သတင်း

ယင်းမာပင်မှာ ကာကွယ်ရေးတပ်စခန်းတစ်ခုစီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၆ ဦးဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စုန်းချောင်းရွာမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်စခန်း တစ်ခုစီးနင်းခံရပြီး တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ရတယ်လို့ မြေပြင်ကကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဒီကနေ့မနက်၂ နာရီလောက်မှာ အင်အား ၆၀ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက စုန်းချောင်းရွာမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နေအိမ်နဲ့တပ်စခန်းတွေ အလစ်အငိုက်ဝင်ရောက် စီးနင်းခဲ့တာဖြစ်တယ်လို့ မြေပြင်ကကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“မနေ့က သူတို့က ဒလန်သတင်းပေးအတိအကျနဲ့ ကျနော်တို့ပကဖအဖွဲ့ခေါင်းဆောင် နေအိမ်တွေဝင်စီးတယ် ကျနော်တို့ကင်းသမားတွေကလည်း ဆူညံဆူညံဖြစ်တယ်ဆိုပြီး သွားကြည့်တာ စစ်ကောင်စီအဖွဲ့တွေ ဝင်စီးတယ်မထင်ဘူး မူးရူးပြီးသောင်း ကျန်းနေတယ်ထင်လို့ပေါ့ အဲ့မှာသူတို့ကင်းပုန်းနဲ့တွေ့ပြီး ၃ ဦးကျသွားတယ် ခုနကပဲသဂြိုလ်” လို့ပြောပါတယ်။

ဒါ့အပြင် နေအိမ်ဝင်စီးချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နဲ့ နောက်ထပ်တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း ရွာအပြင်မှာတွေ့ထားပေမဲ့ ရုပ်အလောင်းတွေကိုတော့ မကောက်နိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ကင်းသမား ၃ ဦးဟာ အသက်၁၉နှစ်ခန့်အရွယ်တွေသာရှိသေးတဲ့ကိုမောင်ဆိုင်း၊ကိုဖိုးရှစ်နဲ့ ကိုနေမင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝင်ရောက်စီးနင်းချိန်မှာ စခန်းကိုမီးရှို့ခဲ့တဲ့အပြင် လက်နက်တစ်ချို့လည်း ဆုံးရှုံးခဲ့ ရပြီး စခန်းစီးနင်းခံရတာဖြစ်တဲ့အတွက် နောက်ထပ်ကျဆုံးသူတွေလည်းရှိနိုင်သေးတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ဒါကတော့ ကျနော်တို့သိရသလောက်စာရင်းက ၆ယောက်ပေါ့နော် ဒီထက်လည်း များနိုင်သေးတယ် “ လို့ပြောပါတယ်။

စုန်းချောင်းရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စုန်းချောင်းရွာနဲ့ တစ်မိုင်အကွာက စစ်မူထမ်းဟောင်းတွေနေထိုင်တဲ့ အောင်ဇေယျတပ်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာလည်း စုန်းချောင်းရွာအနီးမှာကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့မူဖြစ်ပြီးတော့ ကျဆုံးခဲ့တဲ့တပ်ဖွဲ့ဝင် တွေရဲ့ရုပ်အလောင်းနဲ့သိမ်းဆည်းခဲ့တဲ့ လက်နက် တွေကိုလည်းထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button