သတင်း

ပူတာအိုမြို့ ကားလမ်းမကြီးပေါ်မှာ အရပ်သား ၂ ဦးကိုဖမ်းဆီးခံရ

ကချင်ပြည်နယ် ပူတာအိုမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက လမ်းသွားရင်း အရပ်သား ၂ ဦးဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့ ဒီနေ့ မနက် ၅ နာရီခွဲအချိန်လောက်မှာ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ကောင်ကထောင်ရပ်ကွက်ကြား ဒေသအခေါ် (သံဘောင်တံတား) ပေါ်ကနေ အရပ်သားနှစ်ဦးကိုအဖွဲ့တစ်ဖွဲ့က ကား ၂စီးနဲ့ ဖမ်းဆီးသွားတဖြစ်တယ်လို့ ပူတာအိုမြို့ နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

မနက်အစောကြီးမှာဖြစ်သွားတာဟုတ်တယ် အမျိုးသား ၂ ယောက် ကလမ်းသွားနေတာ အဲ့ကားက အနောက်ကနေအသာလေးလာပြီး ဖမ်းပြီးချက်ချင်းကား ပေါ်တင်လိုက်တာ ရှောင်တဲ့အချိန်တောင်မရလိုက်ဘူးတဲ့တခါထဲတပ်ဘက်ကိုခေါ်သွားတယ်လို့သူကပြောပါတယ်။

အဖမ်းခံလိုက်ရတဲ့ အမျိုးသား ၂ ဦးဟာ အသက် ၃၀ ကျော်အရွယ်ခန့်ရှိတဲ့အမျိုးသားတွေလို့သိရပြီး ဘယ်သူသယ်ဝါတွေဖြစ်တယ်ဆိုတာကိုတော့အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ အဲ့ဒီအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပေမယ့် KNG ကသီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ 

အဲ့သတင်းက အရမ်းပျံ့နေပြီတချို့တွေလည်းကြောက်နေကြတာသားရှိတဲ့မိဘတွေက ပြောတာကတော့စစ်သားတွေပဲဖမ်းသွားတာဖြစ်နိုင်တယ်တဲ့ပြောကြတယ် တပ်ဘက်ကိုခေါ်သွားတာခက်တာက အစောကြီးဆိုတော့ ကားကိုကောင်းကောင်းမမြင်လိုက်ကြဘူးစစ်ကားလားအရပ်ကားလားဆိုတာ မြူကနည်းနည်းထူနေတာ အဲ့အနီးပတ်လည် ပေ ၁၀၀၀ ကျော်ဝန်းကျင်လောက်က အိမ်မရှိဘူးလေလို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီက နေ့ အရပ်သား ၂ဦးကို ဖမ်းဆီးသွားတဲ့နေရာဟာ ကောင်ကထောင်နဲ့လုံးစွတ်ကြား လယ်တောစပ်မှာဖြစ်သွားတာဖြစ်ပြီး အနီးဝန်းကျင် ပေ ၂၀၀၀ ဝန်းကျင်လောက်က လူနေအိမ်တွေမရှိတာကြောင့် ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆို အတိအကျသိရှိိဖို့ခက်ခဲနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပူတာအိုမြို့ပေါ်မှာ မတ်လ ၂၆ ရက်နေ့ညကလည်း လေယာဥ်ရပ်ကွက်မှာ လူငယ် ၂ ဦးကိုစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ရှေ့ရက်တွေမှာလည်း ဒုတ္တန်ရပ်ကွက်မှာလူငယ်အချို့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာမျိုးရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ယခုရက်ပိုင်း ပူတာအိုမြို့ပေါ်မှာ လူငယ်တွေဖမ်းဆီးခံနေရတဲ့သတင်းဆက်တိုက်ထွက်ပေါ်နေတာကြောင့် မိဘတွေဟာ အရွယ်ရောက်တဲ့သားသမီးတွေကို စစ်တပ်နဲ့ဘေးလွတ်ရာ ကျေးရွာတွေဘက်နဲ့ လယ်ခင်းတဲတွေမှာ ပြောင်းရွေ့ခိုင်းထားရမျိုးရှိနေတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button