တိုက်ပွဲသတင်း

ရှမ်းမြောက်မှာ MNDAA နဲ့ SSPP/SSA တပ်တို့တိုက်ပွဲဖြစ်

တွေ့ဆုံဆွေးနွေးမှုနဲ့ဖြေရှင်းသွားမယ်လို့ SSPP/SSA ကထုတ်ပြန်

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှာ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုနဲ့ ဖြေရှင်းသွားမယ်လို့ SSPP Info က မနေ့က မတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုးကန့်တပ် MNDAA ဟာ သိန္နီမြို့ထဲမှာရှိတဲ့ SSPP/SSA ရဲ့ တပ်စခန်းကို မတ်လ ၂၆ ရက်နေ့က ဒရုန်းနဲ့နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာကနေ မနေ့က မတ်လ ၂၇ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး SSPP/SSA က ခုခံ ကာကွယ်တဲ့အနေအထားနဲ့ပဲ ခုခံခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိုးစစ်ဆင်တိုက်ခိုက်မူများကို SSPP/SSA မှ ခုခံ ကာကွယ်သည့် အနေအထားဖြင့်သာ ခုခံတိုက်ခိုက်ခဲ့ပြီး တိုင်းရင်းသား အချင်းချင်းပြည်လည် သင့်မြတ် ရေး အတွက် ရှေးရှုကာ တွေ့ဆုံဆွေးနွေးမူ လမ်းစဉ်ဖြင့် အတတ်နိုင်ဆုံး ပြသာနာများ ဖြေရှင်းသွားနိုင် ရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည် လို့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဥ်နဲ့ ဖြေရှင်းလို့မရခဲ့မှသာ သူတို့အဖွဲ့အစည်းနဲ့အုပ်ချုပ်ရေး နယ်မြေအတွင်းမှာ မိဘပြည်သူတွေကိုထိပါးစော်ကူးမှုတွေလုပ်လာရင်တော့ ထိထိရောက်ရောက် ပြန်လည်တုန့်ပြန်သွားမယ်လို့ SSPP/SSAက ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

မတ်လ ၂၆ ရက်နေ့တိုက်ပွဲကတော့ သိန္နီမြို့နယ် စယ်အူကျေးရွာအုပ်စု ကုန်းညောင်ရွာအနီးမှာဖြစ်ပွာ ခဲ့တာဖြစ်ပြီးတော့ ၁၀မိနစ်ခန့်နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတာလို့ သိရပါတယ်။

မတ်လ ၂၇ ရက်နေ့ မနက်ပိုင်း  နာရီလောက်မှာတော့ စယ်အူကျေးရွာအုပ်စု ပန်းနားကျေးရွာအနီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၁၂ နာရီလောက်ထိ နှစ်ဖက်ထိတွေ့မှုတွေဖြစ်ခဲ့တယ်လို့ SSPP Info က ဆိုပါတယ်။

ဟုတ်တယ် နမ့်စလပ်မှာ ကိုးကန့်နဲ့ရှမ်းနဲ့ဖြစ်တာ သူနေရာဝင်ကိုယ့်နေရာဝင်အဲ့လိုထိပ်တိုက်တွေ့ ကြတာတဲ့ အဲ့ဘက်ကတော့ သိန္နီကျတာပေါ့ အဲ့တစ်ဝှိုက်ကရှမ်းဘက်ကလည်း သွားလာနေတာ ရှိတယ် အဲ့မှာထိတွေ့ကြတာ သိန္နီကိုကျ MNDAA ကထိန်းချုပ်ထားတာကို လို့ဒေသခံတစ်ယောက်ကလည်း MNDAA နဲ့ SSPP/SSAတို့အကြား တိုက်ပွဲဖြစ်တဲ့အခြေနေကို အတည်ပြုပါတယ်။

ဒီတိုက်ပွဲဖြစ်စဥ◌်နဲ့ပတ်သက်လို့ ကိုးကန့်တပ် MNDAA ကလည်းတစ်စုံတစ်ရာသတင်း ထုတ်ပြန် ခြင်းမရှိသေးသလို MNDAA ရဲ့ပြန်ကြားရေးတာဝန်ခံ ဦးလီကျားဝင်းကို KNG က စာပို့မေးမြန်းထား ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တပ်မတော် SSPP/SSA တို့အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် KIA မိုင်းလားတပ်ဖွဲ့ NDAA နဲ့ ညီနောင်မဟာမိတ်၃ ဖွဲ့ထဲက ရက္ခိုင့်တပ်တော် AA တအာင်းတပ်မတော် TNLA တို့ဟာ “” တပ်ဖွဲ့ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC တွင်ပါဝင်ထားသော အဖွဲ့များဖြစ်ကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button