သတင်း

ဖားကန့်မှာ ရဲတပ်ဖွဲ့ဝင်တွေစီးလာတဲ့ ကားတစ်စီးပစ်ခံရ ရဲတပ်ကြပ် တစ်ဦးသေဆုံး

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်ကျေးရွာမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦးစီးလာတဲ့ ကားတစ်စီးပစ်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတော့ တစ်ဦးဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ရဲတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာလ ၂၁ ရက် ဒီကနေ့ ညနေ ၅ နာရီခွဲလောက်မှာ ဆိုင်းတောင်ကနေ ဖားကန့်ဘက်သွားချိန် လမ်းဘေးတစ်နေရာမှာ အမည်မသိ လူတစ်စုက ပစ်သွားဝာာဖြစ်တယ်လို့ ဆိုင်းတောင်ဒေသခံတစ်ဦးက ပြောပါတယ်။

အပစ်ခံရတာက တစ်ယောက်သေပြီး၊တစ်ယောက်ဒဏ်ရာရသွားတယ်တဲ့၊ကားလည်းပျက်စီးသွားခဲ့တယ်လို့ ဆိုင်းတောင်ကျေးရွာနေပြည်သူတစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရသူဟာ ရဲတပ်ကြပ်ကြီး ဝင်းဇော်ဦးဆိုသူဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်နဲ့ပတ်သတ်ပြီးတော့ ဖားကန့်ကာကွယ်ရေးတပ်ဘက်က ပစ်ခတ်သွားနိုင်ဖြစ်နိုင်တယ််ဆိုပြီး သုံးသပ်ပြောဆိုနေကြပြီး  KNG သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ဖို့ ကာကွယ်ရေးတပ်တွေကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဖားကန့်မှာ လုံခြုံရေးရဲတပ်ဖွဲ့အပြင် ရဲတပ်ရင်း ၃၀ လည်း လှုပ်ရှားသွားလာနေတာလည်း ဖြစ်ပါတယ်။

ဖားကန့်မှာ စစ်ကောင်စီတပ်ဖွဲ့‌တွေနဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA, KPdf တို့ကြား  နှစ်ဖက်စစ်ရေးတင်းမာနေပြီး အပြန်အလှန် ပစ်ခတ်တာ‌‌ တွေ မကြာခန ဖြစ်ပွားနေသလို စက်တင်ဘာလ ၂၀ ရက်နေ့မှာလည်း ဖားကန့်မြို့အဝင် ပန်းတင်တံတားမှာရှိတဲ့ စစ်တပ်ဂိတ်ကို KIA, PDF ဘက်က သွားရောက်ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button