တိုက်ပွဲသတင်း

ဗန်းမော်မြို့နယ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး မြို့ခံအားလုံးနီး ထွက်ပြေးတိမ်းရှောင်

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ ပတ်လည်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး မြို့ဒေသခံအားလုံး ဘေးလွတ်ရာကို ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ ဗန်းမော်ပြည်သူတွေက ပြောပါတယ်။

ဒီဇင်ဘာလ  ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးဟာ ဒီနေ့ဆို  ရက်မြောက်နေ့ထိရှိလာပြီး နှစ်ဖက်တိုက်ပွဲကြောင့် မြို့တွင်း လက်နက်ကြီးကျပေါက်ကွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဗန်းမော်မြို့ပတ်လည်မှာရှိတဲ့ ကျေးရွာနေပြည်သူတွေအပါအဝင် မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေဟာ ဒီဇင်ဘာလ  ရက်နေ့စပြီး ရေလမ်း၊ကုန်းလမ်းကနေ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။ 

ရေလမ်း၊ ကုန်းလမ်းကနေ တိမ်းရှောင်နေကြတယ် ညောင်ပင်သာဘက်နေ ဟိုနေ့ကတည်းက ဖွင့်ပေးနေတာလို့ ခုမြို့ထဲမှာက အိမ်စောင့်လောက်ပဲ တစ်ချို့ကျန်နေတာ အများပိုင်းတိမ်းရှောင်နေကြပြီ။ ခန့်မှန်းခြေဆိုရင် ၇၀ ရာခိုင်နှုန်းလောက်တော့ ပြေးနေကြပြီလို့ ပြောပါတယ်။

ဗန်းမော်မြို့ခံတွေဟာ ဗန်းမော်တစ်ဖက်ကမ်း ရေလဲ၊နန့်ခုတ်၊မိုင်းခေါင်၊ ဟန်ထက် စီခမ်းကြီးဘက်ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ဗန်းမော်ရွှေကူကသာလမ်းကနေ ရွှေဘို– မန္တလေးဘက်တိမ်းရှောင်သူတွေရှိတယ်လို့ သိရပါတယ်။

ဒီနေ့ထိ KIA ပူးပေါင်းတပ်ဘက်က မြို့တွင်း ရဲစခန်း၊ထွေအုပ်ရုံးနဲ့နည်းပညာတက္ကသိုလ်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ရှင်းလင်းနိုင်ပြီး သိမ်းပိုက်ရရှိထားပြီလို့လည်း သတင်းထွက်နေပေမယ့် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ရှိ အမှတ် (၂၁စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (.က.ဝင်းထဲမှာရှိတဲ့ ဗန်းမော်အကျဉ်းထောင်လည်း ဖွင့်ပေးလိုက်ပြီလို့သတင်းထွက်နေပေမယ့် အကျဉ်းထောင်ရှိရာ စကခ ၂၁ ကိုထိုးစစ်ဆင်တိုက်ခိုက်နေဆဲသာဖြစ်လို့ သတင်းမှန်ကန်မှုမရှိနိုင်ဘူးလို့လည်း ဒေသခံတစ်ချို့ပြောပါတယ်။

သိပ်တော့မမှန်နိုင်ဘူးဗျ။ဖွင့်ပေးလိုက်တာမျိုးမဟုတ်ပဲ တစ်ချို့လွတ်ရက်နီးလာတဲ့သူတွေကို မိသားစုကိုလာကြိုဖို့ပြောတာမျိုးတော့ ကြားမိတယ်။ အဲသတင်းကတော့ မမှန်နိုင်ဘူးလို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ဒီဇင်ဘာလ  ရက်နေ့ ဒီနေ့ထိ  ဗန်းမော်မြို့နဲ့ မံစီမြို့နယ်အကြားမှာရှိတဲ့ ခလရ ၄၇ တပ်နဲ့ မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တွေကို လုံခြုံရေးယူပေးနေတဲ့ ကာကင်းစခန်း  ခုကိုသိမ်းပိုက်ပြီးနောက် မံစီမြို့စောင့်တပ်ဖြစ်တဲ့ ခမရ ၆၀၁၊ ၃၁၉ တပ်ရင်းနဲ့ ဗန်းမော်မြို့ပြင်တပ် ခလရ ၄၇ နဲ့ မြို့တွင်းတပ် စကခ ၂၁ ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမော်မြို့ဟာ တရုတ်နယ်စပ်တည်ရှိရာ လွယ်ဂျယ်မြို့နဲ့မိုင် ၄၀ ဝန်းကျင်မှာရှိပြီး အရှေ့မှအနောက်သို့ ၃၃ မိုင်၊ တောင်မှမြောက် ၅၅ မိုင်ရှည်လျားပြီး ၇၅၉.၀၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ဗန်းမော်မြို့နယ်ကို ရပ်ကွက် ၁၆ ၊ကျေးရွာအုပ်စု ၄၁ စု၊ကျေးရွာပေါင်း ၇၁ ရွာနဲ့ဖွဲ့စည်းထားပြီး လူဦး ၁၁၀၀၀၀ (တစ်သိန်းတစ်သောင်းခန့်နေထိုင်တယ်လို့ သိရပါတယ်။

 ဗန်းမော်မြို့နယ်ရဲ့အရှေ့ဘက်မှာ မိုးမောက်မြို့နယ်၊ အနောက်မှာရွှေကူ၊တောင်ဘက်မှာ မံစီမြို့နယ်၊မြောက်ဘက်မှာ ဝိုင်းမော်မြို့နယ်တည်ရှိပြီး ခရိုင်ရုံးစိုက်ရာမြို့နယ်ဖြစ်ကာ စစ်ရေးအရ ကုန်းကြောင်း၊ရေကြောင်း အဓိက အချက်ချာကျတဲ့မြို့လည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button