သတင်း

‘Jinghpaw Mung Nhtoi’ အဖြစ် ကချင်ပြည်နယ်နေ့ကို ဖားကန့်တွင် ဆက်လက်ပြုလုပ်ရန် စီစဉ်နေ

Unicode

လာမည့် (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို ဖားကန့်မြို့တွင် ‘Jinghpaw Mung Nhtoi ’ခေါင်းစဉ်ဖြင့်သာ ကျင်းပသွားရန် စီစဉ်နေကြောင်း သိရှိရပါသည်။

၂၀၂၀ ဇန်နဝါရီလ(၁၀)ရက်နေ့ ကျရောက်မည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဖားကန့် လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ၁ ရက်တာ ဆုတောင်းပွဲအစီစဉ် ပြုလုပ်သွားမည်ဖြစ်သည်ဟု အစီစဉ် ဦးဆောင်ပြုလုပ်မည့် Myusha Zin Lum Hpung ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးလမောင်လတောင်က ပြောဆိုပါသည်။

“ကျနော်တို့အနေနဲ့ ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ပြုလုပ် ကျင်းပနေတာဖြစ်တယ်။ ‘Jinghpaw Mung Nhtoi ’ ဆိုတဲ့ခေါင်းစဉ်အောက်မှာဘဲ ပြုလုပ်သွားမယ်ဖြစ်တယ်။ ဘာကြောင့် ဒီအမည်နာမကိုဘဲ အသုံးပြုရ သလဲဆိုတော့ ၁၉၃၂ ရှေ့ပိုင်းမှာ ဒီအမည်နာမကိုဘဲ အသုံးပြုခဲ့ကြတယ်ဖြစ်တယ်။ နောက်ပိုင်း ၁၉၄၈နောက်ပိုင်းမှ အစိုးရက ‘ကချင်ပြည်နယ်နေ့’ ဆိုပြီး သတ်မှတ်ပေးလိုက်တာ ဖြစ်တယ်။ အဲ့မှာကျနော်တို့ နားလည်ထားတာက ‘နယ်’ ဆိုတဲ့စကားလုံးက နယ်စွန်နယ်ဖြားလို့ဘဲ သတ်မှတ်ခံယူထားတာဖြစ်တယ်။ ကျနော်တို့ရဲ့ မြေနေရာတွေက ဘိုးဘွားစဉ်ဆက် အုပ်ချုပ်လာတဲ့ ကချင်အမျိုးသားတွေရဲ့ မြေနေရာတွေဘဲ ဖြစ်တယ်။ အဲ့ကြောင့် ၁၉၃၂ ရှေ့အသုံးပြုခဲ့တဲ့ အမည်နာမကိုဘဲ ပျောက်ကွယ်မသွားအောင် အသုံးပြုသွားမယ်”ဟု ပြောဆိုခဲ့သည်။

‘Jinghpaw Mung Nhtoi’ တိုက်ရိုက်ဘာသာပြန်လျှင် ‘ဂျိန်ဖော့ပြည်နေ့’ စသဖြင့် ‘နယ်’ ဟူသော စကားလုံးကို ဖြုတ်ကာ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်ပါသည်။

ထို့အပြင် နှစ်စဉ်ပြုလုပ်နေသည့် မနက် ၆ နာရီမှ ညနေ ၆ နာရီထိ အိမ်တိုင်း ကချင်အမျိုးသားအလံ လွင့်ထူသည့်အစီစဉ်လည်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရပါသည်။

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲနှင့်ပတ်သက်ပြီး ခေါင်းစဉ်ပေးရာတွင် မြန်မာလို ‘ကချင်ပြည်နယ်နေ့’ ခေါ်ဆိုပြီး ကချင်လို ‘Jinghpaw Mungdaw Nhtoi’ အဖြစ် ခေတ်အဆက်ဆက် အသုံးပြုခဲ့သည်။ သို့သော်လည်း ယခုနှစ် မြစ်ကြီးနားတွင် ပြုလုပ်မယ့် (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့တွင် ပွဲတော်အမည်နာမနှင့် ပတ်သက်ပြီး ကချင်လို အငြင်းအခုန်ဖြစ်ကြသဖြင့် ပွဲတော်ကို ဖော်ဖော်ဝါရီ လသို့ နောက်ဆုတ်ခဲ့သည်။

သို့သော်လည်း ဖားကန့်တွင် ပြုလုပ်မည့် အစီစဉ်တွင် ယခင်သတ်မှတ်ထားသည့် အမည်နာမဖြစ်သော ‘Jinghpaw Mungdaw Nhtoi’ (ကချင်ပြည်နယ်နေ့) ဆိုသည့်နာမည်အတိုင်း အနည်းငယ် ‘နယ်’ ကို ဖြုတ်ကာ ပြုလုပ်သွားရန် စီစဉ်နေသည်ဟု ဒေသခံ တစ်ဦးထပ်မံ ပြောဆိုပါသည်။

“ကျနော်တို့အခုလုပ်မယ့် ကချင်ပြည်နယ်နေ့ကို ‘Jinghpaw Mung Nhtoi’ လို့ဘဲ သုံးထားတယ်။ ကျန်တာမထည့်ဘူး။ အခုအသုံးပြုနေတဲ့ အမည်နာမကိုလည်း အမြဲတမ်းအမှတ်အသားတစ်ခုအဖြစ် တည်မြဲနေ စေချင်တဲ့အတွက် ပထမ ရည်ရွယ်အနေနဲ့ ဖြစ်တယ်။ ဒုတိယအနေနဲ့က ကချင်ပြည်နယ်နေ့ ဘယ်လိုဖြစ်လာတယ်။ သူရဲ့ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ ဖြစ်တည်မှု အကြောင်းတရား တွေကို ပြန်ပြောချင်တယ်။ ကိုယ့်လူမျိုးရေးအကြောင်းတွေ၊ အရင်တုန်းက ဘယ်လိုအုပ်ချုပ်ခဲ့တဲ့ အကြောင်းတွေ အားလုံးသိအောင်ပြန်ပြောချင်တယ်။” ဟု ဦး Latung Sau Bawm ‌ပြောဆိုခဲ့ပါသည်။

အမည်နာမကြောင့် အငြင်းပွားမှု ဖြစ်နေသည့် မြစ်ကြီးနားတွင် ပြုလုပ်မည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ဖျက်သိမ်းပြီး၊ ဖေဖော်ဝါရီ လဆန်းတွင် ဈေးရောင်းပွဲတော်နှင့် မနောပွဲကသည့် အစီစဉ်တစ်ခုအနေဖြင့်သာ ပြုလုပ်ရန်စီစဉ်နေကြပါသည်။

သို့သော်လည်း ဖားကန့်နှင့် ဗန်းမော်မြို့တွင် ‘Jinghpaw Mungdaw Nhtoi’ အဖြစ် ကချင်ပြည်နယ်နေ့ ပြုလုပ်ရန် စီစဉ်နေကြပြီ ဖြစ်ပါသည်။

……

Zawgyi

လာမည့္ (၇၂) ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ကို ဖားကန္႔ၿမိဳ႕တြင္ ‘Jinghpaw Mung Nhtoi ’ေခါင္းစဥ္ျဖင့္သာ က်င္းပသြားရန္ စီစဥ္ေနေၾကာင္း သိရွိရပါသည္။

၂၀၂၀ ဇန္နဝါရီလ(၁၀)ရက္ေန႔ က်ေရာက္မည့္ ကခ်င္ျပည္နယ္ေန႔ အခမ္းအနားကုိ ဖားကန္႔ လြတ္လပ္ေရးေက်ာက္တုိင္ကြင္းတြင္ ၁ ရက္တာ ဆုေတာင္းပြဲအစီစဥ္ ျပဳလုပ္သြားမည္ျဖစ္သည္ဟု အစီစဥ္ ဦးေဆာင္ျပဳလုပ္မည့္ Myusha Zin Lum Hpung ကခ်င္အမ်ဳိးသား လူမႈဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္း ဥကၠဌ ဦးလေမာင္လေတာင္က ေျပာဆိုပါသည္။

“က်ေနာ္တို႔အေနနဲ႔ ျပည္နယ္ေန႔အခမ္းအနားကုိ ႏွစ္စဥ္ျပဳလုပ္ က်င္းပေနတာျဖစ္တယ္။ ‘Jinghpaw Mung Nhtoi ’ ဆိုတဲ့ေခါင္းစဥ္ေအာက္မွာဘဲ ျပဳလုပ္သြားမယ္ျဖစ္တယ္။ ဘာေၾကာင့္ ဒီအမည္နာမကုိဘဲ အသုံးျပဳရ သလဲဆိုေတာ့ ၁၉၃၂ ေရွ႕ပုိင္းမွာ ဒီအမည္နာမကုိဘဲ အသုံးျပဳခဲ့ၾကတယ္ျဖစ္တယ္။ ေနာက္ပုိင္း ၁၉၄၈ေနာက္ပုိင္းမွ အစုိးရက ‘ကခ်င္ျပည္နယ္ေန႔’ ဆုိၿပီး သတ္မွတ္ေပးလိုက္တာ ျဖစ္တယ္။ အဲ့မွာက်ေနာ္တို႔ နားလည္ထားတာက ‘နယ္’ ဆိုတဲ့စကားလုံးက နယ္စြန္နယ္ျဖားလို႔ဘဲ သတ္မွတ္ခံယူထားတာျဖစ္တယ္။ က်ေနာ္တို႔ရဲ႕ ေျမေနရာေတြက ဘုိးဘြားစဥ္ဆက္ အုပ္ခ်ဳပ္လာတဲ့ ကခ်င္အမ်ဳိးသားေတြရဲ႕ ေျမေနရာေတြဘဲ ျဖစ္တယ္။ အဲ့ေၾကာင့္ ၁၉၃၂ ေရွ႕အသုံးျပဳခဲ့တဲ့ အမည္နာမကုိဘဲ ေပ်ာက္ကြယ္မသြားေအာင္ အသုံးျပဳသြားမယ္”ဟု ေျပာဆိုခဲ့သည္။

‘Jinghpaw Mung Nhtoi’ တိုက္႐ိုက္ဘာသာျပန္လွ်င္ ‘ဂ်ိန္ေဖာ့ျပည္ေန႔’ စသျဖင့္ ‘နယ္’ ဟူေသာ စကားလံုးကို ျဖဳတ္ကာ ျပဳလုပ္ရန္ စီစဥ္ေနျခင္း ျဖစ္ပါသည္။

ထို႔အျပင္ ႏွစ္စဥ္ျပဳလုပ္ေနသည့္ မနက္ ၆ နာရီမွ ညေန ၆ နာရီထိ အိမ္တိုင္း ကခ်င္အမ်ိဳးသားအလံ လြင့္ထူသည့္အစီစဥ္လည္း ဆက္လက္ျပဳလုပ္သြားမည္ဟု သိရပါသည္။

ကခ်င္ျပည္နယ္ေန႔အထိမ္းအမွတ္ပြဲႏွင့္ပတ္သက္ၿပီး ေခါင္းစဥ္ေပးရာတြင္ ျမန္မာလို ‘ကခ်င္ျပည္နယ္ေန႔’ ေခၚဆိုၿပီး ကခ်င္လို ‘Jinghpaw Mungdaw Nhtoi’ အျဖစ္ ေခတ္အဆက္ဆက္ အသံုးျပဳခဲ့သည္။ သို႔ေသာ္လည္း ယခုႏွစ္ ျမစ္ႀကီးနားတြင္ ျပဳလုပ္မယ့္ (၇၂) ႀကိမ္ေျမာက္ ကခ်င္ျပည္နယ္ေန႔တြင္ ပြဲေတာ္အမည္နာမႏွင့္ ပတ္သက္ၿပီး ကခ်င္လို အျငင္းအခုန္ျဖစ္ၾကသျဖင့္ ပြဲေတာ္ကို ေဖာ္ေဖာ္ဝါရီ လသို႔ ေနာက္ဆုတ္ခဲ့သည္။

သို႔ေသာ္လည္း ဖားကန္႔တြင္ ျပဳလုပ္မည့္ အစီစဥ္တြင္ ယခင္သတ္မွတ္ထားသည့္ အမည္နာမျဖစ္ေသာ ‘Jinghpaw Mungdaw Nhtoi’ (ကခ်င္ျပည္နယ္ေန႔) ဆိုသည့္နာမည္အတိုင္း အနည္းငယ္ ‘နယ္’ ကို ျဖဳတ္ကာ ျပဳလုပ္သြားရန္ စီစဥ္ေနသည္ဟု ေဒသခံ တစ္ဦးထပ္မံ ေျပာဆိုပါသည္။

“က်ေနာ္တုိ႔အခုလုပ္မယ့္ ကခ်င္ျပည္နယ္ေန႔ကုိ ‘Jinghpaw Mung Nhtoi’ လို႔ဘဲ သုံးထားတယ္။ က်န္တာမထည့္ဘူး။ အခုအသုံးျပဳေနတဲ့ အမည္နာမကုိလည္း အၿမဲတမ္းအမွတ္အသားတစ္ခုအျဖစ္ တည္ၿမဲေန ေစခ်င္တဲ့အတြက္ ပထမ ရည္ရြယ္အေနနဲ႔ ျဖစ္တယ္။ ဒုတိယအေနနဲ႔က ကခ်င္ျပည္နယ္ေန႔ ဘယ္လုိျဖစ္လာတယ္။ သူရဲ႕ ေခတ္အဆက္ဆက္ အသုံးျပဳခဲ့တဲ့ ျဖစ္တည္မႈ အေၾကာင္းတရား ေတြကုိ ျပန္ေျပာခ်င္တယ္။ ကုိယ့္လူမ်ဳိးေရးအေၾကာင္းေတြ၊ အရင္တုန္းက ဘယ္လိုအုပ္ခ်ဳပ္ခဲ့တဲ့ အေၾကာင္းေတြ အားလုံးသိေအာင္ျပန္ေျပာခ်င္တယ္။” ဟု ဦး Latung Sau Bawm ‌ေျပာဆုိခဲ့ပါသည္။

အမည္နာမေၾကာင့္ အျငင္းပြားမႈ ျဖစ္ေနသည့္ ျမစ္ႀကီးနားတြင္ ျပဳလုပ္မည့္ ကခ်င္ျပည္နယ္ေန႔ အထိမ္းအမွတ္ပြဲေတာ္ကို ဖ်က္သိမ္းၿပီး၊ ေဖေဖာ္ဝါရီ လဆန္းတြင္ ေစ်းေရာင္းပြဲေတာ္ႏွင့္ မေနာပြဲကသည့္ အစီစဥ္တစ္ခုအေနျဖင့္သာ ျပဳလုပ္ရန္စီစဥ္ေနၾကပါသည္။

သို႔ေသာ္လည္း ဖားကန္႔ႏွင့္ ဗန္းေမာ္ၿမိဳ႕တြင္ ‘Jinghpaw Mungdaw Nhtoi’ အျဖစ္ ကခ်င္ျပည္နယ္ေန႔ ျပဳလုပ္ရန္ စီစဥ္ေနၾကၿပီ ျဖစ္ပါသည္။

Show More

Related Articles

Back to top button