သတင်း

အင်းတော်ဘုန်းကြီးကျောင်းမှာ ပိတ်မိပြည်သူတစ်ထောင်ဝန်းကျင်ရှိပြီး အစာရေစာပြတ်လပ်မှုကြုံနေရ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိနေတဲ့ပြည်သူတစ်ထောင်နီးပါးရှိပြီး အစာရေစာပြတ်လပ်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲစတင်လာတဲ့ သြဂုတ် ၁၆ ရက်နေ့ကတည်းက အင်းတော်မြို့မဘုန်းတော်ကြီးကျောင်းထဲမှာ ထွက်ပြေးခိုလုံနေကြတဲ့ လူဦးရေတစ်ထောင်နီးပါးဟာ ဒီနေ့အထိ စစ်ကောင်စီတပ်ဘက်က ထွက်ခွာခွင့်မပေးတဲ့အတွက် ပိတ်မိနေတာ ၁၉ ရက်အထိရှိလာပြီလို့ အင်းတော်မြို့ဒေသတွင်း သတင်းအရင်းမြစ်တစ်ဦးက KNGကိုပြောပါတယ်။

ဘုန်းကြီးကျောင်းထဲမှာပိတ်မိနေတဲ့ပြည်သူ တစ်ထောင်နီးပါးရှိတယ်ဗျ သူတို့ပိတ်မိနေတာ ၁၉ ရက်ရှိလာပြီ ခုအစားအသောက်တွေပြတ်လပ်နေပြီတဲ့ဗျာ။ စစ်သားတွေက လွတ်မပေးဘူးလို့သိရတယ်။ ဖုန်းလိုင်းလည်းဆက်သွယ်ရခက်နေတယ်။လောလောဆယ် ဆန်ပြုတောင် ဝဝလင်လင်တောင်မသောက်ရဘူးလို့ အထက်ဖော်ပြပါအမျိူးသားတစ်ဦးကပြောပါတယ်။

ပိတ်မိနေတဲ့ပြည်သူတွေထဲမှာ ကျောင်းထိုင်ဘုန်းကြီးနဲ့ကိုယ်ရင်တွေအပါ မြို့ခံပြည်သူ ၉၀၀ ကျော်လောက်ရှိပြီး ဘုန်းကြိီးကျောင်းအနီး လက်နက်ကြီးကျမှန်တာကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဘုန်းကြီးကျောင်းကနေ ထွက်ခွင့်မရတဲ့အပြင် ဆေးကုသခွင့်မရတာကြောင့်   ဦး သေဆုံးသွားပြီလို့သိရပါတယ်။

ဆေးကုခွင့်လည်းမရဘူးဗျဘာဆေးမှမရှိဘူးပြောတယ် ဒီနေ့ထိဆိုရင် ဒဏ်ရာသွေးလွန်ပြီးသေတာ နှစ်ယောက်ရှိပြီလို့ အင်းတော်ကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရထားသူတွေဟာ လက်နက်ကြီး ကျည်ထိမှန်ထားသူတွေဖြစ်ပြီး သေဆုံးသွားသူနှစ်ဦးကတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးနဲ့အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ရုပ်အလောင်းကိုတော့ ဘုန်းကြီးကျောင်းဧရိယာထဲမှာထဲ မြေမြှပ်သဂြိုလ်လိုက်တယ်လို့သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊အင်းတော်PDFနဲ့ ကျောင်း သား တပ် (ABSDF) ပူးပေါင်းတပ်တွေဟာ အင်းတော်မြို့သိမ်းတိုက်ပွဲကိုသြဂုတ် ၁၅ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အင်းတော်ရဲစခန်း၊ထွေအုပ်ရုံးနဲ့မြို့အဝင်အထွက်ကာကင်စခန်းတွေကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီရဲ့လေကြောင်းကနေဗုံးကျဲနေတာကြောင့်အင်းတော်မြို့အထိုင်တပ်ကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။

အင်းတော်မြို့နယ်ဟာ စစ်ကိုင်း– ကချင်အစပ်မှာရှိပြီး ကုန်းကြောင်းအရဗျူဟာကျတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button