စစ်ပြေးဒုက္ခသည်များသတင်း

စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့‌ဒေသက ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေရှိနေ

ရှမ်းမြောက်နဲ့ကချင်‌ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတစ်ချို့ကို စစ်တပ်ကအရေးပေါ်အခြေအနေ ကြေငြာလိုက်တဲ့နောက် ပြည်သူတစ်ချို့လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီး ကြိုတင်တိမ်းရှောင်သူတွေရှိနေတယ်လို့ ‌‌သိရတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ စစ်ကော်မရှင်အဖြစ်အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့အာဏာသိမ်းစစ်တပ်ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့နယ်မြေတွေ၊ မြို့နယ်တွေကို အရေးပေါ်အခြေအနေအဖြစ်ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။ 

စစ်တပ်ထုတ်ပြန်ကြေညာလိုက်တဲ့အထဲမှာ ကချင်ပြည်နယ်ထဲက ဆွမ်ပရာဘွမ်မြို့နယ်၊ရွှေကူမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ဆော့လော်မြို့နယ်နဲ့ ချီဖွေ၊မံစီ၊မိုး‌မောက်၊ဗန်း‌မော်မြို့နယ်တို့ပါဝင်ပါတယ်။ 

စိုးရိမ်ပူပန်မှုတော့ ပြောမနေနဲ့တော့ အများကြီးရှိတယ်။ ဟိုပြောလိုက်၊ ဒီပြောလိုက် တစ်ချို့ဆို မြစ်ကြီးနားဘက်ပြေးနေသူတွေလည်း ရှိတယ်။နည်းနည်း သတင်းတစ်မျိုးကြားလိုက်တာနဲ့ တောဘက်ကို ထွက်ပြေးတာတို့ ဖြစ်နေတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ KIO အုပ်ချုပ်ရေးရုံးဘက်က ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ အရေးပေါ်အ‌ခြေနေကြုံလာပါက ပြည်သူ တွေကို ကြိုသတိပေးမယ့်အကြောင်း KIO ဘက်က ပြောဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူပဲ အရေးပေါ်အခြေနေထုတ်ပြန်ခံထားရတဲ့ ဆွမ်ပီယာန်ဒေသမှာလည်း ပြည်သူတွေဟာ လေကြောင်းရန်ကို နားစွင့်ပြီး နေနေရတယ်လို့ သိရပါတယ်။ 

နောက်ထပ် စစ်တပ်ရဲ့အ‌ရေးပေါ်ကြေညာချက်မှာ ရှမ်းပြည်မြောက်ပိုင်းထဲမှာတော့ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ သိန္နီမြို့နယ်အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၁၅ မြို့နယ်ပါဝင်တာဖြစ်ပါတယ်။ 

ကွတ်ခိုင်မြို့ကို စစ်တပ်က ဒီနှစ်အတွင်း တစ်ကြိမ်လာရောက်ဗုံးကြဲပြီဖြစ်ပြီး လက်ရှိအနေအထားအရ ကွတ်ခိုင်မြို့တွင်းဒေသခံတွေလည်း လေကြောင်းအန္တရာယ်ကို စိုးရိမ်နေကြရပြီး စာသင်ကျောင်းတွေလည်း ကောင်းမွန်စွာ မဖွင့်လှစ်နိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ 

အဓိက ကြောက်တာက လေကြောင်းအန္တရယ်ကိုပဲ စိုးရိမ်နေကြရတာပါ။ အခုက နဂိုကတည်းကလည်း စစ်ဘေးရှောင်နေကြတဲ့သူတွေလည်း များတော့ ပြီးခဲ့တဲ့အခေါက် ကွတ်ခိုင် ရာစုသစ်တည်းခိုခန်းကို လေယာဉ်ဗုံးလာကြဲတဲ့နောက်မှာတော့ အများပိုင်း လားရှိုးဘက်ကို ပြန်ထွက်ပြေးတိမ်းရှောင်သွားကြတာ များတယ်။ ဘာလို့ဆို လားရှိုးဘက်မှာက စစ်တပ်က ထိုင်နေပြီဖြစ်တာကြောင့် ဘယ်လိုပဲဖြစ်ဖြစ် လေကြောင်းအန္တရာယ်တော့ ကင်းတာပေါ့။ ဒါကြောင့် လားရှိုးဘက် တိမ်းရှောင်ကြတာများတယ်။လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ မနေ့ မနက်မှာပဲ စစ်ကော်မရှင်က တအာင်းလွတ်မြောက်ရေးတပ် TNLAထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို လာရောက်ဗုံးကြဲတဲ့ဖြစ်စဉ်မှာ မီးဖွားနေသူရဲ့နေအိမ်လည်း

ဗုံးကြဲခံရပြီး စုစုပေါင်းပြည်သူ ၂၁ ယောက်သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့ တနိုင်ငံလုံးအတိုင်းတာနဲ့ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ ရွေးကောက်ပွဲမတိုင်ခင် လက်လွှတ်လိုက်ရတဲ့ နယ်မြေတစ်ချို့ပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button