လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးကျောင်း ၁၀ ခုထက်နည်းဗုံးကြဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်  ဘာသာရေးကျောင်း ၁၀ ခုထက်မနည်း ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် ဒီနှစ နှစ်ဝက်အတွင်း  ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၊  ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာ၊ဝူယန်ရွာ၊ မံစီနဲ့ မိုးမှောက်မြို့နယ်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အအုံနဲ့ ဘုရားကျောင်းတွေကို ထိခိုက်ပျက်စီးစေခဲ့တယ်လို့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW မှ တာဝန်ရှိသူကိုဂျက်ကော့ပ် (Jacob)မှ KNGကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်လို့ Kachin Human Rights Watch-KHRW မှ တာဝန်ရှိသူ ကို ဂျက်ကော့ပ် (Jacob)မှခုလို ပြောပါတယ်။

“UN က ထုတ်ပြန်ထားတဲ့ Universal Declaration of Human Rights (UDHL)ရဲ့  article(18) မှာပါတဲ့ Freedom of Belief and Religion ဆိုတဲ့ အချက်ကို ချိုးဖောက်နေတာပေါ့ အခုလိုလုပ်ရပ်တွေကို အရေးယူနိုင်ဖို့ အားလုံးက ထုတ်ဖော်ပြောဆိုရင် စစ်ကောင်စီအနေနဲ့ အရေးယူရနိုင်တာပေါ့လို့ဆိုပါတယ်။

ခုလိုဘာသာရေးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ လုပ်ရပ်တွေဟာ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းပြီး ထိန်းချုပ်နိုင်ဖို့အတွက် လူအဖွဲ့အစည်းက လေးစားယုံကြည်ရတဲ့ ဘာသာရေးဆရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ 

အခုလို အထွဋ်အမြတ်ထားရတဲ့ ဘာသာရေးအဆောက်အအုံတွေ ပျက်စီးသွားတဲ့အပေါ် စစ်ရှောင်အမျိုးသမီးတစ်ဦးက အလွန် စိတ်မကောင်းဖြစ်ရတယ်လို့ ခုလိုပြောပါတယ်။

ပြောမပြတတ်ရအောင် စိတ်မကောင်းဖြစ်ရပါတယ် အားလုံးခက်ခက်ခဲခဲ စုပေါင်းပြီး ဆောက်ထားတော့ နောက်ပြန်တဲ့ အချိန်တွေ ဝတ်ပြုစုတောင်းမယ့် နေရာမရှိတော့ဘူးဆိုတာကို တွေးမိတော့ အရမ်းဝမ်းနည်းမိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လူနေရပ်ကွက်၊ကျေးရွာတွေမှာ ဘာသာရေးအဆောက်အအုံတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုနဲ့ပက်သက်ပြီး  ကေအိုင်အိုပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနောဘူက  ခုလိုပြောပါတယ်။

စကစကတော့ ရန်သူရှိရှိ မရှိရှိ ဘာမှ နားမလည်ဘူး ပြည်သူလူထုရှိတဲ့ဘက်မှာလည်း ရမ်းပစ်နေတာ စကစကနေပြီးတော့ ဘုရားကျောင်းတွေကအစ စာသင်ကျောင်းတွေကအစ ရမ်းသမ်းပစ်နေတာ  အရင်တုန်းကတော့ ဘုရားကျောင်းတွေမှာ ခိုလို့ရပေမယ့် အခုတော့ မရတော့ဘူး ဒါကြောင့် လုံခြုံတဲ့နေရာတွေကိုတော့ ပြင်ဆင်ထားဖို့ လိုပါတယ်လို့ဆိုပါတယ်။

ဒါ့အပြင်  ဘာသာရေးဆရာတွေကိုလည်း အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက်တာ၊ ခြိမ်းခြောက်ခြင်းတွေပြုလုပ်တဲ့အပြင် နေအိမ်နဲ့ ဘုရားကျောင်းအတွင်းထဲထိလုပ်ကြံသတ်ဖြတ်တာမျိုးတွေကိုပါ လူမဆန်စွာပြုလုပ်လာကြပြီး  ဖားကန့် မြို့၊ ဝိုင်းမော်မြို့၊ မိုးညှင်း၊မိုးကောင်မြို့လို နေရာတွေမှာများသောအားဖြင့် ကျုးလွန်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုပါသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်  ဝိုင်းမော်မြို့နယ် လမြန်ရွာက ၊ခါနန်နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၊ လော်ဝေါ်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဝင်းက ခန်းမဆောင်၊ ခတ်ချိုရွာက ဘုန်းကြီးကျောင်းအဆောင်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button