တိုက်ပွဲသတင်း

ကသာမှာတိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ ဇွန်လ ၁၄ ရက်နေ့မနက်ပိုင်းကစပြီးတော့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆီကသိရပါတယ်။

တိုက်ပွဲက ဒီကနေ့ မနက်ပိုင်း  နာရီလောက်ကနေ ကသာမြို့အနောက်ဘက် ဝဲကြီးကျေးရွာအနီးတစ်ဝှိုက်မှာ ဖြစ်ပွားနေတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ကသာအောက်ဘက်မှာထိတွေ့မှုတွေဖြစ်နေတာ အဲ့ဘက်ကိုစစ်ကြောင်းက မကြာမကြာထိုးနေတာ ဒီမနက်တော့ ထိတွေ့မှုကတော်တော်ဖြစ်လိုက်တယ်။ မနက်ပိုင်းတော့တိုက်ပွဲကပြင်းထန်တယ်။ အခုတော့ အသံ တွေတော့ကြားနေရတယ်။
လို့ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီး ဝဲကြီးရွာအနောက်ဘက်ကိုကျရောက်ပေါက် ကွဲခဲ့လို့ ဝဲကြီးရွာကဒေသခံတစ်ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကသာဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဒေသခံတွေရဲ့အခြေနေနဲ့ပတ်သက်လို့ အတည်ပြုနေဆဲဖြစ်သလို လက်နက်ကြီးက ဘယ်အဖွဲ့အစည်းက ပစ်ခတ်လိုက်တာလဲဆိုတာကိုလည်း KNG က သီးခြားအတည်ပြုနိုင်တာတော့မရှိသေး ပါဘူး။

တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက ကသာမြို့ပြင်မှာရှိတဲ့ကျေးရွာတွေကို ဆက်တိုက်စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားနေပြီး စစ်သားစုဆောင်းတာတွေပါလုပ်နေတယ်လို့ ကာကွယ်ရေး တပ်တွေဘက်ကပြောပါတယ်။

ကသာမှာက သူတို့စစ်ကြောင်းက မြို့ပြင်တွေကိုထွက်ပြီး စုဆောင်းရေးတွေလုပ်တယ်။ စစ်ရေး အတွက် လည်းပြင်ဆင်တာတွေရှိတယ်။ အဓိကတော့ မြို့နဲ့နီးတဲ့ရွာတွေပတ်ချာလည်စစ်ကြောင်းထိုးတာ။ “လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားတဲ့အခါ စစ်ကြောင်း ၃ကြောင်းခွဲပြီး လှုပ်ရှားလေ့ရှိပြီဂ  စစ်ကြောင်းတစ်ကြောင်းကို အင်အား ၃၀ ကျော်နဲ့ ထိုးလေ့ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဝဲကြီးရွာဟာ ကသာြမို့အနောက်ဘက်  မိုင်အကွာမှာတည်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကသာမြို့နယ် မြို့ပြင်က ပေါမမြိုင်ရွာမှာလည်း ပြီးခဲ့တဲ့ မေလ နဲ့ ဇွန်လ ပထမအပတ်ကလည်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့သေးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကပြောပါတယ်။

ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့ဖြစ်သလို ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ လူဦးရေ ၁သိန်း၆သောင်းကျော်ရှိတဲ့မြို့ကြီး ဖြစ်ပြီး ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့မြို့ဖြစ်ပါ တယ်။

By – အမိုး

Show More

Related Articles

Back to top button