သတင်း

ဆနီခူးစစ်တပ်စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်ပြီး တင့်ကားတစ်စီးလည်း တိုက်ခိုက်ဖျက်ဆီးနိုင်တယ်လို့ KIO ပြော

ဝိုင်းမော်မြို့နယ် ချီဖွေသွားလမ်းမပေါ် ရှိ ဆနီးခူကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း  ခုကို KIA တပ်တွေ ဇွန်လ ၁၃ ရက်နေ့မှာ ထပ်မံသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIO ပြောပါတယ်။

KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ ဆနီခူးရွာက စစ်တပ်စခန်း  ခုဟာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စုပေါင်းပြီးအထိုင်ချထားတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ဆနီခူး စစ်တပ်စခန်း  ခုကို သိမ်းယူတာဖြစ်ပါတယ်။ သိမ်းတာက မနေ့က နေ့လည်ပိုင်းလောက်မှာဖြစ်မယ်ထင်တယ်။ အဲဒီတပ်စခန်းတွေမှာက စစ်တပ်၊ ပြည်သူ့စစ်နဲ့ BGF အကုန်ရှိတဲ့ တပ်စခန်းတွေဖြစ်တယ်လို့ပြောပါတယ်။

အဲဒီတပ်စခန်း  ခုမှာ စစ်အင်အား ၄၀ လောက်ရှိပြီး မြစ်ကြီးနား – ချီဖွေသွားလမ်းမပေါ်မှာ လုံခြုံရေးအမည်ခံပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးရေးတင်းကြပ်သလို ငွေကြေးတောင်းခံတဲ့ တပ်စခန်းနေရာတွေဖြစ်တယ်လို့ သိရပါတယ်။

ဆနီခူးတပ်စခန်း  ခုကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ဇွန်လ ၁ ရက်နေ့ ချီဖွေနဲ့ ဆဒုံးသွား လမ်ခွဲမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်ကို သိမ်းပိုက်ထားတဲ့ KIA တပ်တစ်ချို့က ချီဖွေ – ပန်ဝါဘက်ကို ပြန်တက်သွားတဲ့ အချိန်အတွင်းမှာပဲ ဝင်ရောက်သိမ်းပိုက်သွားတာဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတစ်ယောက်က အခုလိုပြောဆိုလာပါတယ်။

ပြီးခဲ့ရက်ပိုင်းအတွင်း ချီဖွေနဲ့ ဆဒုံးသွားလမ်းခွဲမှာရှိတဲ့ စုပေါင်းဂိတ်မှာရှိတဲ့ KIA တပ်တစ်ချို့က ချီဖွေ ဘက်ကို စစ်ကြောင်းပြန်တက်လာတယ်လို့ သတင်းကြားတာနဲ့ အစကတော့ တိုက်မလိုလိုနဲ့ KIA တပ်တွေ ဆနီခူးရောက်တာနဲ့ တိုက်ပွဲတောင်မဖြစ်ဘဲ အကုန်တပ်ဆုတ်သွားတယ်တဲ့။ အဲ့ကြောင့် KIA တပ်တွေက အကုန်ရှင်းလင်းလိုက်တယ်လို့ကြားတယ်လို့ပြောပါတယ်။

အခု KIA ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းယူလိုက်တဲ့ ဆနီခူး စစ်တပ်စခန်း  ခုဟာ ဝိုင်းမော် – ချီဖွေလမ်းအတွက် လုံခြုံရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းနေရာတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့က ဇွန်လ ၁၃ ရက်နေ့ တစ်ရက်ထဲမှာပဲ ဗန်းမော်ကနေ တိုက်ပွဲနယ်မြေဖြစ်တဲ့ မိုးမောက်နဲ့ မံစီဘက်ကို  စစ်တင့်ကား  စီးနဲ့ စစ်ကြောင်းတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ကောင့်ဂျာယန်(Kawng Ja Yang) အနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာလည်း စစ်ကောင်စီရဲ့ စစ်တင့်ကား  စီးတက်လာတဲ့အထဲကနေ တစ်စီးကို KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

သတင်းပို့လာတာက တင့်ကားတစ်စီးပစ်ခတ်ဖျက်ဆီးပေးလိုက်နိုင်တယ်လို့ သတင်းရတယ်။ ကျနော်တို့ဘက်ကလည်း အတည်ပြုနေဆဲဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ လုပ်ငန်းဝင်နေတဲ့ သူတွေကတော့ ဖျက်ဆီးပေးလိုက်တာသေချာတယ်လို့ပြောပါတယ်လို့ပြောပါတယ်။

မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကောင့်ဂျာယန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတာ  ပတ်ဝန်းကျင်လောက်ကြာမြင့်လာပြီဖြစ်ပြီး  မိုးမောက်၊ မံစီဘက်ကို စစ်ကူလာတဲ့စစ်ကြောင်း KIA ရဲ့ တိုက်ခိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက ဇွန်လ ၂၁ ရက်နေ့မှာ ဝိုင်းမော် – ဆဒုံး  ကန်ပိုင်တည်သွား လမ်းတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ တပ်စခန်း  ခုနဲ့ ရှေ့တန်းစခန်းငယ် ၁၀ ခုလောက်ကို သိမ်းပိုက်မှုအပြီးမှာပဲ ချီဖွေသွားလမ်းက ဆနီခူးတပ်စခန်း  ခုကို ထပ်မံသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button