စစ်ပြေးဒုက္ခသည်များသတင်း

နေရပ်ပြန်တာမခံပြည်သူများ ကောလဟာလသတင်းကြောင့် ထပ်ပြီးတိမ်းရှောင်သူတွေရှိနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ KIA ကချင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ KPDF မဟာမိတ်ပူးပေါင်းတွေထိန်းချုပ်ထားတဲ့ တာမခံကျေးရွာထဲ နေရပ်ပြန်လာတဲ့စစ်ဘေးရှောင်ပြည်သူအချို့ ကောလဟာလသတင်းတွေကြောင့် ထပ်မံတိမ်းရှောင်သွားကြတာတွေရှိနေကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်သွားကြတဲ့ တာမခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာမှနေရပ်ပြန်ဝင်လာခဲ့ကြပေမယ့် ကောလဟာလသတင်းတွေကြောင့် လွန်ခဲ့တဲ့  ရက်က စလို့ ထပ်မံစစ်ရှောင်သွားကြသူတွေရှိနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

တချို့တွေလည်းသွားကြလာကြတာပါ့ တိမ်းရှောင်နေကြတာပါ့တချို့တွေလည်း တချို့လည်းပြန်ဝင်သွားကြပြီးတချို့လည်း ဘာသံကြားလည်းမသိဘူး မနေ့တုန်းက ၂၆ ရက်နေ့တုန်းကဆိုရင်တော့ သွားလာနေကြတာ အထုပ်အပိုးတွေနဲ့ ဘယ်သွားဘယ်လာကြလဲမသိတတ်တော့ဘူးလို့ပြောပါတယ်။

တပ်မတော်နေ့မှာ တာမခံဘက်ကိုလေယာဥ်နဲ့ဗုံးလာကျဲမယ်ဆိုတဲ့သတင်းတွေနဲ့ တပ်မတော်နေ့ပြီးရင် တာမခံကိုစစ်ကောင်စီတပ်က ထိုးစစ်ပြန်လာမယ်ဆိုတဲ့ နှုတ်သတင်းတွေ လွန်ခဲ့တဲ့  ရက်လောက်ကတည်းက ပြည်သူတွေကြားပျံ့နှံ့နေခဲ့တာပါ။
ဒီ ကောလဟာလတွေကြောင့်ပဲ ပြည်သူအချို့တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး မတိမ်းရှောင်တဲ့ လူတွေလည်းပစ္စည်းရွေ့ပြောင်းတာမျိုးတွေလုပ်ဆောင်ကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

တချို့တွေလည်းပစ္စည်းတွေရွေ့ထားကြတာလည်းအဲ့လိုမျိုး လူကတော့ရှိတယ်အိမ်မှာတော့ အဲ့ဒီပစ္စည်းတွေပဲ နီးစပ်ရာဟိုဘက်ကမ်း တွေကိုရွေ့ထားကြတာ မထွက်တဲ့လူကများမယ်ထင်တယ် ပစ္စည်းရွေ့တဲ့လူများတယ် လူကတော့ အဲ့လောက်ကြီးမထွက်ဘူးလို့ပြောပါတယ်။

တာမခန်ကျေးရွာမှာ လက်ရှိအရပ်ဘက်အုပ်ချုပ်ရေးစနစ်နဲ့စတင်လည်ပတ်နေပြီဖြစ် ပေမယ့် တာမခန် အိမ်ခြေ ၈၀၀ ကျော်ထဲက လက်ရှိ ထက်ဝက်လောက်သာနေရပ်ပြန်ဝင်ကြပြီး ထက်ဝက်လောက်က နေအိမ်တွေပျက်စီး သွားတာကြောင့်နေရပ်ပြန်မဝင်ကြသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ KIAKPDF တပ်တွေ တာမခံကိုထိုးစစ်ဆင်တိုက်ခိုက်လာစဥ် အထိနာခဲ့တာကြောင့် ကျေးရွာထဲကလူနေအိမ်တွေကိုမီးရှို့ဖျက်စီးတာ၊ လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် အိမ်ခြေ ၅၀၀ ဝန်းကျင်ပျက်စီးခဲ့ပါတယ်။

 ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်နဲ့ကချင်ပြည်နယ်နေရာအနှံ့ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေပြီး ဖားကန့်မြို့နယ်ထဲက တာမခံစခန်း၊နန့်တိန်းတပ်းစခန်း၊ဝှေခါတပ်စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီး ဖားကန့်မြို့ကို ၇၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီလို့လည်း သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button