သတင်း

အင်းတော်ကြီး-ဂွေခါလမ်းပိုင်း စစ်တပ်ပိတ်ထားလို့ အခြေခံစားသောက်ကုန်သယ်ယူဖို့ခက်ခဲလာ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဂွေခါကားလမ်းပိုင်းကို စစ်တပ်ကပိတ်ထားတဲ့အတွက် ယင်းလမ်းပိုင်းရှိကျေးရွာတွေမှာ အခြေခံစားသောက်သယ်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

အင်းတော်ကြီးဂွေခါကားလမ်းပိုင်း လုံးတုံရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ကစပြီး ပိတ်လိုက်တာဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

လမ်းကပိတ်လိုက်ဖွင့်လိုက်နဲ့ဒီတခေါက်ပိတ်လိုက်တာကကြာတယ် လုံးတုံကနေပိတ်ချလိုက်တော့ အင်းတော်အနောက်ဘက်ခြမ်းရွာတွေက ဘယ်မှသွားလာလို့မရဘူးဘူးပိုဆိုးတာက စားသောက်ကုန်တို့ ဆန်၊ဆီ၊ဆားသယ်ယူပို့ဖို့အရမ်းခက်ခဲသွားတယ်လမ်းမပေါက်တော့လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ခုလို လမ်းပိတ်လိုက်တာကြောင့် အင်းတော်ကြီးကန်အနောက်ဘက်ခြမ်းရှိ လုံးတုံနဲ့ ဂွေခါကြားထဲက ရွာတွေဖြစ်တဲ့ ကုန်းမန၊ဟဲပန်၊လွဲမွန်  နန့်ပတဲအစရှိတဲ့ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်ပစ္စည်းတွေကို တောလမ်းကနေခက်ခက်ခဲခဲသယ်ယူနေရကြောင်း အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

ကားလမ်းကတော့ပိတ်ထားတော့ ဟဲပန်တို့၊ကုန်းမနဘက်ကရွာတွေအခုဆန်၊ဆီ၊ဆားပေါ့လိုအပ်တဲ့ကုန်တွေကို တောလမ်းကနေဖြတ်ပြီးသယ်ယူရတာ ရွေမှော်သွားလမ်းတွေကနေတဆင့် သယ်ယူရတာပေါ့တချို့နေရာတွေတောရှင်းပြီးသွားလာရတာ ကားလည်းမပေါက်ဆိုင်ကယ်တောင်တချို့နေရာတွေပဲရတယ်ဒါတောင်မနည်းတိုးရတာလို့အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။

အင်းတော်ကြီးဂွေခါလမ်း ပိတ်ထားတာကြောင့် အထက်ဖော်ပြပါကျေးရွာတွေဟာ လိုအပ်တဲ့ကုန်တွေကို မမုံကိုင် ကျေးရွာအနောက်ဘက်ခြမ်းတောလမ်းကနေတစ်ဆင့်သယ်ယူနေကြကြောင်းသိရပါတယ်။

ဒေသခံတွေပြောချက်အရ စစ်ကောင်စီတပ်ဟာ လုံးတုံနဲ့ဂွေခါကြားကိုသာပိတ်ထားပြီး လုံးတုံနဲ့ ဟိုပင်အထိကိုတော့လမ်းဖွင့်ထားကြောင်းသိရပါတယ်။

အင်းအနောက်ဘက်ခြမ်းပဲပိတ်တာအင်းအရှေ့ဘက်ကတော့ပုံမှန်ပါပဲ ဘာလို့ဆိုအင်းအရှေ့ဘက် လုံးတုံကနေ နန့်မွန်း၊မိုင်းနောင်တကြောက SNA တွေနဲ့စကစ တွေနေရာယူထားတော့ဖွင့် အင်းအနောက်ဘက်က တောဘက်က(KIA) ရှိနေတော့ပေးမထွက်ခိုင်းတာလို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ လုံးတုံအနောက်ဘက်ရှိကုန်း မနကျေးရွာကနေ ညောင်ပင်၊ချောင်းဝ၊ဂွေခါတကြောအထိ KIAနဲ့ပူးပေါင်းတပ်တွေနေရာယူထားတယ်လို့ သိရပါတယ်။

သြဂုတ်လကတည်းကနေပိတ်ထားတဲ့ အင်းတော်ကြီးဂွေခါ ကားလမ်းပိုင်း အောက်တိုဘာ  ရက်နေ့ကနေ ဒီကနေ့အထိ သီတင်းကျွတ်ပိတ်ရက်ကာလတွင်း ရက်အကန့်အသတ်နဲ့ခေတ္တပြန်ဖွင့်ပေးပေမယ့် အစစ်အဆေးများတာ၊ကုန်တွေလွတ်လွတ်လပ်လပ်သယ်လို့မရတာစတဲ့ကန့်သတ်ချက်တွေရှိနေကြောင်းသိရပါတယ်။

လမ်းခနပဲဖွင့်တာပါသီတင်းကျွတ်ပိတ်ရက်မှာခနဖွင့်ပေးတာတဲ့ ဒီနေ့ပဲပိတ်မလားမနက်ဖြန်လောက်ပိတ်မလားမသေချာဘူး။ ပြန်ပိတ်မှာလို့တော့ ပြောနေကြတယ်လို့ နန်းမားကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။

လုံးတုံမှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဟာ အင်းတော်ကြီးဂွေခါ လမ်းပိုင်းကို သြဂုတ်လနဲ့ မေလ ကြားထဲမှာလည်း မကြာခနဆိုသလို လမ်းပိတ်ထာမျိုးပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲကိုဝင်ရောက်နိုင်တဲ့ ဂွေခါအင်းတော်ကြီးက လမ်းပိုင်းကိုထိန်းချုပ်ဖို့နဲ့ အင်းတော်ကြီးဒေသထဲမှာ ရှမ်းနီပြည်သူ့စစ်တွေစိုးမိုးထားနိုင်ဖို့ ပြီးခဲ့တဲ့ မေလကတည်းကနေ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button