သတင်း

မြစ်ကြီးနားမှာ Starlink Wifi စက်တပ်ဆင်သူများလာတာကြောင့် အင်တာနက်အသုံးပြုခစျေးနှုန်းလျော့ကျလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Starlink Wifi စက်တပ်ဆင်တဲ့ဆိုင်တွေများလာတာကြောင့် Wifi အသုံးပြုခ တစ်နာရီကျပ် ၃၀၀၀၀သုံးသောင်းကနေ ကျပ် ၁၅၀၀၀ (တစ်သောင်းခွဲအထိစျေးလျာ့ကျလာတယ်လို့သိရပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber wifiအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် မြစ်ကြီးနားမြို့မှာ IP Star နဲ့  Starlink Wifi ရတဲ့ဆိုင်တွေမှာ တစ်နာရီအင်တာနက်အသုံးပြုခ ကျပ် ၃၀၀၀၀ ရှိခဲ့ပေမယ့် လက်ရှိ Starlink wifi တပ်ဆင်သူတွေများလာတာကြောင့် တစ်နာရီ ကျပ် ၁၅၀၀၀ အထိစျေးကျလာပြီလို့ မြို့ကြီးနားမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

လိုင်းစဖြတ်ခံရတဲ့ချိန်ဆိုရင် IP Star ရှိထားတဲ့နေရာတွေမှာပဲရတာ တစ်နာရီကို ၃၀၀၀၀၀ ပေးရတယ်။ ခုနောက်ပိုင်း Starlink Wifi စက်တွေတပ်လာကြတော့ တဖြေးဖြေးစျေးကျလာတော့ တစ်နာရီ ၁၅၀၀၀ ဖြစ်သွားပြီလို့ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။

အင်တာနက်စတင်ဖြတ်တောက်ထားခံချိန်က IP Star တပ်ဆင်ထားတဲ့ ဖုန်းဆိုင်နဲ့ဟိုတယ်အနည်းအကျဉ်းသာရှိခဲ့ပေမယ့် ဒီနောက်ပိုင်းမှာတော့ Starlink တပ်ဆင်လာတဲ့ဖုန်းဆိုင်၊ ဟိုတယ်တွေနဲ့ Starlink Wifi အသုံးပြုလို့ရတဲ့ သီးသန့်ဆိုင်တွေဟာ တပ်ကုန်းရပ်ကွက်၊စီတာပူရပ်ကွက်တွေမှာ တဖြေးဖြေးများလာတာကြောင့် အင်တာနက်အသုံးပြုခ လျော့ကျလာတာဖြစ်တယ်လို့သိရပါတယ်။

တပ်ကုန်းမှာလည်းအစက Starlink ရတဲ့ဆိုင် တစ်ဆိုင်ပဲရှိတယ် အခုကဆိုင်သစ်တွေပေါလာပြီ နှစ်ဆိုင်သုံးဆိုင်ဖြစ်သွားပြီအသစ်ဖွင့်တဲ့ဆိုင်တွေက နဂိုရှိတဲ့ဆိုင်တွေထက်စျေးသက်သာအောင်လုပ်ပေးတော့ စျေးကပိုပိုကျလာတာ စျေးကျလာတော့သုံးတဲ့သူတွေအဆင်ပြေလာတာပေါ့လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

Starlink Wifi သီးသန့်တပ်ဆင်ထားတဲ့ဆိုင်တွေမှာတစ်နာရီကျပ် ၁၅၀၀၀ ( တစ်သောင်းခွဲပေးရပေမယ့် ဟိုတယ်တွေမှာတော့ တစ်ညကို ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း)  အထိပေးရတယ်လို့ အွန်လိုင်းစျေးသည်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

ဟိုတယ်တစ်ခုနဲ့တစ်ခုတော့မတူဘူးတစ်ချို့ဟိုတယ်တွေက လူနှစ်ယောက် ဖုန်းနှစ်လုံးကိုတစ်ညတစ်သိန်းရတဲ့ဟိုတယ်ရှိတယ်။ တစ်ချို့ဟိုတယ်တွေကျတော့ တစ်သိန်းသုံးသောင်းထိပေးရတယ် လူနှစ်ယောက် ဖုန်းနှစ်လုံးရတာချင်းတော့တူတူပဲလို့ အထက်ဖော်ပြပါ တပ်ကုန်းရပ်ကွက်က နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

သြဂုတ်လအထိတော့ စစ်ကောင်စီတပ်က Starlink wifi ရတဲ့ဆိုင်တွေမှာ ငွေလွှဲငွေထုတ်လုပ်သူတွေကိုဖမ်းဆီးတာ၊ ဟိုတယ်နဲ့ဖုန်းဆိုင်တွေ အင်တာနက်ဆိုင်တွေမှာ အသုံးပြုသူတွေကိုရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာမျိုးရှိခဲ့ပေမယ့် စက်တင်ဘာလဆန်းပိုင်းကနေတော့ငွေလွှဲငွေထုတ်တွေကိုပြန်လည်ခွင့်ပြုလာပြီလို့သိရပါတယ်။

ဖုန်းအင်တာနက်လိုင်းနဲ့ Fiber Wifi အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ကချင်ပြည်နယ်မှာတော့ IP Star နဲ့Starlink Wifi စက်တွေကို မြို့တော်မြစ်ကြီးနား၊ဗန်းမော်မြို့နဲဲ့ ကမ္ဘာကျော်ကျောက်စိမ်းတွေထွက်တဲ့ ဖားကန့်မြို့တို့မှာသာတပ်ဆင်အသုံးပြုနေသေးပြီး ပူတာအို၊တနိုင်း၊ မိုးကောင်းအပါအဝင်မြို့နယ်အတော်များများမှာ တပ်ဆင်အသုံးပြုထားခြင်းမရှိသေးပါဘူး။

ကချင်ပြည်နယ်ထဲက မြို့တွေရွာတွေနဲ့ စစ်ကောင်စီရဲ့ ရှေ့တပ်စခန်းတွေ အတော်များများသိမ်းပိုက်ခံလာရတာနဲ့အမျှ မြစ်ကြီးနားမြို့ကိုလည်းKIAKPDFပူးပေါင်းတပ်တွေက သိမ်းပိုက်လာမယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီက ကချင်တစ်ပြည်နယ်လုံးကို ဇွန်လကုန်ပိုင်းကစပြီး အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာဖြစ်ပါတယ်။

တပ်နဲ့နီးစပ်သူတွေဆီကနေစုံစမ်းသိရှိရသလောက် ကချင်ပြည််နယ်ကို လာမယ့် ၂၀၂၅ နှစ်ဆန်းပိုင်းမှာ အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးမယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

ကချင်ပြည်နယ်ဟာ ခရိုင်  ခု၊ မြို့နယ် ၁၈ မြို့နယ်၊ လူဦးရေ  သန်းကျော်နေထိုင်တဲ့ ပြည်နယ်ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button