သတင်း

လုံရှာယန်မှာ စစ်တပ်ကအခိုင်အမာတပ်စွဲနေတာကြောင့် ဒေသခံများထပ်ပြီးထွက်ပြေးတိမ်းရှောင်နေရ

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာမှာ နယ်မြေလုံခြုံရေးခေါင်စဉ်နဲ့ အခိုင်မာတပ်စွဲနေတာကြောင့် ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရတယ်။

အဲဒီတပ်စခန်းပြန်ပြီးတည်ဆောက်ထားတဲ့နေရာဟာ လုံရှာယန်ရွာရဲ့ ဘုရားကျောင်း၊ ပညာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေရဲ့ ကြားမှာဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲတွေဖြစ်လာခဲ့ရင် ပြည်သူတွေဒုက္ခရောက်ပြီး ထပ်မံထွက်ပြေးရမှာကို စိုးရိမ်နေကြတာကြောင့် ကြိုပြီးတိမ်းရှောင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုစစ်တပ်စခန်းတည်ဆောက်နေတာ ပြီးသလောက်ရှိပြီ။ တပ်တစ်ဖက်တည်းဆိုရင်တော့အဲ့လောက်စိုးရိမ်စရာမလိုပေမဲ့ လက်နက်ကိုင်တပ်နှစ်ဖွဲ့လုံးရှိတယ်ဆိုတော့ ကျနော်တို့က လောလောဆယ်စိုးရိမ်နေကြရတာပေါ့။ ဒီမှာသာ သေနတ်သံတွေနဲ့ပြည့်လာရင် ကျနော်တို့ရွာက မီးလောင်ပြာကျမလားဆိုတာတွေပေါ့ အခု ဒီမှာက တပ်ရင်းမှူးထိုင်တယ်လေ။အဲကြောင့် ကြိုပြီးပြေးနေကြတာ လို့  လုံရှာယန်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လဆန်း (၁၀ရက်ကျော်ကစပြီး ပူတာအိုဘက်ကနေ စစ်ကောင်စီကား  စီးနဲ့တက်လာပြီး အင်ခါးဂါးဘက်က တပ်ဆုတ်သွားတဲ့ တပ်ဖွဲ့တွေအပါအဝင် ပြည်သူ့စစ်တွေလည်း စုပေါင်းပြီး တပ်စခန်းစတင်တည်ဆောက်လာတာ ခုဆိုရင် တစ်လခန့်ကြာလာပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြီးစီးသလောက်အခြေအနေမှာ ရှိပြီး စစ်တပ်စခန်းမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအဆင့်ထိုင်နေတာဖြစ်သလို ပြည်သူ့စစ်တွေအပါအဝင် စစ်အင်အား ၁၀၀ ကျော်ခန့်ရှိနေတယ်လို့ သိရပါတယ်။

ခုတည်ဆောက်ထားတဲ့ စစ်တပ်စခန်းဟာ ဘက်ဟိုးတွေနဲ့ မြေညှိတာတွေ၊ ကတုတ်ကျဉ်းတူးတာတွေ၊ ကျေးရွာထဲရှိခသစ်စက်တွေဆီက သစ်တွေအမြန်နည်းနဲ့ မှာယူပြီး ဝါးတွေရှာဝယ်ကာ တပ်စခန်းကို အခိုက်အမာတည်ဆောက်နေတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

အဲဒီလိုတပ်စခန်းတည်ဆောက်ဖို့ ပြင်ဆင်နေလျက် ကျေးရွာအတွင်းမှ ပြည်သူများရဲ့နေအိမ်တွေမှာ ဝင်နေ၊ ဝင်အိပ်ပြီး၊ တစ်ချို့ကတော့ ပညာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေရာယူသည်သာမက ညတိုင်းညတိုင်း ရွာပတ်ပတ်လည်မှာ ဒရုန်းနဲ့လုံခြုံရေးယူပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

အခု စစ်ကောင်စီဘက်က စခန်းတည်ဆောက်ပြီး တပ်ချနေတဲ့နေရာဟာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကချင့်လွတ်မြောက်ရေးတပ်မတော် (KIA)မှ သွားရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ လုံရှာယန်တပ်စခန်းဖြစ်ပြီး အခုတစ်ဖြန် အဲ့ဒီနေရာမှပြဲ ပြန်လည်ပြီး အခိုင်အမာစခန်းပြန်လည်တည်ဆောက်ခြင်းဖြစ်ပါတယ်။

အခုသူတို့ပြန်လာပြီး တပ်တွေဆောက် မြေတွေတူးဖော် မြေတွေညှိပြီး အကြီးအကျယ်  မှန်အကန်လုပ်ကြတယ်။ ဒါကြောင့် အခုကျနော်တို့ ဒေသခံပြည်သူတွေတောင် စိုးရိမ်နေတယ်။ သူတို့အဲ့မှာပြန်ထိုင်လို့ကတော့ ရွာထဲ တိုက်ပွဲတော့ ပြန်ဖြစ်တော့မယ်ဆိုပြီး စိုးရိမ်နေကြတာပေါ့။လို့ လုံရှာယန်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

 အခုလို တပ်စခန်းပြန်လည်ဆောက်လုပ်ပြီး နေရာယူလာတာဟာ စစ်ကောင်စီဘက်က နယ်မြေလုံခြုံရေးခေါင်းစဉ်တပ်ပြီး ဆောက်လုပ်နေတာလည်းဖြစ်သလို ပူတာအို မူလာရှီးဒီဂိတ်ကို ကာကွယ်ဖို့လည်းဖြစ်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုပါတယ်။

လုံရှာယန်မှာ သူတို့အမာခံ တပ်စွဲဖို့ နေရာပြန်ချနေတာပေါ့လေ။ သူတို့က အကာအကွယ်ယူချင်လို့ပေါ့။ မူလာရှီးဒီးဂိတ်တို့လိုဟာမျိုးတွေကို အကာအကွယ်ယူချင်လို့ ဒီမှာနေရာပြန်ယူတာပေါ့။ ဒီမှာက ရွာသားတွေလည်း ကချင်တိုင်းရင်းသားတွေပဲဆိုတော့ သူတို့အတွက် အကာအကွယ်ကောင်းလည်း ဖြစ်သွားတာပေါ့။ သူတို့ရဲ့ ပူတာအိုခံတပ်ရဲ့ ရှေ့တန်းအကာအကွယ်ပေးစခန်းအဖြစ် လုပ်နေတာပေါ့။” ဟု ပူတာအိုဒေသခံက ဆက်ပြောပါတယ်။

ပူတာအိုဒေသ ဆွမ်ပီယန် နဲ့ လုံရှာယန် ဒီဒေသတွေမှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်နဲ့ KIA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေတောတောင်တွေ နဲ့ မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဧပြီလမှာပဲ နေရပ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ 

အခုချိန် ပူတာအိုဒေသမှာ စစ်ကောင်စီအထိုင်ချ တပ်စခန်းတည်ထားတဲ့နေရာတွေက ဆွမ်ပရာဘွမ်စစ်ကောင်စီတပ်စခန်း၊ အွမ်ပီယန် နဲ့ လုံရှာယန် စခန်းတွေဖြစ်ပြီး ပူတာအိုဘက်မှာတော့ မူလာရှီဒီးဂိတ်တွေဖြစ်တယ်လို့ သိရတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button