Covid-19 Reportingသတင်း

ကချင်ပြည်နယ်တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ၄၃၆ လုံးကို ကျန်းမာရေးဝန်ထမ်းများအား ထိုးပေး

ကိုဗစ်ကာကွယ်ဆေးအလုံးပေါင်း ၄၃၆ လုံးကို ပထမအကြိမ်အဖြစ် ကချင်ပြည်နယ်ရှိ အစိုးရကျန်းမာရေးဝန်ထမ်းများအား စတင်ထိုးနေပြီဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းမှ သိရသည်။

“အခုပထမအကြိမ်တော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းကိုတွေကို စထိုးနေပြီဖြစ်ပါတယ်။ မြို့နယ်တိုင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေထိုးဖို့အတွက် ဖြန့်ထားပြီးဖြစ်ပါတယ်။။ ပြီးတော့ ဝေးလံခေါင်ဖျားတဲ့ဒေသက၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးကျန်းမာရေးဌာနဝန်ထမ်းတွေလည်း သူတို့နဲ့သက်ဆိုင်ရာ မြို့နယ်ဆေးရုံမှာ သွားထိုးရပါမယ်။” ဟု ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းက ပြောသည်။

အဆိုပါ ကိုဗစ် ကာကွယ်ဆေးတစ်လုံးသည် လူ(၁၀)ဦး ထိုးနိုင်ပြီး ဆေးမထိုးမီ ကျန်းမာရေး စစ်ဆေးမူများ ခံယူရမည်ဖြစ်ကာ ကျန်းမာရေးစစ်ဆေးရာတွင် ဖျားနေခြင်း၊ သွေးတိုးနေခြင်းများဖြစ်ပါက ဆေးထိုး၍မ သင့်သေးကြောင်း ၎င်းကဆက်ပြောသည်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးတွင် ကျန်းမာရေးဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိပြီး ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီး တစ်လကျော်တွင် ဒုတိယအကြိမ် ထပ်မံထိုးရမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်းများ စတင်ထိုးရခြင်းနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အထွေထွေပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက်တာတင်လှ က ခုလိုပြောသည်။

“ကျန်းမာရေးဝန်ထမ်းကတွေက လူနာတွေနဲ့အနီးကပ်ထိတွေ့ရတာဖြစ်တယ်။ ဘယ်လူနာမှာကိုဗစ်ရှိတယ်ဆိုတာ မသိရဘူး။ မသိရတဲ့ခါကျတော့ ဘာတွေဖြစ်ကုန်လဲဆိုတော့ ဆေးရုံနဲ့ကျန်းမာရေးဝန်ထမ်းတွေမှာ မသိလိုက်ပဲနဲ့ကူူးသွားတာမျိုး အများကြီးဖြစ်နေတယ်။ ဒါကြောင့်မို့ လူနာတွေနဲ့အနီးကပ်ဆုံးထိတွေ့မူတွေရှိနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံးထိုးပေးတာဖြစ်ပါတယ်။”ဟု မြစ်ကြီးနားမြို့နယ်အေးရုံအုပ်ကြီး ဒေါက်တာတင်လှက ပြောသည်။

ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး၍ မသင့်သောသူများမှာ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ အသက် (၁၈) နှစ်အောက် ကလေးများအပြင် ခွေးရူးကာကွယ်ဆေး၊ ဘီပိုးကာကွယ်ဆေးအစရှိသည့် ကာကွယ်ဆေးတစ်မျိုးမျိုး (၂)ပတ်အတွင်း ထိုးထားသူများ သွေးတိုးရောဂါအခံရှိသူများလည်းထိုး၍မရကြောင်းသိရသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၃၀၀၀ ကျော်အား ဇန်နဝါရီလ မကုန်မီ အပြီးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းများထိုးရန်အတွက် ပို့ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button