Month: May 2019
-
May- 2019 -30 Mayသတင်း
ဖားကန့်ဝှေခါကျေးရွာဒေသခံများဆန္ဒပြမှုပေါ် ကုမ္ပဏီဘက်မှ လုပ်ဆောင်ပေးခြင်းအား အားရမှု မရှိသေးဟုဆို
ဖားကန့်၊ ဝှေခါကျေးရွာ ရပ်ကွက် ၆ မြေစာပုံပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်များကို ကုမ္ပဏီများက လျော်ကြေးပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ လုပ်ဆောင်နေမှုပေါ် ကျေနပ် အားရမှုမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၅ ရက်နေ့ ဝှေခါအုပ်ချုပ်ရေးမှူးများနှင့် ကုမ္ပဏီ ၃…
Read More » -
27 Mayသတင်း
ဝိုင်းမော်အရှေ့ဘက် သစ်သျှူးငှက်ပျောခြံမှ တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို ထပ်မံ ဖမ်းဆီး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အရှေ့ဘက်ခြမ်း သစ်သျှူးငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသား ၄ ဦးကို မြို့နယ် သက်ဆိုင်ရာက မေလ ၂၅ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးအရေးယူမှု ပြုလုပ်ထားတယ်လို့ သိရပါသည်။ ဝိုင်းမော်မြို့နယ် နန့်ဝါကြိုးဝိုင်းတွင်း တရားမဝင်တစ်သျှူးငှက်ပျောလုပ်ကိုင်နေသူ…
Read More » -
27 Mayသတင်း
ဒူးလေးပါတီ တောင်းဆိုချက်ကို KIO/KIA လိုက်လျောခဲ့သဖြင့် ဆန္ဒပြပွဲ ယာယီဆိုင်းငံ့
လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) က မေလ ၂၇ရက်နေ့ ဆန္ဒဖော်ထုတ်ရန် ထုတ်ပြန်ကြေညာထားသော်လည်း ၄င်းတို့၏ တောင်းဆိုချက် ၄ ချက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ဘက်မှ လိုက်လျောပေးခဲ့မှုကြောင့် ဆန္ဒပြပွဲကို ယာယီရပ်ဆိုင်းငံ့ထားသည်ဟု ပြောပါသည်။ လွန်ခဲ့သည့် မတ်လ…
Read More » -
25 Mayသတင်း
ဖားကန့် ဝှေခါကျေးရွာ ဆန္ဒပြမှု ကုမ္ပဏီနှင့် ဒေသခံများ ပြေလည်မှုရရှိ
ဖားကန့် ဆိပ်မူအုပ်စု ဝှေခါကျေးရွာ ရပ်ကွက် ၆ တွင် လမ်းပိတ်ဆန္ဒပြခဲ့မှုနှင့်ပတ်သက်ပြီး ကုမ္ပဏီများမှ ဒေသခံများ၏ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်လုပ်ဆောင်ပေးရန် ယနေ့ မနက်ပိုင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ညှိ့နှိုင်း ပြေလည်မှု ရရှိပြီ ဖြစ်ကြောင်း သိရပါသည်။…
Read More » -
24 Mayသတင်း
ကချင်စစ်ရှောင်ကူညီရေးအဖွဲ့ KHCC နှင့် အစိုးရတို့ ဆွေးနွေးမှု အချက် ၄ ချက်သဘောတူ
ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေး ပြန်လည်နေရာချထားရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ယနေ့ ကချင်ပြည်နယ်အစိုးရရုံးတွင် ဆွေးနွေးခဲ့ရာ အချက် ၄ ချက် အောင်မြင်စွာ ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စု လူမူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးထံမှ သိရသည်။…
Read More » -
23 Mayသတင်း
ဖားကန့် ဝှေခါချောင်းနုံးမြေ ရှင်းလင်းပေးရေး ဒေသခံများ တောင်းဆို
ဖားကန့်မြို့နယ် ဝှေခါချောင်းတွင် ယမန်နှစ်ထက် နုံးမြေ ၆ပေခန့်မြင့်တက်လာသည့် အတွက် ဒေသခံများ စိုးရိမ်နေကြပြီး ချောင်းရှင်းလင်းရေးလုပ်ဆောင်ရန် ရပ်ကျေးအုပ်ချုပ်ရေးသို့ အကူညီတောင်းခံသော်လည်း ထူးခြားမူ ရှိမလာသည့်အတွက် သက်ဆိုင်ရာ အစိုးရဌာနအဆင့်ဆင့် စာတင်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဝှေခါချောင်းအတွင်းရှိ နုံးမြေသည်…
Read More » -
23 Mayသတင်း
ကုမ္ပဏီမြေစာကြောင့် လူနေအိမ် ပြိုကျလာမှုကို ဖြေရှင်းပေးရန် သပိတ်စခန်းဖွင့် တောင်းဆို
ဖားကန့် ဆိပ်မူအုပ်စု ဝှေခါ ကျေးရွာ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၏ ရွာအနီးတဝိုက် မြေစာ အမြင့်ပုံချမှုကြောင့် လူနေအိမ်များပြိုကျလာမှုကို ဖြေရှင်းပေးရန် ဒေသခံပြည်သူများ လမ်းပိတ် သပိတ်စခန်းဖွင့်ကာ ဆန္ဒပြ တောင်းဆိုနေကြောင်း သိရသည်။ အဆိုပါရပ်ကွက် ၆ တွင်…
Read More » -
23 Mayသတင်း
ဝိုင်းမော် ခတ်ချိုစစ်ရှောင်စခန်းတွင် စာပေဟောပြောပွဲ ကျင်းပ
ကချင်ပြည်နယ်အစိုးရ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်လည်ဖြေကြားရေးဌာန နှင့် ကချင်ပြည်နယ်စာတိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ခတ်ချိုစစ်ရှောင်စခန်း နှင့် မခန္ဓီးကျေးရွာတို့တွင် စာပေဟောပြောပွဲ ကျင်းပခဲ့ကြကြောင်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများထံမှ သိရသည်။ “အဓိက စစ်ရှောင်တွေအတွက် စိတ်ဓါတ်ခွန်အားရရှိဖို့ဖြစ်တယ်။ ပြီးတော့ စာပေကနေရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီး ဗဟုသုတ…
Read More » -
19 Mayသတင်း
ဒုတိယအကြိမ် ကချင်ကျောက်မျက်ရတနာအရောင်းပြပွဲ ပထမအကြိမ်ထက် ပိုပိုအောင်မြင်
ဒုတိယအကြိမ် ကချင်ပြည်နယ် ကျောက်မျက်ရတနာအရောင်းပြပွဲမှာ ပထမအကြိမ်ထက် ၅ဆခန့် ပိုမို ရောင်းချနိုင်ခဲ့ကြောင်း ကချင် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း ထံမှသိရသည်။ မေလ ၁၄ မှ ၁၈ ရက်နေ့ထိ ပြုလုပ်ခဲ့သော အဆိုပါ ကျောက်စိမ်းအရောင်းပြပွဲတွင် ကျောက်စိမ်းတွဲပေါင်း ၄၉၂တွဲပြသခဲ့ရာ…
Read More » -
19 Mayသတင်း
ဝိုင်းမော် အောင်မြေ ၂ ကျေးရွာရှိ တစ်သျှူးငှက်ပျောစိုက်ပျိုးရေး ကုမ္ပဏီ တာဝန်ရှိသူနဲ့ တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးအရေးယူထား
ဝိုင်းမော်မြို့နယ် အောင်မြင် ၂ ကျေးရွာတွင် တစ်သျှူးငှက်ပျောစိုက်ရန် မြေဧက အသစ်ပြန်လည်ဖော်ထုတ်လာသည့် ဂျိန်းဖေါ့နဒီ ကုမ္မဏီမှ တာဝန်ရှိသည့် မန်နေဂျာအပါအဝင် တရုတ်နိုင်ငံသား ၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း အောင်မြင် ၂ ကျေးရွာအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများထံမှ သိရသည်။…
Read More »