သတင်း

ဖားကန့်နှင့် ကာမိုင်း ဒေသခံများ ကျောက်စိမ်း လက်လုပ်လက်စားလျှောက်ခွင့်ရှိ

ကချင်ပြည်နယ် ဖားကန့်တွင် လက်လုပ်လက်စားကျောက်စိမ်းတူးဖော်ခွင့်ကို ကားမိုင်းနှင့် ဖားကန့် မှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုသာ ချထားပေးမည်ဟု ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန မှ သိရသည်။

“လက်လုပ်လက်စားတူးဖော်လိုတဲ့သူတွေက အဓိက ကမန (ကားမိုင်း) မှတ်ပုံတင်၊ ဖားကန့် မှတ်ပုံတင် ကိုင်ဆောင်သူတွေဘဲ လျှောက်ထားလို့ရမယ်။ နောက် ၁/ က.မ.န မှတ်ပုံတင်ကိုင်ဆောင်ထားပြီးတော့ ကုမ္မဏီနဲ့ပတ်သက်တဲ့သူတွေ လျှောက်ထားခွင့်မရှိပါဘူး။ ကုမ္မဏီနဲ့လည်း မပတ်သက်ဘူး။ ၁/ က.မ.န မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ မည်သူမဆိုလျှောက်ထားနိုင်ပါတယ်။” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ပြောသည်။

လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်လိုသူများအနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစကာ မိမိတို့နဲ့ နီးစပ်သည့် အုပ်ချုပ်ရေးရုံး ကျောက်မျက်ရုံးများတွင် စတင်လျှောက်ထားနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

လက်လုပ်လက်စား ကျောက်စိ်မ်းတူးဖော်ခွင့်သည် အခြေခံလူတန်းစား ဒေသခံပြည်သူများ၏ လိုအပ်ချက်များအတွက် အဓိက ဦးစားပေးချထားပေးခြင်းဖြစ်သောကြောင့် လုပ်ကွက်နဲ့အနီးဆုံးတွင် နေထိုင်သည့်ဒေသခံပြည်သူများအား ဦးစားပေးချထားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိလက်လုပ်လက်စား ကျောက်စိမ်းတူးဖော်ရန်အတွက် တာမခံ၊ နမ့်မဖြစ်၊ လွယ်ဂျောင်၊ စသည့်နေရာများတွင် အကွက်ပေါင်း ၃၇၆ ကွက် ရိုက်ထားပြီးကြောင်း သိရသည်။

“ခုကြားနေရတာတော့ လုပ်ကွက်ရိုက်တဲ့နေရာက ကျောက်မထွက်တဲ့နေရာတွေဖြစ်တယ်လို့ သိရတယ်။ ပြည်ထောင်စုအစိုးရတော့ မြေပုံအတိုင်းဘဲချပေးတာဆိုတော့ တစ်ကယ်တမ်းလက်တွေ့ ဒီမြေပုံမှာရှိတဲ့ဟာအားလုံး ဒီမှာ ကိုယ့်ရပ်ကိုယ့်ဇာတိနှင့် ဒေသခံအာဏာပိုင်နဲပေါင်းပြီးတော့ လုပ်နေတာဆိုတော့ ပြည်ထောင်စုအစိုးရက အတိအကျမသိနိုင်ဘူး။ အဲကြောင့် ဒေသခံဌာနေတိုင်းရင်းသားတွေအတွက် တစ်ကယ်အကျိုးဖြစ်ထွန်းဖို့ဆိုရင် ဒေသခံအကြောင်းတွေ သိရှိနားလည်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ရင် ပိုအဆင်ပြေနိုင်တယ်။” ဟု Grand land အရပ်ဘက်အဖွဲ့စည်းမှ ဦးယိန်းခေါ ဆိုသည်။

ပြည်ထောင်စုမှ ရတနာနယ်မြေအဖြစ် စုစုပေါင်းဧက ၂သောင်းကျော်သတ်မှတ်ထားပြီး ဖားကန့်ပိုင်းနှင့် နမ့်ယားပိုင်းစသဖြင့် ၂ပိုင်းခွဲခြားထားသည်။

လက်လုပ်လက်စားတူးဖော်ခွင့်ပြုရာတွင် လုပ်ကွက်တစ်ကွက်၏ အကျယ်အဝန်းသည် တစ်ဧကဖြစ်ပြီး လုပ်ကွက်သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

 

Show More

Related Articles

Back to top button