တိုက်ပွဲသတင်း

ဖားကန့် မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ် KIA နှင့် PDF ကဝင်ရောက်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့အဝင်မှာရှိတဲ့ ပန်းတင်တံတားဂိတ် ဒီနေ့ မနက်ပိုင်း ၁ နာရီလောက်မှာ တိုက်ခိုက်ခံရတယ်လို့ ပန်းတင်တံတားဂိတ်နားနေထိုင်သူတွေက ပြောပါတယ်။

”မနက်ကအိပ်ကောင်းနေတဲ့ချိန်အထိ တွေ ဒိန်း..ဒိန်း..ဒုန်း..ဒုန်းတော့ကြားလိုက်တယ်ဗျ။ လက်နက်ကြီးလည်း တစ်ချက် နှစ်ချက်ကြားတယ်။သေနတ်ငယ်သံတွေတော့ ဆက်တိုက်ပဲ တချို့က ပြာယာတွေခတ်သွားကြတာ ဘာဖြစ်တာလဲပေါ့။ ”လို့ ဖားကန့် အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။

အဲဒီဂိတ်ဟာ ဖားကန့်မြို့ အဝင်စစ်ဆေးရေးဂိတ်(ဒေသအခေါ် ပန်းတင်တံတားဂိတ်)လို့ခေါ်ကြပြီး စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ်ကစပြီး စစ်သားအင်အား ၂၀ ကျော်ကနေ ၃၀ ကျော်အထိ ရှိတဲ့ဂိတ်ဖြစ်ပါတယ်။

”ပန်းတင်တံတားဝင်တိုက်တာပါ အဲ့မှာ တွေကဘန်ကာ တွေလုပ်ပြီးဂိတ်ထိုင်တာ အဲ့တာကိုဝင်တိုက်တာ မနက်တစ်နာရီလောက်ကနေ စပစ်ကြတာ ၂နာရီထိုးခါနီးထိပစ်ကြတယ်”လို့ အထက်ဖော်ပြတဲ့အမျိုးသားကပြောပါတယ်။

ဒီနေ့မနက် တိုက်ပွဲမှာ KIA ၊PDF ဘက်ကအ ကျအဆုံးမရှိတပ်ဆုတ်ခဲ့တာတယ်လို့သိရပြီး စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုရှိတယ်လို့ ဆိုပေမယ့် အသေးစိတ်ကိုအတည်ပြုနေ ဆဲ ဖြစ်ပါတယ်။

အဲ့ဒီပန်းတင်တံတားဂိတ်ဟာ မြို့အဝင်မှာ ရှိတာကြောင့်စစ်ကောင်စီအတွက် အရေးပါနေ တဲ့ဂိတ်ဖြစ်ပြီး အရပ်သားပြည်သူတွေကိုပုံမှန်အစစ် အဆေးပြုလုပ်နေတဲ့ အပြင် အရပ်သားဖမ်းဆီးခံရမှုလည်းမကြာခနဖြစ်ပွားနေတဲ့ ဂိတ်ဖြစ်ပါတယ်။

ဖားကန့်မြို့နယ်ထဲက လယ်ပင်ဂိတ်၊ ကာမိုင်ဂိတ်နဲ့ ရဲစခန်းလိုနေရာမျိုးကို တိုက်ခိုက်ခံရမှု ယခင်ကမကြာခနရှိခဲ့ပေမယ့် ပန်းတင်တံတားဂိတ်ကိုဝင်တိုက်တာတော့ ယခု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

Related Articles

Back to top button