သတင်း

ဝှေခါဗျူဟာကုန်းကို KIA နဲ့ KPDF အပြီးသတ်သိမ်းပိုက်

ဗိုလ်မှူးတစ်ဦးနဲ့ စစ်သားတစ်ချို့ထွက်ပြေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာ (Gwihka mare) မှာရှိတဲ့ ဝှေခါဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်  KIA KPDFပူးပေါင်းတပ်တွေက  ဒီကနေ့ မနက်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က‌နေ သိရပါတယ်။

ဇန်နဝါရီလ ၆ ရက်နေ့ကတည်းကနေ ဝှေခါရွာမှာအထိုင်ချထားတဲ့ စစ်တပ်ဗျူဟာကုန်းနဲ့ရဲခန်းကို KIAPDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် ရဲစခန်းတစ်ခုကိုသာ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် KIAPDF ဘက်က အပြီးသတ်သိမ်းယူနိုင်ဖို့ ဆက်တိုက်ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ၁၅ ရက်ကြာဆက်ပြင်းထန်ခဲ့ရာကနေ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဗျူဟာကုန်းကိုအပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်ပြီး ဗိုလ်မှူးတစ်ဦး နဲ့စစ်သားတစ်ချို့ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒီလ  ၆ရက်နေ့ကနေ စခန်းကုန်းရဖို့ ကြိုးစားခဲ့ကြတာ ၁၅ရက်မြောက်မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့တာပါတယ်။ ခုပြေးသွားတဲ့သူတွေ လိုက်ဖမ်းနေတုန်းလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

KIA,PDF သိမ်းပိုက်လိုက်တဲ့ ဝှေခါဗျူဟာကုန်းဟာ ဖားကန့်နဲ့အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ စခန်းကုန်းတစ်ခုဖြစ်ပါတယ်။

လက်ရှိ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးနဲ့အဖွဲ့တွေကို လိုက်လံဖမ်းဆီးတာအပြင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေ‌သေးတဲ့အတွက် အခြေအနေအသေးစိတ်ကိုတော့ ထုတ်ပြန်လို့ အဆင်မပြေသေးကြောင်း KIA နဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့က စတင်ခဲ့တဲ့ ဝှေခါတိုက်ပွဲမှာ ဝှေခါရဲစခန်းကုန်းကိုရရှိပြီးစခန်းမှူးကို အရှင်မိခဲ့‌ပေမယ့် စစ်ကောင်စီတပ်ဘက်က လေယာဉ်ပစ်ကူတာအပြင် ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူ အလွန်အကျွံအသုံးပြုခဲ့တဲ့အတွက် စစ်တပ်အထိုင် ဝှေခါဗျူဟာကုန်း ရရှိဖို့ ၁၅ ရက်အထိ ကြာမြင့်ခဲ့တာလို့ သိရပါတယ်။

ဖားကန့်ဒေသမှာ KIA,PDF တွေအနေနဲ့၂၀၂၄ ခုနှစ်အတွက် စစ်တပ်အခိုင်အမာတပ်စွဲတဲ့ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး တစ်ခြားအခိုင်အမာအထိုင်ချထားတဲ့ ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်း၊ ကာမိုင်းဗျူဟာတို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ဒါ့အပြင် KIA,PDF တွေအနေနဲ့ ဝှေခါတိုက်ပွဲ အောင်မြင်မှုကနေ ပြည်ထောင်စုကြီး ပေါ်ပေါက်တဲ့အထိ အောင်ပွဲများရယူသွားမယ်လို့လည်း KPDF တာဝန်ရှိသူကပြောပါတယ်။

“KIA တပ်မဟာ ()ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ဖားကန့်က ရဲဘော်တွေ သင်ယူကြိုးစားခဲ့ကြတာဖြစ်ပါတယ်၊ ပြည်သူတွေအတွက် အောင်ပွဲတွေဆက်လက်ရယူပေးသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်လို့ ပြောပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး KIA, PDF ,ABSDF ပူးပေါင်းတပ်တွေဟာ ကချင်ရှမ်းပြည်အစပ် မိုးမိတ်မြို့ဘက်ကို တိုက်ပွဲဖော်ဆောင်နေသလို ၊ မံစီမြို့နယ် မံဝိန်းကြီးတစ်လျှောက်က စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နေပြီဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button