Covid-19 ကြောင့် Lock Down ချခံရသော စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်
,
၂၀၂၀ နွေရာသီမှာ ပထမအကြိမ်အဖြစ် ကချင်စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကို နေရပ်ပြန်ပို့မယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ပြောဆိုခဲ့ပေမယ့် အခုမိုးတွင်းဝင်တဲ့အချိန်ထိ နေရပ်ပို့နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့် အခုလိုအခြေအနေဖြစ်သွားရလဲဆိုတာပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဖွံ့ဖြိုးရေးတာဝန်ခံ ဆရာခါးလီကို ကချင်သတင်းဌာန KNG က မေးမြန်းထားပါတယ်။ မေး။ ။ Covid-19 ကာလမှာ KHCC က အဓိက ဘာတွေလုပ်ဆောင်ခဲ့သလဲ။ ဖြေ။ ။ ကျွန်တော်တို့…
ကချင်ပြည်နယ်အတွင်း Community F.Q နေရာအဖြစ် သတ်မှတ်ထားသည့် အခြေခံစာသင်ကျောင်းများကို ဇွန်လ ၁၅ရက် အပြီးတိုင်အပ်နိုင်ရန် စီစဉ်နေပြီဟု သိရသည်။
ကချင်ပြည်နယ် ချီဖွေမြို့တွင် ၃ ရက်ဆက်တိုက် မိုးရွာသွန်းခဲ့မှုကြောင့် မေခမြစ်ရေ မြင့်တက်လာပြီး မေလ ၂၆ ရက်နေ့တွင် စစ်ရှောင်စခန်းနေအိမ်အချို့တွင်ရေဝင်ရောက်လာသည်ဟု စခန်းတာဝန်ခံများထံမှ သိရသည်။
ဟူးကောင်းချိုင့်ဝှမ်းဒေသ ရွှေနှင့်ပယင်းထွက်ရှိရာဒေသတွင် အသေးစားလုပ်ငန်းများကို တရားဝင်လုပ်ပိုင်ခွင့်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ တောင်းဆိုမှုအပေါ် လုံးဝခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းဘေးနားရှိ ပျံကျဈေးဟောင်းတွင် ဈေးရောင်းရန်နေရာအတည်တကျမရှိသည့် ဈေးသည်များကို မေလ ၂၆ရက်နေ့မှစကာ ယာယီရောင်းချခွင့်ပြုထားပြီဟု သိရသည်။
မြစ်ကြီးနား အောက်မော်ဖောင်းကျေးရွာရှိ လူငယ်စာရိတ္တပြုပြင်ရေးကျောင်းတွင် လက်ကိုင်စကားပြောစက် အသုံးပြုမှုကြောင့် တရားစွဲဆိုခံထားရသော ဆရာဆိုင်းအောင်၏ အမှုကို မေလ ၂၇ရက်တွင် စတင်စစ်ဆေးတော့မည်ဟု သိရသည်။
နှစ်ပေါင်း ၅၀ ကျော်ကြာ ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ရေလွှဲဆည်ကို ပထမအကြိမ်အဖြစ် သဲနှုန်းဆယ်သည့်လုပ်ငန်း စတင်နေပြီ ဖြစ်သည်။
Covid-19 ကပ်ရောက်ဂါကြောင့် နမ္မတီးမြို့ရှိ စစ်ရှောင်တချို့သည် မြို့နှင့်ဝေးသော ညောင်တောကျေးရွာသို့ ပြောင်းရွေ့သွားသည်မှာ ၁လကျော်ပြီဖြစ်ပြီး အစားအသောက်နှင့် ကျန်းမာရေး အခက်အခဲများရှိနေကြောင်း သိရသည်။
ကချင်ပြည်နယ် ချီဖွေမြို့ရှိ စစ်ရှောင်များကို ပြန်လည်နေရာချထားပေးသည့်နေရာတွင် သောက်သုံးရေနှင့် ကလေးများ ပညာရေးအတွက် သွားလာမှုခက်ခဲသည့်အတွက် မူလ စစ်ရှောင်စခန်းကိုသာ ပြန်လည်နေထိုင်ခဲ့သည်ဟု သိရသည်။