သတင်း

အမိန့်ရအရက်ဆိုင်ဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသား ပစ်ခံရ၊ ဇနီးဖြစ်သူကို ဖမ်းဆီးသွား 

ဖားကန့် လုံးခင်းရပ်ကွက်မှာရှိတဲ့ အမိန့်ရ အရက်ဆိုင်တစ်ဆိုင် ဝင်စီးခံရပြီး ဆိုင်ရှင်အမျိုးသားကို‌ သေနတ်နဲ့ပစ်ပြီး ဓါးနဲ့မွှန်းခဲ့တဲ့အပြင် ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၁၀ နာရီဝန်းကျင်မှာ အရပ်ဝတ်နဲ့ လူငယ် ၃ ဦး ကားနဲ့ဝင်ရောက်လာခဲ့ပြီး ဆိုင်ထဲမှာသေနတ်ပစ်ခတ်တာခဲ့တဲ့အတွက် ဆိုင်ရှင်အမျိုးသားအပါအဝင် ဆိုင်ထဲမှာရှိတဲ့ အမျိုးသာ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ယောကျာ်းက သေနတ်ဒဏ်ရထားတဲ့ဟာ ဓါးနဲ့လည်း မွှန်းခဲ့တာတဲ့ မိန်းမကိုတော့ ဓါးထောက်ပြီး ဖမ်းသွားတယ်လို့ သိရတယ်လို့ လုံးခင်းဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံသွားရသူကတော့ ကိုရှမ်းလေးရဲ့ ဇနီး နန်းမွန်အောင်ဆိုသူဖြစ်ပြီး ကိုရှမ်းလေးကိုတော့ ဖားကန့်ဆေးရုံမှာပို့ဆောင်ထားပြီလို့ သူကဆက်ပြောပါတယ်။

ဖားကန့်မှာ ဇူလိုင်လ ၁၈ရက်နေ့ မနက်ပိုင်းမှာ လုံးခင်းရပ်ကွက် ငါးပစ်ဂိမ်းဆိုင်တစ်ဆိုင်ဝင်စီးခံရပြီး ဆိုင်မန်နေဂျာတစ်ဦးပစ်သတ်ခံရတဲ့အပြင် ဇူလိုင်လ ၂၀ ရက်နေ့ လုံးခင်းရပ်ကွက် ပြည့်စုံကောင်းထမင်းဆိုင်ရှေ့ပစ်ခတ်မှုနဲ့ ဇူလိုင်လ ၂၆ ရက်ညမှာတော့ စဗျစ်ခူးကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် ဖားကန့်မြို့ထဲမှာ အွန်းလိုင်းပေါ်ကနေ ငွေခြိမ်းခြောက်တောင်းခံတာ လမ်းသွားလမ်းလာ ဓါးမြတိုက်ခံရတာတွေဟာ ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။

ဒါပေမယ့် ဒီခိုးဆိုးလုယက်မှု ဓါးပြတိုက်ခံရမှု ပြန်ပေးဆွဲခံရမှု အားလုံးကိုတော့ ဖားကန့်မှာရှိနေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးစေလိုတယ်လို့လည်း ဖားကန့်ဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။

ခုကျမတို့မှာ ဘယ်သွားသွားလုံခြုံမှုမရှိကြောက်နေရတာ အိမ်ထဲတောင် မနေရဲတဲ့အဆင့်ဖြစ်လာနေတယ်။ အဲကြောင့် အာဏာရှိတဲ့သူတွေ ဖြေရှင်းပေးစေချင်တယ်လို့ ပြောပါတယ်။

ဖားကန့်မှာ ဒီလိုခိုးဆိုးလုယက်မှုကိစ္စအဝဝနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဘက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ကာကွယ်ရေးတပ်က ကျူးလွန်တာမရှိဘူးလို့ ပြောဆိုပါတယ်။

ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ဖားကန့်မြို့နယ်ရဲစခန်းကို ဖုန်းဆက်သွယ်ပေမယ့် ခုချိန်ထိဆက်သွယ်လို့ မရသေးပါဘူး။

Show More

Related Articles

Back to top button