သတင်း

ဝှေခါရွာက ပြည်သူ ၃၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာနဲ့ အနီးဝန်းကျင်ရွာတွေမှာ လာရောက်စစ်ရှောင်နေကြတဲ့ ပြည်သူထဲက တစ်ချို့နေရပ်ပြန်ကြပေမယ့် လက်ရှိပြည်သူ ၃၀၀၀ ကျော်စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ  ရက်နေ့က ဝှေခါကျေးရွာမှာရှိတဲ့ ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဝှေခါကျေးရွာဘက်မှာစစ်ကောင်စီတပ်နဲ့KIAKPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူ ၄၀၀၀ နီးပါး ဆိုင်းတောင်နဲ့မှော်ရှန်ကျေးရွာထဲကိုစစ်ဘေးရှောင်လာကြတာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီထဲမှာ တစ်ချို့က နေရပ်ပြန်သွားကြပေမယ့် အများပိုင်းကျန်နေသေးတာဖြစ်တယ်လို့ မှော်ရှန်ဒေသခံအမျိုးသားတစ်ဦးက KNGကိုအခုလိုပြောပါတယ်။

ကျွန်တော်တို့ မှော်ရှန်ဘုန်းကြီးကျောင်းမှာက စစ်ရှောင် ၈၀၀ လောက်တိမ်းရှောင်လာကြတာ ဒါပေမယ့်အခု ၂၀၀ ကျော်က နေရပ်ပြန်သွားကြပြီ ကျန်နေတာက ဝှေခါနဲ့မကားပင်ဘက်ကဟာတွေကျန်သေးတယ်ပြန်လို့မရသေးဘူးလို့ အထက်ပါအမျိုးသားကပြောပါတယ်။

ဇန်နဝါရီလ ၆ရက်နေ့ ဝှေခါတိုက်ပွဲကြောင့် စစ်ဘေးရှောင်ခဲ့ရတဲ့ကျေးရွာတွေဟာ ဝှေခါ၊ မကားပင်၊ မော်တောင်း၊ မော်လကင်၊ ဆိုင်းအောင် စတဲ့ကျေးရွာတွေဖြစ်ပြီး မှော်ရှန်ဘုန်းကြီးကျောင်းမှာ ၈၀၀ ဝန်းကျင်နဲ့ ဆိုင်းတောင်ကျေးရွာထဲက ဘုန်ကြီးကျောင်းသုံးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်း  ကျောင်းမှာစုစုပေါင်း ၂၀၀၀ ကျော်တိမ်းရှောင်လာကြပြီးလက်ရှိ ဝှေခါနဲ့ မကားပင်က စစ်ဘေးရှောင်တွေတော့နေရပ်ပြန်လို့မရသေးဘူးလို့ ဆိုင်းတောင်မှာရောက်နေတဲ့စစ်ရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အခုပြန်ကြတာက မှော်ရှန်မှာရှိတဲ့ထဲက ဆိုင်းအောင်ရွာတို့ဘက်ကပြန်ကြတာ ဆိုင်းတောင်မှာက မကားပင်နဲ့ ဝှေခါထဲကလူတွေကြီးဆိုတော့သူတို့က အခုပြန်လို့မရသေးဘူး။ လမ်းပိတ်ထားတယ်တဲ့ ၂၀၀၀ ကျော်ရှိသေးတယ်လို့ အထက်ပါအမျိုးသားကပြောပါတယ်။

လက်ရှိ ဝှေခါကျေးရွာမှာ စစ်ကောင်စီစစ်သား တွေ အင်အား အများအပြားနဲ့ ဝှေခါစစ်တပ်ကုန်းမှာခြေကုပ်ယူထားပြီး လက်နက်ကြီးပစ်ကူတွေလည်းနေ့စဥ်ပစ်ခတ်နေတာကြောင့် ဝှေခါဘက်ကို လမ်းပိတ်စို့ထားလို့ ဝှေခါနဲ့ ဝှေခါအနီးက မကားပင်ရွာစစ်ရှောင်တွေနေရပ်ပြန်လို့မရသေးတာလို့သိရပါတယ်။

ဝှေခါရွာထဲကိုအခုလမ်းပိတ်ထားတယ်ဗျ ကျွန်တော်တို့ဘက်ကပိတ်ထားတာပါဘယ်သူ ဘယ်ဝါမှသွားလာခွင့်မရှိဘူး အခုဝှေခါမှာစစ်သားတွေရှိနေတော့ နှစ်ဖက်စစ်ရေးတင်မာနေတယ်။ ပြီးတော့သူတ်ို့ကိုရိက္ခာဖြတ်တဲ့သဘောနဲ့လမ်းပိတ်ထားတာပါလို့ ဖားကန့် KPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။

လက်ရှိ မှော်ရှန်ကျောင်းမှာကျန်ရှိနေတဲ့ စစ်ဘေးရှောင် ၅၀၀ ကျော်နဲ့ ဆိုင်းတောင်မှာရှိနေတဲ့ စစ်ဘေးရှောင် ၂၀၀၀ ကျော်အတွက်အစားအသောက်အကူအညီလည်းလိုအပ်နေတယ်လို့သိရပါတယ်။

အခုသူတို့အတွက်အဓိကလိုလာမှာကတော့သူတို့စားဖို့သောက်ဖို့ပဲလိုအပ်မယ် အလျှူရှင်တွေကလည်းလျှူကြပါတယ် တာပေမယ့် လူများတော့ ကျွန်တော်တို့ကျောင်းက လူ ၅၀၀ ကျော်တွက်တောင်တစ်နေ့ကိုဆန် ၁၀ အိတ်ဝန်းကျင်ကုန်တယ်လို့ မှော်ရှန်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

ဝှေခါကျေးရွာက စစ်ကောင်စီရဲစခန်းကို KIA KPDF က ဇန်နဝါရီ ၆ရက်နေ့ မနက်အစောပိုင်းမှာတက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီစစ်သားတွေဟာဝှေခါစစ်တပ်ကုန်းကနေခြေကုပ်ယူထားတာကြောင့် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button