တိုက်ပွဲသတင်း

အောင်းကုန်းကျေးရွာအနီးတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိဟုဆို

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ်၊အင်းတော်PDF တို့ကြား မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့  ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ အောင်းကုန်းကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇နှင့် တပ်မ ၈၈ပူးပေါင်း အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ရွာသာရွာဘက်ကနေ အင်းတော်မြို့တွင်းဘက်ကိုတပ်ဆုတ်ခွာလာချိန် ကျောင်းသားတပ်နဲ့အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က အောင်းကုန်းကျေးရွာ ကြိုးကြာလွင်ပြင်ကွင်းအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲ  ၂ နာရီကျော်ကြာခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးထိခိုက်ကတော့အတိအကျတော့မသိရဘူးပေါ့နော်တာပေမယ့် စစ်သား ၂ယောက်ကိုတော့ ဂုန်းပိုးသွားတယ် အသေလား အရှင်ဒဏ်ရာနဲ့လားတော့မသိရဘူး ပိုးသွားတာတော့တွေ့လိုက်ကြတယ်”လို့ အောင်းကုန်းဒေသခံ အမျိုးသားကပြောပါတယ်။

တိုက်ပွဲဟာ မနက် ၈ နာရီကနေ ၉ နာရီအချိန် ၁ နာရီကြာဖြစ်ပွားခဲ့တယ်လို့သိရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ထားသူတွေကို အင်းတော်နဲ့ ၅မိုင်ကျော်ဝေးတဲ့ သက်ကယ်ကျင်းကျေးရွာဘက်ကို သယ်ဆောင်သွားပြီးနောက် သက်ကယ်ကျင်းရွာမှာ ညအိပ်တပ်စွဲခဲ့ရာကနေ ဒီကနေ့မှာတော့အင်းတော်မြို့ထဲကိုဝင်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က အင်းတော်-ဗန်းဗောက်ကားလမ်းဘေးမှာ ရှိတဲ့ ကြိုးကြာလွင်ပြင်ကွင်းဟာ အောင်းကုန်း ဒေသခံတွေရဲ့ နွားတွေမျက်စားလွတ်တဲ့နေရာ ဖြစ်ပြီး အဲ့ဒီကွင်းမှာ ရှိနေတဲ့နွားတွေကို ပစ်ခတ်သွားတာလို့သိရပါတယ်။

“လေးကောင်လုံး အောင်းကုန်းကနွားတွေလို့ဆိုတယ်။ အားလုံးက ၄နှစ်သားတွေပဲရောင်းရင် ဒီမှာ ၁၀ ကျော် ၂၀ နီးပါးရနိုင်မယ့်အကောင်ကြီးတွေပစ်သွားတာတဲ့၊သေနတ်သံကြားတော့နွားကျောင်းတဲ့လူတွေကပြေးကုန်တာ ပြန်လာတော့မှနွားတွေက နေသတ်နဲ့ပစ်ထားကုန်ပြီ”လို့ ကြိုးကြာလွင်ပြင်ကွင်းအနီးရှိ အင်ပင်ကျေးရွာ နေအမျိုးသားတစ်ဦးက ပြောပါတယ်။

photo - ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်
photo – ရှေ့တန်းတစ်နေရာက ဗန်းမောက်ကာကွယ်ရေးတပ်

ဇူလိုင်လ ၁၀ ရက်ကျော်ကတည်းက တက်လာ ခဲ့အဲ့ဒီစစ်ကြောင်းဟာ ဗန်းမောက် ဘက် ကိုထိုးစစ်ဆင်ဖို့တက်လာတာလို့သိရပြီး မော်တိတ်ဒေသထဲက ခကြာခနတိုက်ခိုက်ခံလိုက်ရတာကြောင့်အထိနာပြီး ပြန်ဆုတ်သွားတာလို့ သိရပါတယ်။

အင်းတော်မြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေကြား မကြခနထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button