သတင်း

ဖားကန့် မူရင်းဌာနေသားများ ‘၎င်းတို့ရှိနေသေးကြောင်း’ သိစေလို

စက်ယန္တရားကြီးများဖြင့် အတိုင်းထက်အလွန် ကျောက်စိမ်းတူးဖော်ခြင်းနှင့် ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမား လူဦးရေ ကြီးစိုးခြင်းခံနေရသော ဖားကန့်ဒေသ မူရင်းဌာနေ ကချင်လူမျိုးများ က၎င်းတို့ရှိနေသေးကြောင်းသိစေလိုသည်ဟု ဆိုပါသည်။

ထို့ကြောင့် ယခင် ‘Mungnawk Hkawng Uru Ga (မုန်နောက်ခေါင်ဥရုဒေသ)’ ဟု ခေါ်ဆိုသော ယခု ဖားကန့်ဒေသ မူရင်းဌာနေတိုင်းရင်းသားများ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့  Mungnawk Hkawng Uru Rudi Ruhpang Hpung (မုန်နောက်ခေါင်ဥရုဌာနေပြည်သူများအဖွဲ့) က ဦးဆောင်ပြီး ပထမဆုံး အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ (International Day of the World’s Indigenous People)ကို ဖားကန့်၊ မှော်ဝမ်း လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် သြဂုတ်လ (၉)နေ့ ကျင်းပပြုလုပ်ခဲ့သည်။

ဖားကန့်သို့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အချိန်ကာလ အတန်ကြာ အခြေချနေထိုင်လာကြသောကြောင့် ဒေသခံဖြစ်လာသူများကိုနဂိုမူရင်း ဌာနေရင်းသားများ ရှိနေသေးကြောင်းသိရှိစေလိုသောကြောင့် ယခုလို အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားများနေ့ စီစဉ်ကျင်းပရခြင်း ဖြစ်သည်ဟု အစီစဉ်ဦးဆောင်သူ ဖားကန့်ဌာနေသား ဆရာ Lamawng La Tawng က ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။

အဓိကတော့ အခုနောက်ပိုင်းမှ ရွှေ့ပြောင်းအလုပ်သမားတွေကို ကျနော်တို့ နဂိုမူလဌာနေသားတွေ ရှိနေသေးတာကို သိစေချင်တယ် မြင်စေချင်တယ်။ ပြီးရင် မူရင်းဌာနေသားတွေအနေနဲ့လည်း ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေ ပြန်လည်ရရှိလာအောင် အားလုံးဝိုင်းဝန်ဆောင်ရွက်ချင်တယ်။ ဒါကြောင့် ယခုလို ပြုလုပ်ရခြင်းဖြစ်ပါတယ်ဟု ဆိုပါသည်။

ဖားကန့် မူရင်းဌာနေသားများ၏ အချက်()ချက်ပါ ထုတ်ပြန်ချက်တွင်တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပေဒေတွင်ပါဝင်သော အခန်း()ပုဒ်မ ()အရ သဘောဝသယံဇာတများကို တူးဖော်ခြင်းလုပ်ငန်းနှင့် အခြားမည်သည့် စီးပွားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကိုမဆို ဒေသခံပြည်သူများအားလွတ်လပ်စွာ ကြိုတင် သတိပေး၊ တိုင်ပင်၊ သဘောထားရယူပြီးမှသာ အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရကို တိုက်တွန်း တောင်းဆိုကြောင်းဖော်ပြထားပါသည်။

ဖားကန့်မြို့နယ် ကချင်ပြည်သူ့ပါတီ KSPPရုံးမှလည်း ဖားကန့် မူရင်းဌာနေသားများ ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့နှင်ပတ်သက်ပြီး သြဂုတ်လ ()ရက်နေ့အောက်ပါအတိုင်းသဘောထားထုတ်ခဲ့သည်။

ဌာနေတိုင်းရင်းသားများ၏ ရသင့်ရထိုက်သောအခွင့်အရေးများအား ဌာနေတိုင်းရင်းသားများ ဂုဏ်သိက္ခာရှိရှိဖြင့် ရရှိခြင်းသည် ထိုဒေသတွင်(တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသားများအချင်းချင်း ယုံကြည်လေးစားမှု၊ စည်းလုံးမှု) စသည်တို့ကို တိုးတက်ဖြစ်ထွန်းစေသည်သာမက၊ စစ်မှန်သောဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်းတွင် အဓိကကျသည်ဟု ယုံကြည်သည်။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ ဖားကန့်မြို့နယ်သည် ဌာနေတိုင်းရင်းသားများ ရသင့်ရထိုက်သော အခွင့်အရေးများရရှိရန်အတွက် ပူးပေါင်းပါဝင်သွားမည်ဖြစ်သည်။

သောကြာနေ့ ဖားကန့် အပြည်ပြည်ဆိုင်ရာဌာနေတိုင်းရင်းသားများနေ့ အခမ်းနားသို့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများနှင့်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် ဒေသခံများ စုစုပေါင်း ၆၀၀ ကျော် ပါဝင်တက်ရောက်ခဲ့သည်။

ဖားကန့်ဒေသ မူရင်းဌာနေသားများ၏ အခွင့်အရေး ပြန်လည်ရရှိရေးအတွက် Mungnawk Hkawng Uru Rudi Ruhpang Hpung (မုန်နောက်ခေါင်ဥရုဌာနေပြည်သူများအဖွဲ့)’ ကို မူရင်းဌာနေသားများက ယခုနှစ် ဖေဖေါ်ဝါရီ (၁၈)ရက်နေ့ ဖားကန့်မြို့တွင် ဖွဲ့စည်းခဲ့သည်။ 

 

Show More

Related Articles

Back to top button