Covid-19 Reportingသတင်း

Omicron မှ ပြန်လည်သက်သာလာသူများ

ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ အိုမီခရွန်ပိုးဟာ ကချင်ပြည်နယ်ထဲ မိသားစုတိုင်းလိုလို ကြုံတွေ့ခံစားနေရပြီး အများစုကတော့ တစ်ပတ်အကြာဆို ပြန်လည်သက်သာလာကြာတာ များပါတယ်။

Omicron ဟာ ကိုဗစ် တတိယလှိုင်း ရိုက်ခတ်သွားတဲ့ Delta အမျိုးအစားနဲ့ ကွဲပြားပါတယ်။ ရောဂါအခြေအနေ မပြင်းထန်ဘူး ဆိုပေမဲ့ နောက်ဆက်တွဲ ပြဿနာတော့ ရှိစမြဲဖြစ်ပါတယ်။ ဖျားနာပြီး ပြန်လည် သက်သာလာပေမယ့် ချောင်းဆိုးတဲ့ ပြဿနာနဲ့ ရင်ဘတ်အောင့်တာတွေ ကျန်နေတတ်ပါတယ်။ နောက်ဆက်တွဲခံစားရတဲ့ ပြဿနာတွေကတော့ အရင်လို လူကို ပုံမှန် ပြန်မဖြစ်စေနိုင်တော့ တာပါပဲ။

(၁) ခံတွင်းမတွေ့ခြင်း။

ဗိုက်ဆာနေပေမဲ့ ထမင်းက စားမဝင်နေတာမျိုး၊ ဘာပဲစားစား အရသာမရှိနေတာမျိုး ကြုံရပါတယ်။ ဒီလို အရသာခံစားလို့ မရနိုင်တော့က လူကို အားရှိစေဖို့ ခက်ခဲစေခြင်းပဲ ဖြစ်ပါတယ်။

(၂) အိပ်မပျော်ခြင်း။

ညဘက် အိပ်မပျော်တဲ့အရာကတော့ လူတိုင်းမဟုတ်ပေမဲ့ အများပိုင်းကြုံနေရတာကို သိရပါတယ်။ ညဘက် အိပ်မပျော်တာကြောင့် နေ့ခင်းအိပ်လို့ရလားဆိုတော့လဲ လူက အိပ်ချင်နေရင်တောင် အိပ်လို့မရတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလိုအကြောင်းကြောင့် ပြန်ခံစားရတဲ့ နောက်ဆက်တွဲ ပြဿနာက မျက်ရိုးကိုက်၊ ခေါင်းကိုက်၊ ခေါင်းမူးပြီး လူက မအီမသာကြီး ဖြစ်နေခြင်းပဲဖြစ်ပါတယ်။

(၃) အာရုံစိုက်လို့မရခြင်း။

အရင်လို ပုံမှန်မဟုတ်ပဲ အလွန်မေ့တတ်လာပါတယ်။ အာရုံစိုက်ပြီး လုပ်ရတဲ့ ကိစ္စတွေမှာ အာရုံစူးစိုက်လို့မရတော့ပဲ ဦးနှောက်ရဲ့ ထိန်းချူပ်မှုတွေက အရင်လို ဟာမိုနီဖြစ်ဖို့ ခက်လာတယ်လို့ သိရပါတယ်။ အာရုံပြန့်နှံ့မြန်ဆန်ပြီး စိတ်ပိုင်းပိုင်ဆိုင်ရာ ပင်ပန်းခြင်း၊ စိတ်ကျခြင်းတွေ ဖြစ်စေတတ်လာပါတယ်။

(၄) အဖြစ်အများဆုံးကတော့ နုံးနယ်ခြင်း။

ကိုဗစ်-၁၉ အိုမီခရွန် ဖျားနာပြီး နေပြန်ကောင်းလာတဲ့ လူနာ ၉၀ ရာခိုင်နှုန်းလောက်က ဒီပြဿနာကို ကြုံတွေ့ခံစားနေရပါတယ်။ နုံးတယ်ဆိုတာာ လှုပ်လှုပ်ရှားရှားလုပ်မရပြီး တချိန်လုံးပင်ပန်းနေတာမျိုး၊ ထိုင်မရ ထမရ တချိန်လုံး မူးဝေနေပြီး မျက်စိပြာနေတာမျိုး၊ ပတ်ဝန်ကျင်ကို အာရုံစူးစိုက်မှု အားနည်းတာမျိုး၊ အိပ်ချိန်သာများနေပြီး လူက လန်းလန်းဆန်းဆန်း ဖြစ်မနေခြင်းစတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့ရခြင်းပဲဖြစ်ပါတယ်။

အကယ်လို့ သင်ဟာ ကိုဗစ် အိုမီခရွန် ကူးစက်ခံရပြီး ပေါ့ဆမှုနဲ့ ကောင်းမွန်စွာမကုသခဲ့ရင် အခုလို နောက်ဆက်တွဲပြဿနာတွေက ရက်ကြာရှည် ခံစားနေရတတ်ပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူတွေနဲ့ ကိုယ်ခံအားမရှိတဲ့သူတွေမှာ ပိုဖြစ်တာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

အိုမီခရွန် နောက်ဆက်တွဲ ပြဿနာကို ကာကွယ်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အရာတွေကတော့ ပုံမှန်စားပြီး ပုံမှန်အိပ်နိုင်အောင် ပြုလုပ်ရပါတယ်။ ကိုယ်က စားမဝင်နေပေမဲ့ အားရှိစေမဲ့ အစားအသောက်တွေကို ကြိုးစားပြီး နိုင်သလောက် ပုံမှန် စားသောက်ပေးသင့်ပါတယ်။ ဒီလိုနည်းနဲ့ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်ဖြည့်ဖို့ လိုပါတယ်။

ရေများများသောက်ပေးဖို့လိုအပ်သလို မိမိ ခန္ဓကိုယ်အင်အားနဲ့ စိတ်ပိုင်းဆိုင်ရာ၊ အာရုံစူးစိုက်မှုတွေကို အနားပေးဖို့ လို့ပါတယ်။ ဒါကြောင့် ဖုန်းသုံးစွဲမှုတွေ လျှော့ပေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပေးခြင်းအားဖြင့် နောက်ဆွဲပြသနာတွေကို ကာကွယ်သင့်ပါတယ်။

ဒါကြောင့် အခုလို ကိုဗစ်-၁၉ အိုမီခရွန် ရိုက်ခတ်မှု ဒဏ်ကနေ ကာကွယ်နိုင်အောင်  ကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ပြီး သတိထားဆင်ခြင်မှ ပြည်သူအားလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်မှာ​ ဖြစ်ပါတယ်။

Show More

Related Articles

Back to top button