သတင်း

မြစ်ကြီးနားမှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဂျပန်လမ်းမှာ ဒီကနေ့ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ယာဥ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ယောက်ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မြစ်ကြီးနား လူမှုကယ်ဆယ်ရေး အသင်း Myanmar Rescue (Kachin) ဆီကသိရပါတယ်။

အမျိုးသားတစ်ယောက်စီးလာတဲ့ ဆိုင်ကယ်နဲ့ နှစ်စီးယာဥ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ သေဆုံးသူရဲ့ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

ဆိုင်ကယ်နှစ်စီးတိုက်တာဗျ အမျိုးသမီးကတော့ ပွဲချင်းပြီးပဲ တစ်ဖက်က ယောက်ျားလေးတဲ့ အမျိုးသမီး က လမ်းမှားတယ်လို့ပြောတယ် တစ်ဖက်ယာဥ်ကြောကဆိုင်ကယ်ကိုသွားတိုက်တာလို့ပြောတယ်ဗျလို့ မြစ်ကြီးနား လူမှုကယ်ဆယ်ရေး အသင်း Myanmar Rescue (Kachin) ကတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

လက်ရှိမှာသော သေဆုံးသူအမျိုးသမီးရဲ့ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံ ရင်ကွဲရုံမှာ ပို့ဆောင်ထား တယ်လို့သိရပါတယ်။

သေဆုံးသူအမျိုးသမီးဟာ အသက် ၄၀ အရွယ်ဝန်းကျင်ဖြစ်ပြီး တစ်ဖက်ယာဥ်မောင်းအမျိုးသားကတော့ ဘယ်ဖက်လက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီယာဥ်တိုက်မှုဖြစ်ခဲ့တဲ့ စီတာပူရပ်ကွက် ဂျပန်လမ်းဟာ မကြာခဏယာဥ်တိုက်မှုဖြစ်လေ့ရှိတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်အစောပိုင်းကလည်း တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်း ဆွတ်ဆီဆိုင် ရှေ့ပလက်ဖောင်းကို ကားတစ်စီးဝင်တိုက်မိရာမှ ကားမောင်းသူအပါ ၆ ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့ပါသေးတယ်။

By – Hope

Show More

Related Articles

Back to top button