,

Breaking News :

အင်းတော် ကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့၊ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများကို ဖမ်းဆီးထား

‘Kachin News Group (official)’ YouTube အတု နှင့် ‘Kachin News Group’ YouTube အစစ် ခွဲခြား သိရှိစေရန်

နန်းမားတွင် လင်မယားနှစ်ဦးဖမ်းဆီးခံရပြီး အမျိုးသားဖြစ်သူကို သတ်ဖြတ်ထား

ကသာမြို့မှ လူငယ် ၆ ယောက်အား စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ထောင်ဒဏ် ၁လစီချမှတ်

KIA ၊ PDF အဖွဲ့မှ ဒေသခံလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သည်ဟူသော သတင်းအမှား ထပ်ဖြန့်

အင်းတော်တွင် စစ်ကောင်စီ စစ်ကြောင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး  စစ်သား ၆ ဦးသေဆုံး၊ အရပ်သား ၂၀ ဦးကို လူသားဒိုင်းပြုလုပ် ရန် စစ်ကောင်စီဖမ်းဆီးထား

နောင်မွန်တွင် ကိုဗစ်ကူးစက်ခံရသူ ၂၀၀ ကျော်ရှိနေပြီး Mask နှင့် ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေ

စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသည့် Youtube ချန်နယ်

စစ်တပ်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး NUG အစိုးရ၏ လျှို့ဝှက် ညွန်ကြားစာ အတု ပြန့်နှံ့နေ

အင်းတော်နယ်တွင် စစ်ကောင်စီတပ် စစ်အင်အား ၄၀၀ ကျော်တိုးချဲ့ထား၊ ကျေးရွာ ၇ခု ထွက်ပြေးတိမ်းရှောင်နေရ

ဗန်းမော်မြို့မှ တရားလွှတ်တော်ရှေ့နေတစ်ဦး ပစ်သတ်ခံရ

ကချင်ပြည်နယ် ဗန်းမော်မြို့ ခွန်သာရပ်ကွက်မှ တရားလွှတ်တော်ရှေ့နေတစ်ဦး ယနေ့ နံနက် ၈နာရီဝန်းကျင်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများမှ သိရသည်။

” ခေါက်ဆွဲဆိုင်မှာ ခေါက်ဆွဲစားနေတုန်း လူငယ် ၂ယောက်ဝင်လာပြီး ခေါင်းမှာ တည့်တည့်ပစ်သတ်သွားတာ အဲမှာတင် ဦးနှောက်ပွင့်ထွက်ပြီး ပွဲချင်းပြီးဆုံးသွားပြီ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

ပစ်သတ်ခံရသူသည် အသက် (၃၅)ဝန်းကျင် တရားလွှတ်တော်ရှေ့နေ ဦးကျော်သန်းအေးဆိုသူဖြစ်ကာ တပ်ကလေးရပ်ကွက်ရှိ ရွှေခွန်သာ လက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစား‌ နေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ပစ်သတ်သွားသည့် လူငယ် ၂ဦးသည် မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း မသိရှိရသေးသော်လည်း အဆိုပါ ပစ်သတ်ခံရသူသည် ကြံ့ခိုင်ရေးပါတီအား အားပေးထောက်ခံသူတစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။

” ပစ်သွားတာ ဘယ်သူတွေလဲ ဘယ်အဖွဲ့ကလဲတော့ မသိရဘူး သတ်ခံရတဲ့သူကတော့ စစ်ကောင်စီကို သတင်းတွေ ပေးနေတဲ့သူ ကြံ့ခိုင်ရေးပါတီရဲ့ အမာခံပါတီဝင်ဟုတ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ပစ်သတ်ခံရသည့် တရားလွှတ်တော်ရှေ့နေဦးကျော်သန်းအေးသည် နိုင်ငံရေးအမှုများအား စစ်ကောင်စီဘက်မှ ရှေ့နေလိုက်ပေးသူတစ်ဦး ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။

သေဆုံးသူ၏ အလောင်းအား ဗန်းမော်နာရေးအသင်းမှ လာရောက်သယ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေသည့်အပြင် ဗန်းမော်မြို့တွင်းရှိ နာရီစင်နှင့် တရုတ်တန်း လမ်းသွားလမ်းလာများ၏ ဖုန်းများ ဆိုင်ကယ်တူးဘောက်များအား ရှာဖွေစစ်ဆေးနေကြောင်း သိရှိရသည်။

Read Previous

အိုမီခရွန် စတုတ္ထလှိုင်းလာခဲ့လျှင်

Read Next

မိုးကောင်း ဆားမှော်ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ဖျက်စီးခဲ့

Leave a Reply

Your email address will not be published.