သတင်း

မိုးကောင်းမြို့မှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်နေပြီး VPN ထည့်ထားသူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းနေ

မိုးကောင်းမြို့အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN အက်ပလီကေးရှင်းထည့်ထားတဲ့သူတွကို ငွေကျပ်  သိန်းတောင်းနေတယ်လို့  မိုးကောင်းမြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မိုးကောင်းမြို့အထွက်မှာရှိတဲ့ မိုးကောင်းတံတားမှာ စစ်ဆေးတင်းကြပ်တာတွေပုံမှန်လုပ်နေရာကနေ ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖုန်းထဲမှာ VPN ရှိ မရှိကို အဓိကစစ်ဆေးနေတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက ခုလိုပြောပါတယ်။

မိုးကောင်းမြို့အထွက်လို့ပြောရမှာပေါ့ အာ့မှာအဓိကတော့ VPN စစ်တယ် VPN ထည့်ထားတဲ့သူဆိုရင် ဖျက်ခိုင်းပြီး တစ်ယောက်ကို  သိန်းတောင်းတယ်လို့ ဖုန်းစစ်ဆေးခံခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ခုလို VPN ကို အဓိကထားစစ်ဆေးနေတာဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘုတ်တွေကို မသုံးစေချင်တဲ့အတွက်ဖြစ်ပြီး သတင်းအမှောင်ချချင်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ မိုးကောင်းမြို့အထွက်  မိုင်ဂိတ်မှာလည်း ပြည်သူ့စစ်အဖွဲ့တွေက လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးတာတွေလုပ်နေတဲ့အပြင် အခွန်အခတွေကောက်ခံနေတယ်လို့လည်း သိရပါတယ်။

အလားတူ မြစ်ကြီးနားမြို့မှာလည်း စစ်တပ်က ခုရက်ပိုင်း မြို့တွင်းနေရာတစ်ချို့မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN ကို အဓိကရှာဖွေစစ်ဆေးနေတယ်လို့ မြစ်ကြီးနားဒေသခံတွေကလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၃၀ ရက်နေ့ကစပြီး စစ်တပ်က VPN အသုံးမပြုဖို့ secure Web Gateway ကို ပိတ်ပင်လိုက်တဲ့အပြင် ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN (Virtual Private Network) လို့ခေါ်တဲ့စနစ်ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ်  နှစ်အထိချလို့ရတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီဖြစ်ပါတယ်။

ခေတ်မီ တိုးတက်လာသည့်နှင့်အမျှ လူတွေဟာ နေ့စဉ်သတင်းအချက်အလက်များ သိရှိနိုင်ဖို့နဲ့ပညာရေး၊ ကျန်းမာရေး၊နိုင်ငံရေး၊ဗဟုသုတရှာဖွေရန်အတွက် အင်တာနက်ကို ပိုမိုအသုံးပြုလာကြပြီး DataReportal ဝက်ဘ်ဆိုက်ရဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံ လူဦးရေ ထက်ဝက်နီးပါး ၂၃ ဒသမ ၆၅ သန်းဟာ အင်တာနက်သုံးစွဲသူတွေ ဖြစ်ပါတယ်။

အလားတူ သတင်းအချက်အလက်ရယူခွင့် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့တဲ့ ကမ္ဘာ့ကုလသမ္မဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ သတင်းအချက်လက်များကို အင်တာနက်ပေါ်တွင် သတင်းရယူခြင်း သို့မဟုတ် ဖြန့်ဝေခြင်းအား ရည်ရွယ်ချက်ရှိရှိ တားဆီးရန် (သို့မဟုတ်အနှောင့်အယှက်ပေးတဲ့အစီအမံများဟာ နိုင်ငံတစ်ကာ လူ့အခွင့်အရေးချိုးဖောက်စေတာကြောင့် ခြွင်းချက်မရှိ ပြစ်တင်ရူတ်ချသည်သာမက နိုင်ငံအားလုံးကို ယင်းကဲ့သို့သော အစီအမံများကို ရှောင်ကြဉ်ကြရန်နဲ့ ရပ်တန့်ကြရန် တိုက်တွန်းထားပါတယ်။

By – CJ

Show More

Related Articles

Back to top button