မြစ်ကြီးနားမှာ ၁၀ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ကလေးသူငယ်တစ်ဦးပါအဝင်  ၃ ဦးသေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီလ ၁၀ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့်  ကလေးသူငယ်တစ်ဦးအပါဝင် သေဆုံးသူ ၃ ဦးထိရှိလာပြီလို့ လူမူကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။

ဒီယာဉ်မတော်တဆမှုကြောင့် သေဆုံးတဲ့ ဖြစ်စဉ်တွေဟာ  ဧပြီ ၉ ရက်၊ စီတာပူရပ်ကွက်၊ မနောကွင်းရှေ့လမ်းမကြီးမှာ ဆိုင်ကယ်တစ်စီးနဲ့ သုံးဘီးတိုက်မိပြီး ဆိုင်ကယ်မောင်းတဲ့ အသက် ၄၀အရွယ်အမျိုးသား ဦးခေါင်း၊  နဖူး၊ ညာဖက်ဗိုက်စတဲ့ နေရာတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် မြစ်ကြီးနားဆေးရုံကြီး အရောက်မှာအသက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ ၇ ရက်နေ့ ၉ နာရီဝန်း မြို့သစ်ကြီးဈေးအနီးမှာ စက်ဘီးစီးလာတဲ့ကလေးနှစ်ဦးကို သဲကျောက်ကားနဲ့ တိုက်မိပြီး အသက် ၉ နှစ်အရွယ် ကလေးတစ်ဦးဘယ်လက်ကျိုးပဲ့ဒဏ်ရာရရှိကာ နောက်ထပ် အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး ခါးတက်ကြိတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။

နောက်ဆုံးဖြစ်စဉ်ကတော့ ဧပြီ ၁ ရက် အထက( )စာသင်ကျောင်းဘေး ဗလီဘေးနားမှာ ဆိုင်ကယ်အချင်းချင်တိုက်မိရာကနေ အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

PSA

“များသောအားဖြင့်တော့ အရက်မူးပြီးဖြစ်တာ။ အများစုပေါ့နော။ အရမ်းမူးတာတွေ မရှိရင်တော့ အဲလိုပြင်းထန်တာတွေတော့ သိပ်မရှိဘူးလို့ လူမှုကယ်ဆယ်ရေး အသင်းတစ်ခုမှာ ပါဝင်ကူညီနေတဲ့ အမျိုးသားတစ်ဦး ပြောပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့တွင်း ယာဉ်တိုက်မှု ဖြစ်စဉ်အများပိုင်းဟာ အရက်သေစာ သောက်စားထားပြီး မောင်းနှင်သူတွေ၊ အရှိန်မလျော့ပဲမောင်းတဲ့သဲကျောက်ကားတစ်ချိို့နဲ့ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာခြင်းမရှိပဲမောင်းတာတွေကြောင့်ဖြစ်တယ်လို့ လူမူကူညီရေးအသင်းတစ်ချို့နဲ့ပြည်သူတစ်ချို့က သုံးသပ်ကြပါတယ်။

တစ်ချို့က ကွေ့မယ်ဆိုလည်း မီးတွေဘာတွေလည်းမပြတတ်ကြဘူး ဟွန်းလည်းမတီး ဇွတ်မောင်းတဲ့သူတွေကြောင့်လည်း အဖြစ်များတာဟုတ်တယ်။ပြီးရင် သဲကျောက်ကားတွေ တော်တော်ကြမ်းတယ် သူတို့ကိုရှောင်ပေးနေရတာကလည်း ဒုက္ခတစ်ခုပဲလို့ ကြက်ပေါင်ခြံနရပ်ကွက်နေအမျိုးသမီးတစ်ဦးပြောပါတယ်။

မြစ်ကြီးနားမှာ ပြီးခဲ့တဲ့ မတ်လမှာလည်း ယာဉ်တိုက်မှုပေါင်း ၂၆ ကြိမ် ဖြစ်ပြီးအမျိုးသားတစ်ဦး သေဆုံးသလို ၊ ဖေဖော်ဝါရီလမှာ ယာဉ်မတော်တဆမှု ၂၃ ခု နဲ သေဆုံးသူတွေတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

အလားတူ  ဇန်နဝါရီလမှာတော့ တစ်လအတွင်း ယာဉ်မတော်တဆပေါင်း ၃၁ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူအမျိုးသမီး၂ ဦးထိ ရှိခဲ့တာ ဖြစ်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့  ယာဉ်မတော်တဆမှုတွေဟာ များသောအားဖြင့် အရက်သေစာ သောက်စားမှုပြီး မောင်းနှင်တာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမလိုက်နာမှုတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button