သတင်း

ဂေါ်ဆက်ယန် ကျေးရွာ (CF) အတွင်း မီးကြိုးသွယ်တန်းမှု ထိုက်တန်သည့်လျော်ကြေးပေးရန် တောင်းဆို

ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအုပ်စု ဂေါ်ဆက်ယန်ကျေးရွာ ဒေသခံအစုအဖွဲ့ပိုင် (CF) စိုက်ပျိုးမြေဧရိယာတွင်းမှ လျှပ်စစ်ကြိုး သွယ်တန်းသွားသည့်အတွက် ထိုက်တန်သည့် လျော်ကြေးပေးရန် တောင်းဆိုထားကြောင်း သိရသည်။

မီးကြိုးသွယ်သွားသည့် မြေနေရာတွင် နှစ်ရှည်ပင်များ ဆုံးရှုံးနိုင်သည့်အတွက် လျော်ကြေးပေးရန် တောင်းဆိုထားခြင်း ဖြစ်ကြောင်း ဒေသခံ (CF) အဖွဲ့ဝင် ဦးဟောင်ဇေ ပြောသည်။

(CF) ရဖို့ဆိုတာ စာတစ်ခါထည့်ရုံနဲ့ရတာ မဟုတ်ဘူး။ စာအခါခါထည့်ပြီး ရထားတာ အဲကြောင့် နစ်နာကြေးလိုချင်တယ်။ မီးကြိုးစတန်းတာ ကျနော်တို့လည်းမသိရဘူး။ နောက်မှ သိရတော့ လာတားတယ်။ ကျနော်တို့ (CF) ကွင်းကနေ မဖြတ်နဲ့ တစ်ခြားဘက်က ဖြတ်ပါလို့ပြောတာလည်း မရဘူး။ နောက်ဆုံးဒီကပဲ ဖြတ်ရမယ်ဆိုရင် ကျနော်တို့အပင်တွေနစ်နာသွားတဲ့တွက် လျော်ကြေးပေးပါလို့ တောင်းနေတာ။ သူတို့အစိုးရကပေးတဲ့ဈေးနူန်းက ရေမနီဆိုရင် ၃ထောင် ၇ထောင် ၊ ကျွန်း ၆လက်မ ပတ်လည်ဆိုရင် ၁၅၀၀၀ ဘဲပေးတယ်။ ကျနော်တို့လိုချင်တဲ့ဈေးနဲ့ အစိုးရပေးတဲ့ဈေးက အရမ်းကိုကွာနေတယ်။” ဟု ပြောသည်။

မီးကြိုးသွယ်တန်းသွားရာတွင် မီးကြိုးပတ်လည် ၁၅ပေခန့်မှ သစ်ပင်များကိုခုတ်ရမည်ဟု သတ်မှတ်ထားပေးခြင်းဖြစ်ပြီး ယခုမီးကြိုး သွယ်တန်းသွားသည့်ဧရိယာအတွင်း အပင်ပေါင်း ၁ထောင်ခန့် ဆုံးရူံးသွားနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ယင်းလျော်ကြေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနများထံ စာ ၂ကြိမ်တင်ခဲ့ပြီး လျော်ကြေးကိစ္စအား မြို့နယ်သစ်တော၊ လျှပ်စစ်ဌာနများနှင့် ညှိ့နှိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

မီးကြိုးဖြတ်တာက ဂေါ်ဆက်ယန် (CF) တစ်ဖွဲ့တည်းမဟုတ်ဘူး။ မိုင်းနား(CF) အဖွဲ့လည်းပါတယ်။ ဒါပေမယ့် မိုင်းနား (CF) အဖွဲ့ကတော့နားလည်တယ်။ လူကတစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။ ဒါက စီးပွားရေးမဟုတ်ဘူး အစိုးရလုပ်ငန်းဖြစ်တယ်။ တိုင်းပြည်ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်တယ်။ တစ်ဖက်ကကြည့်မယ်ဆိုရင် နစ်နာတယ်ဆိုသော်ငြားလည်း အစိုးရသတ်မှတ်ထားတဲ့ ဈေးနူန်းထက်ကို ၁၀၀ လောက်ပိုပေးလိုက်တယ်။ ဒါကို မိုင်းနားအဖွဲ့ကအဆင်ပြေတယ်။ ဒီ (CF) ကတော့ ခက်တာကဘာလဲဆိုရင် ဥပမာ-အပင်က လုံးပတ် ၁ပေလောက်ရှိတဲ့ဟာဆိုရင် သူက နှစ်(၃၀) ပြည့်မှ ခုတ်မှာ နှစ် ၃၀ဆိုရင် လုံးပတ်က ၆ပေ လောက်ဆိုရင် သစ်ဈေးက ဘယ်လောက်ရှိပြီ။ တစ်ကယ်ဆိုအဲလောက်လျော်စေချင်တာ အဲလိုမျိုးကျတော့လုံးဝ မဖြစ်နိုင်ဘူးလေ။” ဟု မြို့နယ်သစ်တောဦးစီးမှူး ဆွတ်ရိန်ဆိုင်းလာက ဆိုသည်။

အစိုးရ၏သစ်ပင် လျော်ကြေးနှုန်းထားများမှာ အမြင့် ၄ပေ ၆လက်မအထက်လုံးပတ် ကျွန်း ၁ပေတွင် ငွေကျပ် ၁၅၀၀၀၊ ကျွန်းမဟုတ်သည့်အခြားအပင်များသည် ၁ပေအထက် ကျပ် ၇၅၀၀၊ ကျွန်းအပြင် အခြားသစ်မာပင်များသည် ၁ပေအောက် ငွေကျပ် ၅၀၀၊ ၆လက်မအောက်များသည် လျှော်ကြေးပေးခြင်းမရှိကြောင်း ဆက်ပြောသည်။

သို့သော် (CF) တွင်းရှိသည့် ဒညှင်းပင်၊ လိမ္မော်ပင်၊ ကရဝေးပင်၊ ယင်းသစ်ပင်များသည် နှစ်ရှည်ပင်များဖြစ်သည့်အတွက် သစ်တောဦးစီးဌာနမှ ကိုင်တွယ်တိုက်ရိုက်ခြင်းမရှိသော်လည်း (CF) သစ်တောဧရိယာအတွင်းဖြစ်သည့်အတွက် အကောင်းဆုံ ညှိ့နှိုင်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ပြောသည်။

ဝိုင်မော်မြို့နယ်တွင် မှတ်ပုံတင်ပြီးသည့် (CF) အဖွဲ့ပေါင်း ၄၀ ရှိပြီး၊ ယခုနှစ် ထပ်မံ မှတ်ပုံတင်ရရှိမည့်အဖွဲ့သည်လည်း ၁၀ ဖွဲ့ကျော်ရှိသည်ဟု သိရသည်။ ဧရိယာစုစုပေါင်း ဧက ၂သောင်းခွဲရှိသည်ဟုလည်း သိရသည်။

လက်ရှိဒေသအစုအဖွဲ့ပိုင်(CF) များတောင်းဆိုနေခြင်းသည် အစိုးရ၏ သတ်မှတ်လျော်ကြေးထက်များနေသည့်အတွက် ဆက်ညှိနိူင်းနေဆဲဖြစ်ကြောင်း သိရသည်။

 

Show More

Related Articles

Back to top button