သတင်း

ရွှေညောင်ပင် စစ်ရှောင်တွေအတွက် ယာယီစခန်းဆောက်လုပ်နေပြီလို့ဆို

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင် စစ်ရှောင်တွေအတွက် ယာယီခိုလှုံဖို့စခန်းဆောက်လုပ်ပေးနေပြီလို့ ဆမာနယ်မြေစစ်ရှောင်ကော်မတီကနေ သိရပါတယ်။

ရွှေညောင်ပင် စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကျေးရွာအတွင်း တိုက်ပွဲဖြစ်လာမဲ့အခြေအနေတွေကြောင့် ရွှေညောင်ပင်က‌နေ အောင်မြေ ၁ ကချင်နှစ်ခြင်းဘုရားကျောင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိချိန်ထိနေရပ်မပြန်နိုင်သေးတဲ့အတွက် ယာယီခိုလှုံဖို့ ဆောက်လုပ်ပေးနေတာ ဖြစ်တယ်လို့ ( SAMA Muna Magam Dap) က KNG ကိုပြောပါတယ်။

ဒီရွှေညောင်ပင် စစ်ရှောင်တွေအတွက် ဝါးအိမ်ပေါ့ အဲ့တာဆောက်ပေးနေတယ်။ အိမ်ဆောက်တာတွေအတွက်တော့ ဆမာနယ်မြေ စစ်ရှောင် ကော်မတီ( SAMA Ginwang Hpyen yen zinlum uphkang komiti) ကနေ တာဝန်ယူ ဦးဆောင်ပြီး လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

နေအိမ်ဆောက်တာတွေကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ လဆန်းကနေစတင်ဆောက် လုပ်ခဲ့ပြီး အမြန်ဆုံးပြောင်းရွေ့နေထိုင်နိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။

ရွှေညောင်ပင် ဒေသခံတွေအနေနဲ့ ကျေးရွာတွင်း ပြန်လည်နေထိုင်ဖို့ စိုးရိမ်တာတွေရှိနေသေးတဲ့အတွက် နေရပ်မပြန်သေးတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

တိုက်ပွဲတွေတော့မဖြစ်ဘူး၊ ဒါပေမဲ့ ဟိုကိုပြန်သွားရင်လည်း ဘယ်အချိန်ဘယ်လိုဖြစ်မလဲမသိဘူး အရင်တစ်ခေါက်ကလည်း ထွက်ပြေးပြီးပြန်လာတာ တစ်ရက်တောင်မခံခဲ့ဘူးလေ တကယ်လို့ ပြန်သွားခဲ့ရင်တောင် တစ်ခုခုပြန်ဖြစ်လာရင် ထွက်ပြေးဖို့က အရမ်းခက်ခဲ့တယ်လေလို့ပြောပါတယ်။

ဒါ့အပြင် ရွှေညောင်ပင် ဒေသခံတွေဟာ ကျေးရွာအတွင်း ပြန်လည်နေထိုင်လို့မရသေးတဲ့အပြင် ရိတ်သိမ်းတာတွေ ကျန်ရှိနေသေးတဲ့ စပါးခင်းမှာ နေ့ချင်းပြန်ပြီး စပါးရိတ်ထား၊ စပါးချွေတာတွေကိုလုပ်နေရတယ်လို့ သိရပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွှေညောင်ပင်ဒေသခံတွေဟာ အိမ်ထောင်စု ၁၀၀ ကျော်နဲ့ လူဦးရေ အယောက် ၅၀၀ ဝန်းကျင်ထိ ရှိနေပြီလို့ သိရပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button