောင်တွေအများအပြား ခိုလှုံနေကြတာဖြစ်ပါတယ်။ စစ်ဘေး၊ရေဘေးအမျိုးမျိုးကြုံတွေ့နေရတဲ့ဒေသတွေမှာ ယခုလို လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခြင်းက ပြည်သူတွေကို ပိုခက်ခဲကြပ်တည်းသွားစေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ ဒီနေ့မှာတော့ မြစ်ကြီးနားမြို့ ဆေးရုံကြီးရှေ့၊ ယာဉ်ထိန်းရုံးရှေ့၊ စီတာပူ တံတား၊ မနော့ကွင်း၊ ဈေးဒေါင့်၊ မြို့သစ်ကြီး ၊ ကျွန်းပင်သာ မီးပွိုင့်၊ အောင်နန်းရပ်ကွက်က ဆီဆိုင်နားအနီးတစ်ဝိုက် အဖမ်းဆီးကြမ်းနေတယ်လို့ မြစ်ကြီးနားမြို့ပြည်သူတွေပြောပါတယ်။ By – Zami
Read More » -
23 Januaryသတင်း
မော်လူးမြို့ပကဖရုံး ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး
ကချင်ပြည်နယ်နဲ့ကပ်လျှက်မှာတည်ရှိတဲ့ မော်လူးမြို့၊ မာန်ဟဲကျေးရွာက ပကဖရုံး စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မော်လူးဒေသခံတစ်ဦးက အတည်ပြုပါတယ်။ “မနေ့ညက…
Read More » -
23 Januaryသတင်း
ကောင်ဂျာလေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်၊ သေဆုံးသူ ၅၀ ခန့်ရှိတယ်လို့ KIO ပြော
ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန် စစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ထိခိုက် သေဆုံးသူ စုစုပေါင်း ၅၀ ဝန်းကျင်ခန့်ရှိလာပြီလို့ KIO ပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်း ၄…
Read More » -
22 Januaryသတင်း
မချမ်းဘောမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ဆို
ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့KIA ပူးပေါင်းတပ်တွေကြားနှစ်ဖက် စစ်ရေးတင်းမာနေတဲ့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေ ပြောပါတယ်။ မချမ်းဘောမြို့နယ်အရှေ့ဘက် ထန်းဂါးကျေးရွာနဲ့အင်ခါဂါးကျေးရွာဘက်မှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့အပတ်ကနေစပြီး စစ်ကြောင်းထိုးနေတာကြောင့် လက်ရှိနှစ်ဖက်စစ်ဆိုင်ထားတဲ့အခြေအနေမှာရှိနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ “အဲ့ဘက်က စစ်ရေးတော်တော်လေးတင်းမှာနေတယ်ဗျ အချိန်မရွေးတိုက်ပွဲကဖြစ်နိုင်တယ် စကမ(စစ်ကော်မရှင်တပ်)တွေက ဒီဘက်ကိုစစ်ကြောင်းဝင်နေတာ”လို့သူကပြောပါတယ်။ စစ်ကောင်ဟာ ဇန်နဝါရီ ၁၅ ရက်နေ့နောက်ပိုင်းကစပြီး ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကနေတဆင့်မချမ်းဘောမြို့အထိုင်တပ်ထဲကို စစ်သည်နဲ့လက်နက်ခဲယမ်းတွေပို့ဆောင်ထားပြီးအဲ့ကနေတဆင့် ထန်ဂါးနဲ့ အင်ခါဂါးဘက်ကိုစစ်ကြောင်းထိုးနေတာလို့ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “မနက်ကလည်းပူတာအိုဘက်ကနေ ကားနှစ်စီးအပြည့်နဲ့ရောက်လာတယ် လက်နက်ခဲယမ်းတော့မပါဘူးစစ်သားတော့အပြည့်ပါတယ် မချမ်းဘော့ကနေတဆင့်အင်ခါဂါးဘက်ကိုလှုပ်ရှားနေတာ တစ်ပတ်ကျော်ကျော်ရှိပြီ”လို့ဒေသခံတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ပူတာအို မချမ်းဘောလမ်းပိုင်းမှာရှိတဲ့ ထန်ဂါကျေးရွာဘက်ကိုကုန်ကြောင်းကနေ စစ်ရေးလှုပ်ရှားလာတာရှိသလို အင်ခါဂါးအောက်ဘက်ကိုမလိခမြစ်နဲ့ ရေကြောင်းသုံးစစ်ရေးလှုပ်ရှားတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ ထန်ဂါးနဲ့အင်ခါဂါးဘက်အခုလိုစစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားမှုခပ်စိပ်စိပ်ရှိနေတာကြောင့် ဒေသခံတွေတိုက်ပွဲဖြစ်လာမှာကိုလည်းစိုးရိမ်နေရကြောင်းသိရပါတယ်။ “အခုသူတို့စစ်ရေးလှုပ်ရှားတဲ့ဟာကရွာနဲ့တော့နည်းနည်းဝေးတယ် ကျနော်တို့(KIA)ဘက်ကလည်းရွာတွေနဲ့ဝေးနိုင်သလောက်တော့ရှာင်ပါတယ်”လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့အပတ်က အင်ခါဂါးကျေးရွာအနီးထိတွေ့တိုက်ပွဲ ဖြစ်ပြီးနောက်အခုလိုစစ်ရေးလှုပ်ရှားမှုအရှိိန်အဟုန်မြင့်လုပ်ဆောင်နေတာလို့သိရပါတယ်။ နောင်မွန်–ပူတာအို လမ်းပိုင်းမှာရှိတဲ့ ထန်ဂါးကျေးရွာအနီးမှာ ၂၀၂၅ခုနှစ် စက်တင်ဘာလ တုန်းက နှစ်ထက်ထိတွေ့တိုက်ပွဲဖြစ်ပြီးကတည်းကနေ လက်ရှိအအချိန်ထိနှစ်ဖက်စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာလက်ရှိထန်ဂါးကျေးအနီးတစ်ဝိုက်ယာယီတပ်စွဲတာတွေရှိနေသလို ကျေးရွာချင်းဆက်လမ်းပိုင်းအချို့ကိုလည်းပိတ်ထားတာကြောင့်ဒေသခံတွေသွားရေးလာရေးခက်ခဲနေတယ်လို့လည်းသိရပါတယ်။ လက်ရှိစစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့ ထန်ဂါးကျေးရွာဟာ ပူတာအို နောင်မွန်လမ်းပိုင်းမှာရှိပြီး ပူတာအိုမြို့နယ်ထဲဝင်ရောက်နိုင်တဲ့လမ်းကြောင်းလည်းဖြစ်ပါတယ်။ အလားတူ မနေ့ကဇန်နဝါရီ ၂၁ ရက်နေ့ည ၉ နာရီ အချိန်မှာလည်း ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းရှိ လုံရှာယာန်မှာတပ်စွဲထားတဲ့စခန်းကုန်းအတွင်းစစ်ကောင်စီတပ်သားတွေအချင်းချင်းပစ်မှုဖြစ်ပွားခဲ့ပြီး စခန်းမှူးဖြစ်သူသေဆုံးခဲ့တယ်လို့သိရပါတယ်။ မနေ့ကအချင်းချင်းပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီ စစ်သား တွေက လုံရှာယာန်စခန်းကုန်းကနေ လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့်ဒေသခံတွေအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ မချမ်းဘောအရှေ့ဘက်ကိုအခုလိုအင်အားသုံးစစ်ရေးလှုပ်ရှားနေသလို ခေါင်လန်ဖူးဘက်ကိုလည်း ပူတာအိုကနေတဆင့်လေကြောင်းနဲ့လက်နက်ခဲယမ်း၊စစ်သည်အင်အားတွေကိုပြီးခဲ့တဲ့ ဇန်နဝါရီလ ဆန်းပိုင်းကတည်းကနေလုပ်ဆောင်နေတာလို့သိရပါတယ်။ ပူတာအိုဘက်ကနေလေကြောင်းနဲ့ပို့ဆောင်ထားတဲ့ လက်နက်ခဲယမ်းနဲ့စစ်သည်အင်အားတွေကိုခေါင်လန်ဖူး လာဟီဆင်လမ်းပိုင်းရှိ စခန်းတွေမှာဆိုင်ကယ် ကယ်ရီနဲ့ပို့ဆောင်ပြီး စစ်ရေးပြင်ဆင်နေတယ်လို့သိရပါတယ်။ By – Zaw Zaw
Read More » -
21 Januaryသတင်း
တိုက်ပွဲဖြစ်နေတဲ့ကသာမှာ ကျောင်းပြန်ဖွင့်နေ
စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ ကျောင်းတွေပြန်ဖွင့်နေပြီ လို့ ကသာမြို့ခံတွေဆီကသိရပါတယ်။ စစ်ကော်မရှင်က ကျောင်းသား/သူ နဲ့ Non-CDM ဆရာ/မ စုစုပေါင်း ၄၀၀ ကျော်ကို ကသာမြို့ကိုဝင်ရောက်စေပြီး ဇန်နဝါရီလ ၂၅ ရက်နေ့မှာ…
Read More » -
21 Januaryသတင်း
ပူတာအိုမှာ မီတာယူနစ်အဆမတန်မြင့်တက်လာတယ်လို့ ဒေသခံတွေပြော
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ယခုလအတွင်းလျှပ်စစ်အသုံးပြုတဲ့မီတာယူနစ်တွေအဆမတန်မြင့်တက်သွားတာကြောင့် မီတာခတွေလည်းပုံမှန်ထက်ပိုပေးဆောင်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ ပေါ် ရပ်ကွက်အိမ်ခြေထက်ဝက်နီးပါးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအသုံးပြုခဲ့တဲ့ လျှပ်စစ်မီတာယူနစ်တွေဟာ ပုံမှန်ထက်အဆမတန်မြင့်တက်သွားတယ်လို့ ပူတာအိုမြို့ ခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “တစ်ခါမှဒီလိုမတက်ဖူးဘူး အရင်ကတစ်ခါတလေထိုးတက်တာတော့ရှိတယ် အလွန်ဆုံးတက်ရင် ငါးထောင်၊ ခြောက်ထောင်ပဲလေးဒီလကတော့ဘယ်လိုဖြစ်သလဲမသိဘူး ၂၂၅၀၀ (နှစ်သောင်းနှစ်ထောင့်ငါးရာ)တဲ့အိမ်သုံးနော်။ ဒါတောင် လုပ်ငန်းသုံးမဟုတ်ဘူး”လို့အသက် ၄၀ ကျော်အရွယ် ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ပုံမှန်လတွေဆို တစ်လကိုပုံမှန်အသုံးပြုနေတဲ့ မီတာယူနစ် ၆၀၊ ၇၀ ဝန်းကျင်ရှိရာကနေ ဒီတစ်လမှာတော့ ယူနစ် ၄၀၀ အထိခုန်တက်သွားတဲ့အတွက် ဘေလ်ဆောင်ခတွေလည်း အဆမတန်ပေးဆောင်ရကြောင်းဒေသခံတွေကဆိုပါတယ်။ “မီတာက တစ်ယူနစ်ကို ၅၀ ပဲ ခါတိုင်းတစ်လကို ယူနစ်ခြောက်တယ် ၇၀ လောက်ပဲသုံးတယ် တစ်ယူနစ်ငါးဆယ်ဆိုတော့ပုံမှန်အရင်က တစ်လကို ၃၀၀၀(သုံးထောင်) ကျော် ၄၀၀၀(လေးထောင်) အထိပဲ ဘေလ်ဆောင်ရတာအခုယူနစ်တက်တော့ နှစ်သောင်းကျော်ဆောင်ရတယ်လေး”လို့ သူကဆက်ပြောပါတယ်။ အလားတူနောက်ထပ် လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသမီးတစ်ဦးကလည်းအခုလိုပြောပါတယ်။ “ကျွန်မတို့လည်းဒီလမီတာအရမ်းတက်သွားတယ်ခါတိုင်းဆို ၇၀၀(ခုနှစ်ရာ)အများဆုံး ၁၀၀၀(ကျပ်တစ်ထောင်) ကျော်ကျော်ပဲကျတယ် ဒီလက ၉၀၀၀(ကျပ်ကိုးထောင်) ကျော်တယ် မီတာခက သွားဆောင်လိုက်တယ် သူများလည်းအများကြီးတက်တယ်တဲ့ တခုခုမှားတာလား တမင်သက်သက်နဲ့စျေးတက်ခိုင်းတာလားမသိဘူး”လို့သူကပြောပါတယ်။ ပူတာအိုမှာတော့ မြို့နယ်EPC က လျှပ်စစ်မီတာအသုံးပြုခ တစ်ယူနစ်ကို ကျပ် ၅၀ နှုန်းနဲ့ကောက်ခံတာဖြစ်ပါတယ်။ ဒေသခံတွေပြောပြချက်အရ ပုံမှန်တစ်လကို ယူနစ် ၆၀၊ ၇၀ လောက်သာအသုံးပြုနေတဲ့အိမ်သုံးမီတာယူနစ်တွေဟာဒီလထဲ ယူနစ် ၃၀၀၊ ၄၀၀ လောက်အထိကုန်တက်သွားတာမျိုးတွေဖြစ်နေတယ်လို့ဆိုပါတယ်။ KNG သတင်းဌာနရဲ့ဆက်သွယ်စုံစမ်းချက်အရ မြို့ပေါ်က အိမ်ခြေ ထက်ဝက်နီးပါးမှာအခုလိုမီတာတွေထိုးတက်ခဲ့ပြီး တစ်ချို့အိမ်ခြေတွေကတော့ ပုံမှန်ကျသင့်တဲ့မီတာနှုန်းအတိုင်းပဲလို့သိရပါတယ်။ အခုလိုဖြစ်တာဟာ မီးတာခစျေးတက်ထားတာမဟုတ်ပဲ မီးတာဖတ်တဲ့လျှပ်စစ်ဝန်ထမ်းတွေမှားယွင်းမှုကြောင့်ဖြစ်နိုင်သလို မီတာဘောက်တွေချို့ယွင်းတာကြောင့်လည်းဖြစ်နိုင်တယ်လို့ ပူတာအိုမြို့ EPC ရုံးမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ “တခါတလေတော့ဖြစ်တတ်တယ်အရင်လည်းဖြစ်ဖူးတယ်ဗျဒါပေမယ့်ဒီလောက်တော့မများဘူး ဒီတခါကတော့ပိုဆိုးသွားတာပေါ့မီတာသွားဖတ်တဲ့ကလေးတွေပဲမှားတာလား မီတာဘောက်တခုခုများဖြစ်တာလားကျနော်တို့လည်းမသိရသေးဘူး”လို့သူကပြောပါတယ်။ အခုလိုမီးတာခနှုန်းတွေထိုးတက်တာဟာ ရပ်ကွက်တခုထဲမှာပဲကွက်ပြီးဖြစ်တာမဟုတ်ပဲ အရပ်အကွက်အများစုမှာ နေရာကွက်ကျားဖြစ်တာလို့သိရပါတယ်။ ပူတာအိုမှာပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မှီကနေတစ်နှစ်ပတ်လုံးနီးပါး နှစ်ခြားတစ်ကြိမ်၊တစ်ခါတစ်ရံသုံးရက်ကြားတစ်ကြိမ်သာလျှပ်စစ်မီးပေးပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကနေတော့ နေ့စဥ် တရက်ကိုနာရီအပိုင်းအခြားနဲ့ပုံမှန်မီးပေးလာတယ်လို့သိရပါတယ်။ “စက်တင်ဘာလလောက်ကထင်တယ်မီးမှန်လာတာ အဲ့မတိုင်ခင်အထိတော့ တစ်ခါတလေဆိုတစ်ပတ်ကိုတစ်ခါပဲမီးလာတယ်တစ်ခါတလေတော့နှစ်ခြားလောက်တစ်ခါပေးတယ် စက်တင်ဘာနောက်ပိုင်းကနေတော့လာတယ်မီးက နေ့တိုင်းပေးမယ် ရီပိုင်းနဲ့ပေါ့ ၂၄ နာရီလုံးလုံးတော့မလာဘူး ဒါပေမယ့်အခုရက်ပိုင်းမီးကပြန်မမှန်လာတော့ဘူး”လို့ဒေသခံတစ်ဦးကပြောပါတယ်။ ၂၀၂၅ ခုနှစ်စက်တင်ဘာလလောက်ကနေ ပုံမှန်နီးပါးလျှပ်စစ်မီးပေးနေပမယ့် ဒီတစ်ပတ်အတွင်းကနေတော့ တစ်ရက်ကို ည ၉ နာရီလောက်ကနေမနက် ၅နာရီအထိ သာမီးလာတယ်လို့ဒေသခံတွေကဆိုပါတယ်။ ပူတာအိုနဲ့မြို့တော်မြစ်ကြီးနားအပါအဝင် ကချင် ပြည်နယ်တစ်ဝှမ်း စစ်အာဏာသိမ်းနောက်ပိုင်းကနေတော့ လျှပ်စစ်မီးတွေယခင်လို ဖိုဖိုလုံလုံမရတော့တာ ၅ နှစ်ကျော်လာဖြစ်ပါတယ်။…
Read More » -
21 Januaryသတင်း
ဝိုင်းမော်မှာ ၃ ပတ်အတွင်း မူးယစ်ဆေးရှော့စ်ကြောင့် အမျိုးသား ၄ ဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ၃ ပတ်အတွင်း မူးယစ်ဆေးသုံးစွဲပြီးရှော့ဖြစ်လို့ သေဆုံးသူအမျိုးသား ၄ ဦးထိရှိခဲ့တယ်လို့ ဝိုင်းမော်မြို့အခြေစိုက်မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဒီသေဆုံးမှု အားလုံးဟာ ဒီနှစ် ၂၀၂၆ ဇန်နဝါရီအတွင်းမှာဘဲ ဖြစ်ခဲ့တာလို့ သိရပြီး သေဆုံးသူ အမျိုးသားအားလုံး…
Read More » -
21 Januaryသတင်း
ဂွေထူပါ ပြည်သူ့စစ်ခေါင်းဆောင်သစ်ဖြစ်လာတဲ့ ဦးမဂျီနော်လီ ဒေသတွင်း ဘာတွေလုပ်နေလဲ။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ဂွေထူဌာနေပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာတဲ့ ဦးမဂျီမနော်လီက အာဏာရယူပြီးနောက် ဒေသအတွင်း မြေယာသိမ်းယူမှုအပြင် လောင်းကစားဝိုင်းများဖွင့်လှစ်ပြီး ဝင်ငွေရှာတဲ့လမ်းကြောင်းကို ပိုပြီးတိုးချဲ့လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဂွေထူပြည်သူ့စစ်ခေါင်းဆောင်နေရာအတွက် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ဦးမဂျီနော်လီ ပြန်လွတ်မြောက်လာတဲ့နောက်ပိုင်းမှာ ဂွေထုပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။ ဦးမဂျီနော်လီဟာ…
Read More » -
21 Januaryသတင်း
စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် နန်းမားမြို့အနီးဝန်းကျင် ကျေးရွာတစ်ချို့စတင်တိမ်းရှောင်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့အနီး စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူတွေစတင်တိမ်းရှောင်နေကြပြီလို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၁၉ ရက်ည တစ်ကြိမ်၊ ဇန်နဝါရီ၂၀ ရက်နေ့လည် ၁၂ နာရီတစ်ကြိမ် နန်းမားမြို့ လက်ပံတန်းဘက်ကို Y8 လေယာဉ်တစ်စီးပ်ဗုံးကြဲသွားတယ်လို့ နန်းမားဒေသခံတွေဆိုပါတယ်။ ဒါကြောင့် လက်ပံတန်း၊ဘုရားကြီးကွင်းကျေးရွာနေ ပြည်သူတစ်ချို့မိုးညှင်းမြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်လို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မြို့ပေါ်ကြဲတာမဟုတ်ဘူး မနေ့က ဟိုပင်နန့်ရင်းဖက်လည်းလာကြဲတယ် ဟိုပင်ပြီးတော့ မိုးညှင်းအနီးက နန်းမားလက်ပံတန်းဖက်လည်းလာကြဲလို့ အဲနီးကလူတွေကတော့ ထိတ်လန့်နေကြတယ်။ တစ်ချို့က ဒီမိုးညှင်းမြို့ထဲ စပြီးရှောင်လာကြပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် မနေ့ ညနေ ၃ နာရီဝန်းကျင်အထိ စစ်တပ်ရဲ့ Y8 လေယာဉ်တစ်စီးဟာ မိုးညှင်းမြို့အနီးဆက်ပျံဝဲခဲ့တဲ့အတွက် မိုးညှင်းမြို့ပေါ်နေပြည်သူတွေလည်း စိုးရိမ်နေကြတယ်လို့ သူကဆက်ပြောပါတယ်။ နန်းမားမြို့နယ် လက်ပံတန်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလမှာလည်း စစ်တပ်အင်အား ၂၀၀ ဝန်းကျင် ရွာအတွင်းဝင်ရောက်တပ်စွဲနေထိုင်နေမှုကြောင့် လက်ပံတန်းကျေးရွာနှင့်ကြာကြီးကွင်းကျေးရွာဒေသခံများ ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒေသခံများနေရပ်ပြန်ပြီးနေထိုင်ခဲ့ကြပေမယ့် မကြာခနဆိုသလို နန်းမားမြို့အနီးဝန်းကျင် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေစိုးရိမ်ထိတ်လန့်စွာနေထိုင်ကြရတာဖြစ်ပါတယ်။ “နေလို့အဆင်မပြေတော့ဘူး ခနနပစ်ကြ ခတ်ကြတာလေ ဟိုတစ်ခါလည်း ရဲစခန်းလာပစ်တယ်။ ပြီးတော့ မနေ့ကလည်း ရွာအနီးတစ်လုံးလာကျတယ်။ ထိခိုက်တာတော့မသိရဘူး ခုတစ်ချို့က ရှောင်နေကြပြီ”လို့…
Read More »









