သတင်း

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် ထိုင်းရောက်မြန်မာဘောလုံးဝါသနာရှင်များ ရန်ပုံငွေဘောလုံးပွဲကျင်းပ

မြန်မာပြည်အလယ်ပိုင်းဒေသတစ်ချို့ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီဖို့အတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကိုရောက်နေတဲ့ မြန်မာလူငယ်ဘောလုံးဝါသနာရှင်တွေစုပေါင်းပြီးတော့ ရန်ပုံငွေရှာတဲ့ ဘောလုံးပွဲကျင်းပခဲ့ပါတယ်။

ဒီကနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်ကစတင်ကျင်းပခဲ့ပြီး Chiangmai Football League က ဦးဆောင် ကျင်းပတာလို့သိရပါတယ်။

ဒီပွဲမှာ ချင်းမိုင်ရောက်မြန်မာနိုင်ငံသားတွေ၊ ကျောင်းသား၊ လူငယ်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် ထိုင်းနိုင်ငံသားနဲ့ တစ်ခြားသောနိုင်ငံခြားသားတွေပါ ပါဝင်အားဖြည့်ပေးခဲ့ကြပြီး ရလာတဲ့အလှူငွေအားလုံးကို ငလျင်ဒဏ်သင့် စစ်ကိုင်း တိုင်းအတွက် တိုက်ရိုက်လှူဒါန်းသွားမယ်လို့ပွဲစီစဥ်သူတွေကပြောပါတယ်။

အရေးကြီးပိုလိုအပ်နေတဲ့နေရာတွေပေါ့နော် ဆိုတော့ စစ်ကိုင်းတိုင်းမြေပြင်ကိုတိုက်ရိုက်စီးဆင်းသွားဖို့အတွက်ကို ကျနော် တို့ကတာဝန်ယူပြီးတော့ ဒီရရှိလာတဲ့ဘောလုံးဝင်ကြေးတွေ အလှူငွေကောက်ခံလို့ရတဲ့ငွေတွေကိုလှူသွားမယ်ပေါ့နော်။ စစ်ကိုင်းတိုင်းအတွက် အဓိကထားပြီးတော့ပေါ့ပွဲစီစဥ်သူတစ်ဦးဖြစ်တဲ့ ကိုမျိုးလှိုင်ထွေးကပြောပါတယ်။

ဒါ့အပြင် ငလျင်ဒဏ်သင့်မြန်မာပြည်အတွင်းကျန်ရစ်နေသူတွေနဲ့ထပ်တူ ပြည်ပရောက်မြန်မာပြည်သားတွေကလည်း ထပ်တူ ဝမ်းနည်းရကြောင်းနဲ့ ဒီပွဲမစတင်ခင်မှာလည်း ဘာသာရေးဆရာတွေကိုဖိတ်ခေါ်ပြီး ဆုတောင်းမေတ္တာပို့သမှုတွေလုပ်ခဲ့ပါ တယ်။

တစ်ဖက်မှာ ထိုင်းနိုင်ငံရောက်နေတဲ့ တစ်ခြားသောမြန်မာနိုင်ငံသားတွေကလည်း ငလျင်ဒဏ်သင့်ခဲ့ရတဲ့ဒေသတွေအတွက် နိုင်တဲ့ဘက်ကနေဝိုင်းကူနေကြတဲ့အတွက် အားတင်းထားကြဖို့ ဘောလုံးပွဲစီစဥ်သူတွေကအားပေးပါတယ်။

ကျနော်တို့အနေနဲ့ ပြောချင်တာကတော့အားတင်းထားပါ။ ကျနော်တို့မြန်မာနိုင်ငံသားတတ်နိုင်တဲ့ဘက်နေ ကူညီနေတာကို တွေ့ရတယ်။ ချင်းမိုင်မှာဆိုရင်လည်း ကျနော်တို့တစ်ဖွဲ့တည်းမဟုတ်ဘူး။ တစ်ခြားအဖွဲ့တွေ လည်းအလှူငွေတွေကောက်ပြီး ဖြန့်ဖြူးပေးနေတာတွေရှိတယ်။ ချင်းမိုင်တစ်ခုတည်းလည်းမဟုတ်ဘူး။ ဘန်ကောက်၊ မဲဆောက်စသဖြင့်ပေါ့ ပြီးရင် မြန်မာ နိုင်ငံ အတွင်းမှာလည်းကူညီနေကြတာဖြစ်တဲ့အတွက် အဆင်ပြေသွားကြမှာပါ၊ အားတင်းထားပါလို့ပြောချင်ပါတယ်လို့ ကိုမျိုးလှိုင်ထွေးကဆက်ပြောပါတယ်။

 

ထိုင်ရောက်ဘောလုံးဝါသနာရှင် လူငယ

ဒီပွဲဖြစ်မြောက်ဖို့အတွက် အဘက်ဘက်ကကူညီပေးကြသူတွေနဲ့ တက်ရောက်လာကြသူအယောက်ချင်းဆီတိုင်းကို ကျေးဇူးတင်ကြောင်း၊ ဒီရန်ပုံငွေဘောလုံးပွဲကိုတော့ လူဦးရေ ၁၅၀ ကျော်တက်ရောက်ပွဲဝင်ခဲ့ကြတယ်လို့ပြောပါတယ်။

ရာစုနှစ်တစ်ခုကျော်အတွင်း လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းကတင်မက ကမ္ဘာတစ်ဝှမ်းကပါပူဆွေးသောက ရောက်နေကြရသလို ငလျင်ဒဏ်သင့်ခဲ့တဲ့နေရာတိုင်းကိုကူညီဖို့ နိုင်ငံတကာကလည်းအကူညီပေးရေးလုပ်ငန်းတွေလုပ်ဆောင် နေကြပါတယ်။

အဲ့ဒီထဲမှာ အမေရိကန်၊ နယူးဇီလန်၊ ဩစတြေးလျ ၊ ရုရှား၊ တရုတ်အပါအဝင် ဖီလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ထိုင်း၊ တောင်ကိုးရီးယား၊ ဗီယက်နမ် နဲ့ အိန္ဒိယ စတဲ့နိုင်ငံတွေက အဘက်ဘက်ကလိုအပ်တဲ့အကူညီတွေပေးနေတယ်လို့ သိရပါ တယ်။

စစ်ကိုင်းနဲ့မန္တလေးမြို့တွေကို အဓိကဗဟိုပြုပြီးလှုပ်ခတ်သွားတဲ့ ငလျင်ရဲ့ပြင်းအားဟာ ၇ဒဿမ ၇ ခန့်ရှိတယ်လို့ အမေရိကန် အစိုးရ ဘူမိဗေဒ တိုင်းတာရေးအဖွဲ့ USGS က ထုတ်ပြန်ထားသလို ငလျင်ဒဏ်ကြောင့်သေဆုံးမှုက မြန်မာပြည်တစ်ဝှမ်းမှာ ၁ သောင်းကနေ ၁ သိန်းကြားလူဦးရေရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒီကနေ့မနက်ပိုင်းအထိတော့ ငလျင်ဒဏ်ကြောင့်သေဆုံးသူ ၂ ထောင်ကျော်ရှိလာပြီး ဒဏ်ရာရရှိသူ ၃၉၀၀ ကျော်နဲ့ ပျောက်ဆုံး နေသူ ၉၀၀ ကျော်အထိရှိတယ်လို့ အာဏာသိမ်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button