သတင်း

စစ်ရိက္ခာသယ် စစ်သင်္ဘော ၉ စီး ဆန်တက်လာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက် တိုက်ပွဲဖြစ်လာနိုင်

မန္တလေးတိုင်းဘက်နေ ကချင်ပြည်နယ်ဘက်ကို ဦးတည်ပြီး ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းများသယ်လာတဲ့ စစ်သင်္ဘော ၇ စီးဆန်တက်လာတဲ့အတွက် မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ဇူလိုင်လ ၂၆ ရက်နေ နံနက်ပိုင်း ၅ နာရီဝန်းကျင်လောက်မှာ မန္တလေးရေတပ်စခန်းမှ ဧရာဝတီမြစ်ကြောင်း တစ်လျှောက် စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းဆောင်လာတဲ့ စစ်သင်္ဘော ၆ စီး၊ ရိက္ခာသယ် စစ်သင်္ဘောကို လုံးခြုံရေးယူပေးဖို့ရန်အတွက် ၃ စီးနဲ့အတူ စစ်လေယာဉ်တစ်စီးဝေဟင်ကနေ လုံခြုံရေးယူပေးပြီးတော့ ဆန်တက်လာတယ်လို့ မြို့လှ PDF အဖွဲ့ပြောပါတယ်။

သူတို့တက်လာပြီ ဆိုကတည်းက တိုက်ပွဲက ဖြစ်မှာသေချာတယ် အနည်းနဲ့အများကွာလိမ့်မယ်။ တစ်ဖက်က မပစ်ရင်တောင် တစ်ဖက်က ပစ်မှာသေချာတယ်။ ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း သတိထားပြီး လုံခြုံရေးအတွက် ဂရုစိုက်စေချင်တယ်လို့ပြောပါတယ်။

အခုလို စစ်ကောင်စီဘက်ကနေ စစ်အင်အားလုံးအရင်းနဲ့ လုံခြုံရေးယူထားပြီး စစ်သင်္ဘောများဆန်တက်လာတဲ့ သတင်းကြောင့် ဧရာတဝတီမြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာနေ ပြည်သူတွေက စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့လှ PDF မှ တာဝန်ရှိသူတစ်ယောက် KNG ကိုပြောပါတယ်။

ဒါက အရင်တုန်းကလည်း ကြုံဖူးတော့ ဒေသခံတွေက စစ်သင်္ဘောတွေ တက်လာပြီဆိုတော့ ကြောက်နေကြတယ်။ မြစ်ကြောင်းတက်လာတဲ့အတိုင်း သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့ ရွာနေတွေ လက်နက်ကြီးတွေကျတာလေ။ အဲ့ကြောင့် ပြည်သူတွေက အဝေးကြီးတွေကနေ ရှောင်နေရကြတာ။ ကျနော်တို့ကိုယ်တိုင်လည်း မြေပြင်ကိုကြည့်ပြီးတော့ သွားလာလှုပ်ရှားနေရတာဟုတ်တယ်လို့ပြောပါတယ်။

စစ်ကောင်စတပ်ဖွဲ့ဟာ ဇူလိုင်လ ၂၅ ရက်နေ့က စပြီးတော့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းအစပ် မင်းကျောင်းကုန်းနဲ့ ချောင်းဝဒေသမှာရှိတဲ့ မြစ်ကြောင်းတစ်လျှောက် နေရာတဝိုက် စစ်အင်အား ၁၅၀ လောက်ကင်းပုန်းချတပ်စွဲထားပြီဖြစ်တယ်လို့ သိရတယ်။

စစ်သင်္ဘော ၉ စီးနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ စစ်ရိက္ခာများမှာ ဗန်းမော်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေအတွက် စစ်အင်အားဖြည့်တင်းဖို့ သယ်ဆောင်လာတာဖြစ်နိုင်ပြီး ဒီလမကုန်မှီ ကချင်ပြည်နယ်ဘက်ခြမ်းကို ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ဘက်ခြမ်းကို စစ်ကောင်စီရဲ့ စစ်ရိက္ခာများသယ်ဆောင်မှု ရပ်နားထားတာ ၁၀ လ ဝန်းကျင်လောက်ကြာမြင့်လာခဲ့ပြီး ယခုတစ်ဖန်ပြန်လည် သယ်ဆောင်လာတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေထဲ စစ်ကောင်စီတပ်က ရေကြောင်းအသုံးပြုပြီးတော့ စစ်ရိက္ခာသယ်ဆောင်မှုမှာ မြစ်ကြောင်းတစ်လျှောက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာတစ်ချို့ နေအိမ် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button