သတင်း

မိုးမိတ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အရပ်သားသေဆုံးမှုရှိ

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က မိုးမိတ်မြို့နယ်မှာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတစ်ယောက်သေဆုံးသွားတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ဒီကနေ့ မနက်ပိုင်း  နာရီခွဲကစလို့ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေပြန်လည်ပြင်းထန်နေပြီး လက်ခုပ်တန်းရွာနဲ့ မိုးမိတ်မြို့နယ် မြောက်ပိုင်းဘက်မှာတိုက်ပွဲဖြစ်နေတာလို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

အခုကို လေယာဥ်ကကြဲချနေတယ် မနက်  နာရီခွဲကတည်းကစဖြစ်နေတာ လေယာဥ်ကတော့ အဆက်မပြတ်ကိုလာပြီးတော့ကြဲနေတာ မနေ့ကကော ဒီနေ့ကော အရပ်သားသေဆုံးမှုတွေရှိတယ် ဒီနေ့မနက်က တော့လေယာဥ်ကြောင့်ထိပြီး အမျိုးသမီးတစ်ယောက် သေဆုံးတယ်လို့ ပိတ်မိနေတဲ့အမျိုးသမီးကပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးဟာ နမ့်ခမ်းအင်းရွာကလို့ သိရပေမယ့် အသေးစိတ်ကို KNG က အတည်ပြုနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က တိုက်ပွဲအတွင်းမှာ‌တော့ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်အပြန် အလှန် ပစ်ခတ်မှုတွေအကြား အရပ်သား  ယောက် သေဆုံးတယ်လို့ သိရပေမယ့် တိုက်ပွဲဆက်တိုက်ပြင်းထန်နေဆဲဖြစ်တာကြောင့် သေဆုံးသူတွေရဲ့ အခြေနေကို အတည်မပြုနိုင်သေးဘူးလို့သူကဆိုပါတယ်။ 

တစ်ဖက်မှာ လက်ရှိ မိုးမိတ်တိုက်ပွဲဟာ အတော်လေးပြင်းထန်နေလို့ ပိတ်မိနေတဲ့အရပ်သားတွေ အတော်လေးစိုးရိမ်နေကြရတယ်လို့လည်း ပိတ်မိနေတဲ့ဒေသခံတွေကပြောပါတယ်။

အခုက အခြေနေက အရမ်းကိုစိုးရိမ်ရတဲ့အနေအထားဖြစ်နေတာ ပြည်သူတွေက အိမ်ထဲမှာရှိနေကြတာ သက်ကြီးရွယ်အိုတွေကော အခြေနေတွေကြောင့် မသွားနိုင်သူတွေကလေးငယ်တွေအကုန် ကိုယ်အိမ်နဲ့ ဗုံးခိုကျင်းတွေထဲနေ နေရတဲ့အခြေနေပေါ့ လို့ပိတ်မိနေတဲ့ ဒေသခံအမျိုးသမီးကဆိုပါတယ်။

မိုးမိတ်မြို့နယ်ထဲက ရဲစခန်းအပါအဝင် စစ်ကောင်စီရဲ့တပ်စခန်းတွေကို မနေ့က ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်း  နာရီဝန်းကျင်ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာဖြစ် ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button