Covid-19 Reportingတိုက်ပွဲ

အိုမီခရွန် စတုတ္ထလှိုင်းလာခဲ့လျှင်

ကိုဗစ် – ၁၉ ရောဂါအသစ်ဖြစ်တဲ့ အိုမီခရွန်ကို အာဖိရိကမှာစတင်တွေ့ရှိပြီး အာရှနိုင်ငံတချို့မှာလည်း စတင်ကူးစက်ပြန့်နှံလာနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီရောဂါကို မတွေ့ရှိသေးပါဘူး။ အိုမီခရွန်က ဒေတာထက်ပိုမိုပြီးလူတွေဆီ  ကူးစက်တာ ပိုမိုပြီးမြန်ဆန်ပါတယ်။ တချို့နိုင်ငံတွေက ပြည်ဝင်ခွင့်တွေ လောဒ့်ဒေါင်းတွေ ကူးသန်းသွားလာတာတွေပိတ်လိုက်ပါပြီ။

အခုဆိုရင် မြန်မာပြည်မှာ အရာအားလုံးပုံမှန် ဖြစ်သလိုပဲ ပြည်သူလူထုဟာ သွားလာလှုပ်ရှားနေကြပါတယ်။ အကာအကွယ် ဝတ်ဆင်မှုတွေ လက်သန့်ဆေးရည် အသုံးပြုမှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သုံးစွဲတာမျိုး လျှော့နည်းလာနေပါတယ်။ ပိုပြီးကူးစက်မြန်တဲ့ အိုမီခရွန်ကြောင့် ပတ်ဝန်းကျင်မှာ ဂရုစိုက်နေထိုင်နေရပါမယ်။ သတိတချက်လွတ်လိုက်တာနဲ့ ကူးစက်ရောဂါက အသက်ကို နှုတ်သွားပါလိမ့်မယ်။

ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ ပွဲတော်တွေလည်း ပုံမှန်ထက်များလာပါတယ်။ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် မတ်စ်တပ်ပြီး သွားလာစေချင်ပါတယ်။ ဖြစ်နိုင်ရင် ပွဲလမ်းသဘင်တွေကို မသွားဘဲနဲ့ ရှောင်စေချင်ပါတယ်။ ဒီပွဲလမ်းသဘင်ကနေလည်း ကူးစက်မှုများတဖန်ပြန်လည်ပြီးအသက်ဝင်လာကာ ရောဂါပိုးက ရှင်သန်လာနိုင်ပါတယ်။ တကယ်လို့ နောက်ထပ်လှိုင်းလာခဲ့လျှင် ပြည်သူတွေအနေနဲ့ ကြိုတင်ပြီးအစားအသောက် ဆေးဝါးများ စိတ်ပိုင်းဆိုင်ရာများ ပြင်ဆင်ထားသင့်ပါတယ်။ ရောဂါကာကွယ်တားဆီးရေးလူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ကူညီဖို့ ပြင်ဆင်ထားသင့်ပါတယ်။

ဒါမှကျန်းမာစွာနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျနော်တို့ ချစ်ရတဲ့သူတွေ ကိုစွန့်လွတ်ရလိမ့်မယ်။

စတုတ္ထလှိုင်းအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ ရောဂါအသစ်တော့ ကမ္ဘာကြီးထဲကို ပြန်ပြီး လူသားတွေရဲ့ အသက်ခြွေဖို့ ရောက်လာပါပြီ။ ကြိုတင်ပြီကာကွယ်ပြင်ဆင်မှုတွေလုပ်ထားရပါတော့မယ်။ ကူးစက်လူနာတွေထားရှိဖို့ လူနာဆောင်များ၊ လူနာအတွက်ဆေးဝါးများ၊အကာအကွယ်ဝတ်စုံများ၊ဟန်ဂျေများ၊လူငယ်စေ့တနာဝန်ထမ်းများ၊ အစားအသောက်များ၊ကုန်ကျစာရိတ်များ ကြိုတင်ပြီးစုထားဖို့လိုပါတယ်။ အိမ်တိုင်း လိုအပ်တဲ့ဆေးဝါးများကို ကြိုတင်ဝယ်ယူထားရှိပြီးပြင်ဆင်ထားရပါမယ်။

မိမိအိမ်ပြင်ထွက်တိုင်းပွဲလမ်းသဘင်သွားတိုင်းပါးစပ်နဲ့ နှခေါင်းစည်းကိုအပြင်ထွက်တိုင်းဝတ်ဆင်ပါ။ တစ်ဦးနှင့်တစ်ဦး ၆ပေ ခွာပြီး နေရမယ်။ လက်များကိုဆပ်ပြာနှင့်ရေဖြင့် မကြာခဏဆေးကြောပြီးနေထိုင်ရရပါမယ်။ တစ်ဦးနှင့်တစ်ဦးနီးကပ်စွာထိတွေ့ဆက်ဆံခြင်းကိုရှောင်ကြဉ်ရပါမယ်။ အလုံပိတ်နေရာတွေကိုရှောင်ကြဉ်ပါ။ အိမ်ထဲတွင်လေဝင်လေထွက်ကောင်းစေရန်ပြတင်းပေါက်များကို ဖွင့်ထားရပါမယ်။

ကျန်းမာအောင် အားအင်ပြည့်ဝနေအောင် အစားအစာ စားသုံးမှုတွင်လည်း ဓာတုပါဝင်တဲ့ အစားအသောက်များကို လျှော့စားပြီး အားအင်ပြည့်ဝတဲ့ လတ်ဆတ်တဲ့အသီးအနှံအသီးအရွက်စားသုံးပြီးနေထိုင်လျှင် ကူးစက်ရောဂါကို သဘာဝနည်းလမ်းနဲ့ကာကွယ်ရာရောက်ပါတယ်။

အခုဆိုရင် တချို့နေရာတွေမှာ ပြည်သူတွေ အေးဆေးတည်ငြိမ်စွာနဲ့ မြို့ပေါ်သွားလာလှုပ်ရှားနေကြပါတယ်။ လက်ဖက်ရည်ဆိုင်တွေမှာ ပိုပြီးတော့ နီးနီးကပ်ကပ် ကူးလူးဆက်ဆံပြီးစည်ကားနေပါတယ်။ တခြားတဖက်မှာတော့ ကိုဗစ်ပိုးကူးစက်မှုကြောင့် သေဆုံးရသူတွေ ရှိနေဆဲပါ။ မက်စ်တပ်ပြီး သွားလာလှုပ်ရှားမှုတွေ ပျောက်ဆုံးလုနီးပါး တွေ့နေရပါတယ်။ တစ်ကယ်လို့ 4th wave လာခဲ့ရင် ကျနော်တို့ ဘယ်လို ကပ်ရောဂါဘေးက လွတ်မြောက်အောင် အသက်ရှင်ကြမလဲ။ ဘယ်လိုတွေကြိုတင်ပြင်ဆင်မှုရှိနေပြီလဲ။ မိသားစုတွေအနေနဲ့ရော ဘယ်လိုစီမံကိန်းထားရှိသလဲဆိုတာ စဉ်းစားထားရပါမယ်။ မြန်မာနိုင်ငံမှာဆိုရင် ဇွန် ဇူလိုင်လတုန်းက ကိုဗစ်ရောဂါကူးစက်မှုကြောင့် လူသေမှုနှုန်း အရင်လှိုင်းတွေထက်ပိုပြီး မြင့်တက်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်ထားမှုမေ့လျှော့နေခဲ့တာကြောင့် ပို၍ဒုက္ခခံစားခဲ့ရတယ်။

တချို့နိုင်ငံတွေက လော့ဒ်ဒေါင်းတွေချမှတ်ပြီး ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။ ဒီမှာတော့ကိုယ့်ဘာသာကိုယ် သတိပြုကြိုတင်ကာကွယ်ရပါမယ်။ မကာကွယ်ခဲ့ရင်မလိုက်နာခဲ့ရင် ချစ်ရသူတွေဆုံးရှုံးရရင် ကြေကွဲစွာနဲ့ကမ္ဘာကြီးထဲမှာကျန်နေခဲ့လိမ့်မယ်။ ကူးစက်ရောဂါအသစ်ဖြစ်တဲ့အိုမီခရွန်ကိုလည်း ကြိုတင်ကာကွယ်မှုပြုလုပ်ထားနိုင်လျှင် စိတ်ထဲမှာကြောက်စရာမလိုတော့ပါဘူး။

အာဘရာဟမ်

Show More

Related Articles

Back to top button