သတင်း

သရက်ချောင်းရေကြီးမှုကြောင့် ဟိုပင်မြို့ပေါ် ရပ်ကွက်တစ်ချို့ရေနစ်မြှပ်ပြီးပျက်ဆီးဆုံးရှုံးမှုတွေရှိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့မှာ ဒီကနေ့မနက်ပိုင်းကနေ ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ဟိုပင်မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့သရက်ချောင်းဖျားဘက်မှာ လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက မိုးသည်းထန်ခဲ့တာကြောင့် ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့ မနက် ၆နာရီကနေ စပြီးဟိုပြင်မြို့ပေါ်က ရပ်ကွက်တွေရေနှစ်မြှုပ်တာကြောင့်ချောင်းနဲ့နီးတဲ့ ပြည်သူတွေယာယီပြောင်းရွေ့ခဲ့ရပြီး ပျက်ဆီးဆုံးရှူံးမှုတွေလည်းရှိတယ်လို့ ဟိုပင်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဟိုပင်မှာက အဲ့လောက်မရွာဘူးချောင်းအထက်မှာရွာတာ ချောင်းအထက်မှာရွာတော့ ဒီနေ့ မနက်ပိုင်းကနေရေတက်လာတာ ရေတက်လာတော့ ချောင်းနားက အိမ်တွေရေမြှုပ်တာ။ အိမ်ထဲမှာပိတ်မိနေတဲ့ မိခင်နဲ့ကလေးသူငယ်တွေကိုတော့ ပရဟိတ သမားတွေက လိုက်ကယ်ပေးတယ်ပျက်ဆီးမှုတွေ လည်းရှိသွားတယ်အချို့ဆိုင်ကယ်တွေမျောသွားတယ်လို့ သူကပြောပါတယ်။

သရက်ချောင်းရေကြီးမှုကြောင့် ချောင်းနဲ့နီးတဲ့ အောင်နန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊မြနန္ဒာရပ်ကွက်တွေ ရေနှစ်မြှုပ်ပြီး ရေအိမ်ပျက်ဆီးမှု၊ အိမ်မွေးတိရိစ္ဆာန်ဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

ပျက်ဆီးမှုကတော့ရှိသွားတယ် တချို့မီးဖိုချောင် အမိုးအကာတွေပါသွားတယ်။ ထင်းပုံကြီးတွေပါသွားတယ်။ပြီးတော့ တချို့အိမ်လှေခါးတို့ပါသွားတယ် ချောင်းနဲ့နီးတဲ့အိမ်တွေတော့ အနည်းနဲ့အများပျက်ဆီးမှုတွေရှိတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

အဲ့ဒီရေကြီးမှုကြောင့် အိမ်စီးကားတစ်စီး၊ဆိုင်ကယ်တစ်စီး၊ နေအိမ်တစ်လုံးအပြင် အိမ်မွေးတိရိစ္ဆာရန် ခွေး၊ကြောင်၊ ကြက် အများအပြား လည်းရေစီးနဲ့မျော်ပါသွားတယ်လို့ သိရပါတယ် ဟိုပင်မြို့မှာ သရက်ချောင်းရေကြီးမှုကြောင့် ယခုနှစ်ထဲမှာရေကြီးတာနှစ်ကြိမ်ရှိပြီ ဖြစ်ပြီး ပထမတစ်ကြိမ်က ဇူလိုင်လ ဆန်းပိုင်းမှာဖြစ်ခဲ့ပြီး ယခု တစ်ကြိမ် အဆိုးဝါးဆုံးဖြစ်တယ်လို့သိရပါတယ်။

Show More

Related Articles

Back to top button