မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

နမ့်တောင်းမှာ ဒေသခံတွေရဲ့စိုက်ပျိုးမြေကို တရုတ်လုပ်ငန်းရှင်တစ်ဦး အတင်းအဓ္ဓမလိုက်လံသိမ်းယူနေ

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာမှာ ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ တရုတ်လုပ်ငန်းရှင်တစ်ဦး ရွာသားတွေရဲ့ စိုက်ပျိုးမြေတွေကို မတရားသိမ်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်တောင်းကျေးရွာဒေသခံ အိမ်ခြေ  ရဲ့ ကြံစိုက်ခင်းတွေကို ကိုးကန့်တပ်သားတွေနဲ့အတူ တရုတ်လုပ်ငန်းရှင်တစ်ဦး လိုက်လံဖျက်ဆီးတာတွေလုပ်နေပြီး မြေယာပိုင်ရှင်တွေကိုလည်းသွားလာခွင့်ပိတ်ကာ အတင်းအဓ္ဓမမြေလုယူနေတယ်လို့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

တရုတ် ရှားကွေ့ ဆိုတဲ့တစ်ယောက်က ကိုးကန့်ကို ငွေအများကြီးပေးလိုက်ပြီ။ ကားတွေအထိဝယ်ပေးပြီးပြီဆိုပြီး ကျနော်တို့မြေယာတွေကို လာသိမ်းနေတာ ဟုတ်တယ်။ ကျနော်တို့ကဘာမှမသိပါဘူး ကျနော်တို့သိတာက ကိုယ့်မြေကိုယ့်ယာမှာ လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့်ရှိပြီဆိုပြီး ပြန်လုပ်ကိုင်နေကြတာ ဒီနေ့ ၁၀ နှစ်တောင်ရှိနေပြီ။ အခုက MNDAA ကိုးကန့်အမည်ခံပြီးအဲဒီတရုတ်လုပ်ငန်းရှင်က ကျနော်တို့ကို လာခြိမ်းခြောက် လာလုယူနေတာ အခု သူတို့သိမ်းယူထားတဲ့မြေတွေမှာ ကော်ဖီတွေ စိုက်ပျိုးနေကြတယ်။ ကျနော်တို့က ကြံစိုက်ပျိုးထားတော့  နှစ်၊ ၅နှစ်စာအတွက် စိုက်ပျိုးထားတာဖြစ်တယ်။ အခုက အဲဒီမြေယာတွေကို လာလုနေတာဖြစ်တယ်လို့မြေယာလုယူခံလိုက်ရတဲ့ နမ့်တောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလလောက်က ကြံခင်းစတင်ရိတ်သိမ်းတဲ့အချိန်ကစပြီး ကိုးကန့်တပ် MNDAA အမည်ခံထားတဲ့ အဲဒီတရုတ်လုပ်ငန်းရှင်တစ်ဦးဟာ ဒေသခံတွေကို အဲဒီမြေယာမှာ လုပ်ကိုင်စားသောက်ခွင့်မရတော့ကြောင်း ပြောဆိုလာတယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီနောက် ကိုးကန့်တပ်သားတွေကို မကြာခဏစေလွှတ်ပြီး မြေပိုင်ရှင်တွေကို လုပ်ငန်းလုပ်ကိုင်ခွင့်တားမြစ်တာ၊ ခြိမ်းခြောက်တာမျိုးတွေဆက်တိုက်လုပ်လာပြီး မြေယာတွေကို မတရားသိမ်းယူလာခဲ့တာလို့ ပြောပါတယ်။ 

ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ မြေပိုင်ရှင်တွေက မုံးကိုးမြို့ရှိ ကိုးကန့်ရုံးချုပ်ဆီမြေယာသိမ်းယူခံရတာနဲ့ပတ်သက်ပြီး သွားရောက်တိုင်ကြားပေမယ့် ကိုးကန့်ဘက်က

တရုတ်နှစ်သစ်ကူးပြီးမှ ဖြေရှင်းပေးမယ်လို့သာပြောဆိုခဲ့ပြီး လက်ရှိအချိန်ထိ တုံ့ပြန်ပြန်အကြောင်းကြာပြောဆိုလာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ 

အဲဒီတရုတ်လုပ်ငန်းရှင်ဟာ ကိုးကန့်တပ်သားတွေနဲ့အတူ ဒီဖေဖော်ဝါရီလအတွင်းထဲမှာတင် ဒေသခံတွေရဲ့ကြံစိုက်ခင်းတွေမှာ အုပ်ထားတဲ့ပလတ်စတစ်တွေကို လိုက်သိမ်းပြီး အခင်းတွေကိုလိုက်ဖျက်ဆီးတာတွေ  ကြိမ်ပြုလုပ်ခဲ့ပြီး အခင်းသွားလမ်းတွေကိုလည်း ပိတ်ပင်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။

PSA

မြေယာအခင်းဆီ သွားသွားလာလာလုပ်ရင်လည်း ပေးမသွားဘူး သွားခွင့်မပြုဘူး။ နင်တို့သွားရင်တော့ ပစ်မှာ ဘာညာနဲ့ ပြောဆိုခြိမ်းခြောက်နေတာ။ အဲဒီလိုခြိမ်းခြောက်နေလို့ ကျမတို့လည်း လုပ်ငန်းလုပ်ရတာလည်း အဆင်မပြေအရမ်းခက်ခဲနေတယ်။ ကျမတို့အုပ်ထားတဲ့ ပလတ်စတစ်တွေက အခုပဲ လာလာလှန်ပေးလိုက်တာ၊သိမ်းပေးလိုက်တာမျိုးတွေ လုပ်နေတာ ဒီမြေယာတွေက ကျမတို့ အရင်ကတည်းကလုပ်ကိုင်စားသောက်နေတဲ့ မြေယာဖြစ်တယ်။အခုလို လာခြိမ်းခြောက် လုယူနေတော့လုပ်ကိုင်ရတာလည်း ခက်ခဲနေတယ်။ ကျမတို့ လိုချင်တာက ကိုယ့်မြေယာမှာ ကိုယ်လွတ်လပ်စွာလုပ်ကိုင်ခွင့်ရချင်ပါတယ်။လို့ နောက်ထပ်နမ့်တောင်းဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

အခုမြေယာပြဿနာဖြစ်ပွားနေတဲ့နေရာက နမ့်တောင်းကျေးရွာအဝင် လမ်းမကြီးဘေးရှိမြေယာတွေဖြစ်ပြီး လက်ရှိအချိန် အိမ်ခြေ  အိမ်ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေ စုစုပေါင်း ၁၅ ဧကရှိတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

အဲဒီမြေနေရာတွေမှာ ဒေသခံတွေက ကြံစိုက်ပျိုးကြတာဖြစ်ပြီး အခု ကိုးကန့်တပ်ဖွဲ့နဲ့တရုတ်လုပ်ငန်းရှင်က ကော်ဖီနဲ့ Macademia ပျိုးပင်တွေ စတင်စိုက်ပျိုးနေပြီလို့ သိရပါတယ်။

ကြံစိုက်ပျိုးရေးတစ်ခုသာလုပ်ကိုင်နေကြပြီး တခြားအသက်မွေးဝမ်းကျောင်းလုပ်ကိုင်ဖို့အခွင့်အလမ်းမရှိတဲ့ မြေပိုင်ရှင်တွေအတွက် အခုလိုစိုက်ပျိုးမြေတွေ မတရားသိမ်းယူခံနေရတာကြောင့်ဝမ်းရေးအတွက် စိုးရိမ်စရာဖြစ်လာကာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

လက်ရှိ မြေယာပြဿနာဖြစ်ပွားနေတဲ့နေရာက နမ့်တောင်းကျေးရွာအဝင် လမ်းမကြီးဘေးရှိမြေယာတွေဖြစ်ပြီး လက်ရှိအချိန်အထိတွေ အိမ်ခြေ ၆ အိမ်ပိုင်ဆိုင်တဲ့ စိုက်ပျိုးမြေ စုစုပေါင်း ၁၅ ဧက ကိုကိုးကန့်ဘက်က သိမ်းယူလိုက်ပြီလို့ သိရပါတယ်။ 

တရုတ်လုပ်ငန်းရှင်ဘက်ကစီမံကိန်းရေးဆွဲထားတဲ့အထဲမှာ သိမ်းယူမယ့်မြေဧက ၃၀ ဧကကို လျာထားတာကို တွေ့ရတယ်လို့ပြောပါတယ်။

ဒီမြေယာတွေဟာ အရင် ဦးသိန်းစိန် လက်ထက်က နိုင်ငံတော်စီမံကိန်းခေါင်းစဉ်နဲ့သိမ်းယူခံလိုက်ရပြီးနောက် ၅ နှစ်ခန့် စီမံကိန်းမဖြစ်မြောက်တော့တဲ့အတွက် NLD အစိုးရတက်လာချိန်မှာတော့သိမ်းယူခံထားရတဲ့မြေယာတွေမှာ ပြန်လည်လုပ်ကိုင်ခွင့်ရပြီဖြစ်ကြောင်း ထုတ်ပြန်တာကြောင့်ဒေသခံမြေပိုင်ရှင်တွေက မိမိမြေယာမှာ စိုက်ပျိုးရေးပြန်လည်လုပ်ကိုင်နေကြတာ အခုဆို ၁၀ နှစ်ခန့်ရှိလာပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ ကိုးကန့်တပ် MNDAA ရဲ့ အမိန့်လို့ဆိုပြီးတရုတ်လုပ်ငန်းရှင်တစ်ဦးက မြေတွေကို လိုက်လံသိမ်းယူနေတာဟာ ဒေသခံတွေရဲ့စားဝတ်နေရေးတွက် များစွာထိခိုက်လာနိုင်တယ်လို့ ပြောကြပါတယ်။

မူဆယ်နဲ့မုံးပေါ်ကြားရှိ နမ့်တောင်းကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ဒီနယ်မြေဟာ ကိုးကန့်တပ်MNDAA  တအာင်းတပ် TNLA နဲ့ ကချင်တပ် KIA တို့ ထိန်းချုပ်လှုပ်ရှားနေတဲ့နယ်မြေဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button