နမ့်ဖတ်ကာအနီး ခရီးသွားကားတစ်စီးတိမ်းမှောက် ၅ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာပြင်းထန်

ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့ လွယ်ကန်ကုန်းလမ်းပိုင်းမှာ ခရီးသွားကားတစ်စီးကားမှောက်လို့ ခရီးသည် ၅ ဦးသေဆုံးပြီး ကျန်ခရီးသည်များထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း  နာရီဝန်းကျင် နမ့်ဖတ်ကာ– မူဆယ်ဘက်သွားလမ်းပိုင်းမှာ ကားသမားတွေအပါ ခရီးသည် ၁၆ ဦးစီးလာတဲ့ကား ဘရိတ်ပေါက်ပြီးတိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ နမ့်ဖတ်ကာမြို့ပြည်သူတစ်ဦးပြောပါတယ်။

နမ့်ဖတ်ကာ ရီးယန်ဂိတ်နဲ့သိပ်မကွာဘူး လွယ်ကန်ကုန်းမှာ ကားမှောက်တာဟုတ်တယ်။ ကားသမားတွေနဲ့အတူ လူက ၁၈ ယောက်ဟုတ်တယ်။  ဦးက သေသွားပြီ။ ကျန်တဲ့သူတွေက ဒဏ်ရာပြင်းထန်ပြီး နမ့်ဖတ်ကာဆေးရုံကို ရောက်လာတယ် မူဆယ်ကားဟုတ်တယ်။ ခရီးသည်က ၁၆ ဦးပါလာတာ” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။

 ကျောက်ဆယ်မြို့ကနေ မူဆယ်ကို ဦးတည်လာတဲ့ အဲ့ဒီခရီးသည်တင်ကားဟာ နမ့်ဖတ်ကာမြို့အလွန်မှာ တိမ်းမှောက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။

PSA

ကားထဲမှာ ခရီးသည်စုစုပေါင်း ၁၆ ဦးလိုက်ပါစီးနှင်းလာပြီး ကားသမားတွေနဲ့အတူ စုစုပေါင်း ၁၈ ဦးထဲမှာ ခရီးသည်အမျိုးသမီး ၄ ယောက် နဲ့ အတူအမျိုးသားတစ်ဦးသေဆုံးသွားတာဖြစ်ပြီး ကျန်တဲ့ ၁၃ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဒဏ်ရာရရှိသူတွေက နမ့်ဖတ်ကာဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။

အဲဒီခရီးသည်တွေက ရွှေလီဘက်ကို အလုပ်သွားလုပ်မယ့်သူတွေ လိုက်ပါစီးနှင်းခဲ့တာလို့သိရပြီး ကားးသမားပြောဆိုချက်အရ ကားဘရိတ်ပေါက်သွားလို့ ကားတိမ်မှောက်မှုဖြစ်တဲ့အကြောင်းကားသမားက ပြောဆိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ဖတ်ကာကနေ မူဆယ်ဘက်သွားတဲ့ အဲဒီလွယ်ကန်ကုန်းလမ်းပိုင်းမှာ ယာဉ်မတော်တဆမှု မကြာခဏဖြစ်တယ်။ အဲဒီလမ်းက တော်တော်မတ်စောက်တယ်။လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။

မနေ့က ကားမတော်တဆဖြစ်တဲ့နေရာမှာပဲ ကုန်တင်ကားကြီးတွေ မကြာခဏတိမ်းမှောက်မှုဖြစ်တဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။ 

နယ်စပ်ကုန်သွယ်ရေးနယ်မြေတစ်ခုဖြစ်တဲ့ နမ့်ဖတ်ကာမြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ကထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button