စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

စီခမ်းကြီးမှာ ဒေသခံတစ်ထောင်ကျော် ထွက်ပြေးနေရ

ကချင်ပြည်နယ် မံစီမြို့နယ် စီခမ်းကြီးကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တဲ့အတွက် စီခမ်းကြီးကျေးရွာနေပြည်သူတစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ကချင် နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ စီခမ်းကြီးကျေးရွာထဲ ဒေသခံပြည်သူ ၂၀၀ ကျော်ထဲက လူဦးရေ ၁၅၀၀ ကျော်လောက်ဟာ တိုက်ပွဲ ဖြစ်ပွားလာမှာကိုစိုးရိမ်တဲ့အတွက် ဇန်နဝါရီ ၂၄ ရက်နေ့မနက်ပိုင်းကတည်းကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ စီခမ်းကြီးကျေးရွာနေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ဟိုပြေးဒီပြေးပြေးနေကြတာပါ ဘာကြောင့်လဲဆိုတော့ မဘိန်းဘက်ကအ ခြေအနေကြောင့်ပြေးနေကြတာပါ့အေး။ ဒီဘက်ကိုလည်း လာနေတယ်ဆိုတဲ့သတင်းတွေလည်းလွင့်တဲ့အသံနဲ့ပါ့အေး။ရွာထဲမှာသုံးပုံတစ်ပုံလောက်ပဲကျန်တော့တယ်လို့ သူကပြောပါတယ်။

ဒေသခံတွေအခုလိုထွက်ပြေးတိမ်းရှောင် နေကြတာဟာ လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ကချင်နဲ့ရှမ်းအစပ် ရှမ်းပြည်နယ် ထဲက မဘိမ်းမြို့ကို KIAနဲ့မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး အလားတူစီခမ်းကြီးကျေးရွာကိုလည်း လာရောက်သိမ်းပိုက်လာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာကြောင့်ဒေသခံတွေကြိုတင်ရှောင်တိမ်းနေကြတာလို့ ဒေသခံတွေကဆိုပါတယ်။

တိုက်ပွဲဘာညာဖြစ်တာတော့မရှိသေးဘူး မဘိမ်းဘက်ကနေဒီဘက်ကိုဆင်းလာနေတယ်ဆိုတဲ့အသံပဲကြားတယ်ဗျ။ ဟိုဘက်ကနေအဖွဲ့ပေါင်းစုံဆင်းလာမယ်ဆိုပြီးကြားနေတာ မဘိမ်းဘက်ကအရှိန်နဲ့ဒီဘက်က လန့်နေကြတာလို့ အထက်မှာဖော်ပြခဲ့တဲ့စီခမ်းကြီးကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

စီခမ်းကြီးကျေးရွာဟာ မဘမ်းမြို့နဲ့ မိုင်ပေါင်း ၃၀ ကျော်သာကွာဝေးတာဖြစ်ပြီး လက်ရှိ စီခမ်းကြီးရွာ ထဲမှာ စစ်ကောင်စီခလရ အထိုင်တပ်စခန်းတစ်ခုရှိတာကြောင့် အဲ့ဒီတပ်စခန်းကိုသိမ်းပိုက်နိုင်ခြေရှိတာကြောင့်ဒေသခံတွေထိတ်လန့်နေကတာလို့သိရပါတယ်။

လက်ရှိစီခမ်းကြီးဒေသခံအများစုဟာ ဗန်းမော်မြို့တွင်းဘက်ကိုတိမ်းရှောင်သွားကြပြီးအချို့က တောတောင်တွေနဲ့ယာခင်း၊လယ်ခင်းတဲတွေမှာတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

စီခမ်းကြီးကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိတာလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button