သတင်း

ဆွမ္မရာမြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ နာဂလူငယ် ၃၀ ဦးပြန်လွတ်လာ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၊ ဆွမ္မရာမြို့မှာ လက်နက် ကိုင်အဖွဲ့တစ်ခုရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ နာဂ လူငယ်( ၃၀) ဦးပြန်လည် လွတ်မြောက်လာပြီလို့သိရပါတယ်။

မတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီတိတိအချိန်မှာ နာဂလက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ SNCN-K (ယုန်းအောင်) အဖွဲ့က နွေရာသီကျမ်းစာသင်တန်းတက်ရောက်နေတဲ့ လူငယ် ၃၀ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဒေသခံခရစ်ယာန်ဘာသာရေးဘက်က တာဝန်ရှိသူတွေညှိနှိုင်းပေးမှုကြောင့် မနေ့က မတ် ၂၅ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တယ်လို့ လေရှီးဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

ဘာကြောင့်ဝင်ဖမ်းတာလည်းအသေးစိတ်ကိုတော့မသိရသေးဘူး။ဒါပေမယ့်အကုန်ပြန်လွတ်လာပြီတဲ့ ဒီဘက်နယ်ရုံး(လေရှီးမြို့နယ် နာဂနှစ်ခြင်းခရစ်ယာန်နယ်ရုံး) ကတာဝန်ရှိသူတွေ နဲ့ ရိုးရာယဥ်ကျေးမှုကတာဝန်ရှိသူတွေ သွားပြီးညှိနှိုင်းပေးတာဟုတ်တယ် သူတို့ကပဲခေါ်လာပေးတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ နာဂနှစ်ခြင်းခရစ်ယန်ဿသနာရေးဘက်က ပြုလုပ်တဲ့ နွေရာသီသင်တန်းတက်ရောက်နေတဲ့လူငယ်တွေဖြစ်ပြီး ဖမ်းဆီးခံရတဲ့ မတ်လ၂၂ ရက်နေ့ညတွင်းချင်းမှာ ၁၇ ဦးပြန်လွတ်ပေးခဲ့ပြီး ကျန်နေတဲ့ ၁၃ ဦးကိုဘာသာရေးဘက်က တာဝန်ရှိသူတွေရဲ့ညှိနှိုင်းတောင်းဆိုမှုကြောင့် မနေ့က ပြန်လွတ်ပေးခဲ့တာလို့သိရပါတယ်။

NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ လူငယ်တွေကိုအခုလို ရုတ်တရက်ဝင်ရောက်ဖမ်းဆီးခဲ့မှုကြောင့် ဆွမ္မရာမြို့ခံနာဂလူငယ်တွေနဲ့ အနီးဝန်းကျင်ရွာတွေထဲက လူငယ်တွေအထိတ်တလန့်ဖြစ်ခဲ့ရာပြီး တစ်ချို့ယာယီထွက်ပြေးတိမ်းရှောင်တာတွေရှိခဲ့တယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ လေရှီးဒေသခံကပြောပါတယ်။

ပေါ်တာဆွဲ နေပြီဆိုပြီး အကုန်လုံးက ကြောက်လန့်ကုန်တာ မနေ့ကအထိပဲ လူငယ်တွေတော်တော်များများ တောင်ယာတဲတွေမှာထွက်ပြေးတဲ့လူပြေး ညဘက်တောထဲဝင်အိပ်တဲ့လူအိပ်နဲ့အခုတော့အဆင်ပြေသွားပြီပြောလို့ရတယ်”လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးပြောပါတယ်။

NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ အခုလို လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။

နာဂဒေတစ်ခုလုံးကိုလွှမ်းမိုးထားတဲ့ NSCN-K ဗိုလ်ချုပ်ယုန်းအောင်အဖွဲ့နဲ့ NSCN-K ဗိုလ်ချုပ်အန်းမိုင်းအဖွဲ့နှစ်ဖွဲ့စလုံးဟာ တပ်သားစုဆောင်းရာမှာ တစ်အိမ်ထောင် တစ်ဦးနှုန်းနဲ့တစ်နှစ်တစ်ကြိမ်နှစ်စဥ်ခေါ်ယူလျက်ရှိပြီး တပ်သားသစ်အတွက်အဓမ္မဖမ်းဆီးတာမျိုး မရှိသေးကြောင်းဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button