သတင်း

အင်းတော်ကြီးမှာ အရပ်သား ၅၀ ဝန်းကျင်စုဆောင်းရေးဖမ်းဆီးခံရ 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲမှာ အရပ်သား ၅၀ ဝန်းကျင်ကို  SNA တပ်ဖွဲ့က တပ်သားသစ်အဖြစ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်  နာရီဝန်းကျင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရဲ့အနောက်ဘက် မြို့နဲ့  မိုင်အကွာ ဒေသအခေါ် (ပြည်တော်သာကွင်း)ထဲက လယ်ယာနဲ့စိုက်ခင်းတွေထဲ အလုပ်လုပ်နေတဲ့သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ နန့်မွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

လယ်ကွင်းထဲ အလုပ်လုပ်နေတဲ့လူတွေကိုဝင်ဆွဲတာ ပြီးရင် အဲ့ကွင်းဘေးကတောင်ခြေမှာ လက်လုပ်လက်စားရွှေတူးတဲ့လူတွေလည်းရှိတယ် သူတို့ပါဝင်ဆွဲခံရတယ်။ အားလုံး ၅၀ ကျော်လောက်ရှိတယ်လူဦးရေအတိအကျတော့မသိရသေးဘူးလို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ဖမ်းဆီးသွားခံရသူတွေဟာ ဘိုကုန်းရွာ၊အင်းကုန်းရွာ၊ကျွန်းကုန်းရွာနဲ့ နန်းမားမြို့ထဲကနေ ပြည်တော်သာကွင်းမှာ လယ်ယာစိုက်ခင်းလာလုပ်တဲ့သူတွေနဲ့လက်လုပ်လက်စားရွှေလာတူးတဲ့သူတွေပါသွားကြောင်းသိရပါတယ်။

“ပြည်တော်သာကွင်းဆိုတာအကျယ်ကြီးပဲအဲ့မှာဘိုကုန်းတို့၊ကျွန်းကုန်းတို့နောက်ပြီးနန်းမာဘက်ကလူတွေအဲ့ကွင်းမှာအခင်းသွားလုပ်ကြရင်ဖမ်းခံရတာပြီးတော့ ကွင်းနားက ဂွချောင်းဆိုတာရှိတယ်အဲ့ချောင်းမှာရွှေတူးတဲ့သူတွေပါသွားတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ဖမ်းဆီးသွားတဲ့အရပ်သား ၅၀ ကျော်မှာ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ကျော်လူကြီးပိုင်းအထိပါဝင်တယ်လို့သိရပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁၀ ဦးခန့်ပါတယ်လို့သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို လက်ရှိ နန့်မွန်းမြို့ထဲက စစ်သင်တန်းပို့ချတဲ့ကွင်းထဲမှာ ထိန်းသိမ်းထားပြီး ဒီကနေ့ အထိပြန်လွတ်လာတဲ့သူမရှိသေးဘူးလို့သိရပါတယ်။

အဲ့ဒီ SNA တပ်တွေဟာ နန့်မွန်းအထိုင်တပ်ထဲကလို့သိရပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တောလမ်းကနေဝင်လာပြီး ပြည်တော်သာကွင်းပတ်ပတ်လည်ကို ပိတ်စို့ကာ ဖမ်းဆီသွားတာလို့ဒေသခံတွေကဆိုပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA  ဟာ သူတို့ထိန်းချုပ်ထားတဲ့ လုံးတုံ၊နန်းမား၊မိုင်းနောင်၊မမံကိုင်စတဲ့ကျေးရွာတွေထဲမှာ ၂၀၂၄၊၂၀၂၅ခုနှစ်တွေကတည်းက လူငယ်တွေကိုစုဆောင်းရေးမကြာခနလုပ်နေတာကြောင့် လူငယ်၊လူလတ်အများပိုင်း ဘေးလွတ်ရာကိုတိမ်းရှောင်သွားသူတွေများတယ်လို့သိရပါတယ်။

ဒါကြောင့် အခုလို လယ်ယာစိုက်ခင်းလုပ်ကိုင်သူတွေနဲ့တောထဲလက်လုပ်လက်စားရွှေတူးတဲ့ပြည်သူတွေဘက်ကိုဦးတည်းပြီးဖမ်းဆီးနေတာလို့ဒေသခံတွေကဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသနေရာအနှံ့မှာ တော်လှန်ရေးတပ်တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တပ်သားသစ်စုဆောင်းတာကို ပိုမိုလုပ်ဆောင်လာကြတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button