သတင်း

ဟုမ္မလင်းနယ်က လွှစင်ကုန်းရွာနှင့် မြောက်ရွာ ဒေသခံတွေကျေးရွာကနေ နေရပ်စွန့်ခွာဖို့ ရှမ်းနီတပ်ကအမိန့်ထုတ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက လွှစင်ကုန်းကျေးရွာနှင့် မြောက်ရွာက ဒေသခံတွေကို အိုးအိမ်စွန့်ခွာပြီးတိမ်းရှောင်ကြဖို့ ရှမ်းနီးအမျိုးသားတပ်မတော် (SNA) က အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

ဟုမ္မလင်းမြို့ လွှစင်ကုန်းကျေးရွာမှာတပ်စွဲ နေတဲ့စစ်ကောင်စီတပ်ကို ဇူလိုင် ၂၂ ရက်နေ့က ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ရေးတင်းမာနေတဲ့အတွက် ရှမ်းနီတပ်ပါ လွှစင်ကုန်းနဲ့ မြောက်ရွာထဲ ဝင်ရောက်တပ်စွဲ တော့မှာဖြစ်လို့ ကျေးရွာ ၂ ရွာစလုံး တိမ်းရှောင်ကြဖို့ SNA ကနေ အမိန့်ထုတ်ထားတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

စာလည်းထုတ်ထားတယ်တဲ့ ပြီးတော့ အိမ်တိုင်းလိုလိုမှာလည်းလာပြောတယ် လွှစင်ကုန်းနဲ့ မြောက်ရွာကလူတွေ ရွာထဲမနေကြဖို့ပေါ့ပစ္စည်းတွေလည်း အကုန်သယ်သွားကြလို့ပြောလို့ပြည်သူတွေက ပစ္စည်းတွေအကုန်မရွေ့ပြီးပြောင်းကြ ကုန်ပြီ ဒီနေ့ကနေလို့ သူကပြောပါတယ်။

SNA က စာနဲ့အမိန့်ထုတ်ထားသလို ဇူလိုင် ၂၅ ရက်နေ့ညကလည်း တစ်အိမ်တက်တစ်အိမ် ဆင်းပြီးပြောဆိုထားတာကြောင့်ဒေသခံတွေဟာ ဒီနေ့ မနက်ပိုင်းကနေစပြီး ကျေးရွာကို စွန့်ခွာသွားကြတယ်လို့သိရပါတယ်။

အရင်ကလည်း ရွေ့ခိုင်းတာတော့ရှိတယ်တာပေမယ့်လူပဲရွေ့ခိုင်းတာ အခုက လူကောပစ္စည်းတွေကောအကုန်သယ်သွားကြလို့ပြောတယ် သူတို့ရှမ်းနီတပ်တွေစစ်ကောင်စီတပ်နဲ့ပေါင်းပြီးဒီမှာတပ်ထိုင်တော့မယ်ပေါ့အဲ့လိုပြောပြီးရွေ့ခိုင်းတာလို့ အထက်ပါဖော်ပြခဲ့တဲ့ အမျိုးသမီးကပြောပါတယ်။

SNA တပ်ကပြောင်းရွေ့ခိုင်းထားတာကြောင့် လက်ရှိ မြောက်ရွာနှင့် လွှစင်ကုန်းရွာ ဒေသခံတွေဟာ ဟုမ္မလင်းမြို့ပေါ်၊ နောင်ပိုအောင်ရွာနှင့်အခြားနီးစပ်ရာကျေးရွာတွေက အသိဆွေမျိုးနဲ့ဘုန်းကြီးကျောင်းတွေမှာရောက်နေကြတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

လွှစင်ကုန်းနဲ့ မြောက်ရွာ ဒေသခံတွေဟာ ဇူလိုင် ၂၂ ရက်နေ့ကလည်းတိုက်ပွဲကြောင့် တစ်ကြိမ်ထွက်ပြေးတိမ်း‌ရှောင်ခဲ့ရပြီး ဇူလိုင် ၂၄ ရက်နေ့ ညပိုင်းကနေ နေရပ်စပြန်ဝင်ကြချိန် ဒီကနေ့ထပ်ပြီးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ယမန်နေ့ကလည်း ဟုမ္မလင်းမြို့နယ်ထဲက ဘိုကုန်းကျေးရွာ ရဲကင်းစခန်းကို PDF တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိပြောင်းရွေ့ခိုင်းတဲ့ လွှစင်ကုန်းနဲ့ မြောက်ရွာဟာ ဟုမ္မလင်း နဲ့၁၂ မိုင်လောက်ကွာဝေးပြီး လွှစင်ကုန်းမှာအိမ်ခြေ ၈၀ ခန့် မြောက်ရွာမှာအိမ်ခြေ ၁၀၀နီးပါးရှိတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button