ဖားကန့်မှာ တစ်နေကုန်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ဖားကန့်မြို့နယ် မရှီကထောင် ဆုတောင်းတောင်အနီးမှာ စစ်တပ်နဲ့ KIA ပူးပေါင်တပ်တို့ စစ်ဆိုင်ထားတဲ့အခြေနေမှာ စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က စစ်ရေးစတင်လှုပ်ရှားလာတဲ့အတွက် ဒီနေ့တစ်ကုန် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ် အင်အား ၇၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ဧပြီလ ၁၃ ရက် ဒီမနက် ၆ နာရီ ဝန်းကျင်ကနေ KIA ပူးပေါင်းတပ် ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာရာကနေ မရှီကထောင်နဲ့ ဆန်းကြွယ်ရွာအနီး ဝန်းကျင်တိုက်ပွဲပြင်းထန်ခဲ့သလို လက်ရှိချိန်ထိ စစ်ရေးတင်းမာနေတယ်လို့ ဖားကန့်ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။

“အပြန်လှန်ဒရုန်းနဲ့တွေနဲ ပစ်ကြရင်း နေ့လည်လောက်ကျတော့ လေယာဉ်နဲ့အကြိမ်ကြိမ်လာကြဲတာ သူတို့စစ်တပ်ကလူတွေလည်း ကြဲမိတယ်လို့ သိရတယ်။ သူတို့ဘက်က တော်တော်ကျတဲ့အခြေနေဟုတ်တယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွင်း စစ်တပ်ဘက်က မွှန်းလွှဲ တစ်နာရီဝန်းကျင်နေ ညနေ ၄ နာရီဝန်းကျင်အထိ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၄ လုံးထက် မနည်း ဗုံးကြဲတိုက်ခိုက်သလို  ဖားကန့်ဗျူဟာကုန်းပေါ်ကနေလည်း မရှီကထောင်ဆုတောင်းကုန်းဘက်အခြမ်းကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

PSA

ဖားကန့်မှာ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ ဖားကန့် ဗျူဟာကုန်းတိုက်ခိုက်ခံရပြီးနောက် ဧပြီလ ၆ ရက်နေ့ကစပြီး ကားမိုင်း-နန့်ယား ဖားကန့်လမ်းပိုင်းကနေ လဝါးကျေးရွာမှာ တပ်စွဲထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က အိမ်စီးကား ၅ စီးခန့် နဲ စစ်အင်အားဖြည့်တင်းပြီး ခုလို စစ်ရေးလှုပ်ရှားမှု စတင်လာတာဖြစ်တယ်လို့ သိရပါတယ်။

“ဆန်းကြွယ်ရွာတွင်း နဲ့ မရှီကထောင် ဆုတောင်းတောင်တစ်ဘက်ခြမ်းမှာ သူတို့ဘက်ကလည်း ကတပ်စွဲထားတာ။ အဲမှာခု ဒီရက်ပိုင်း အင်အားဖြည့်ပြီး နယ်မြေပြန်ချဲ့တဲ့ပုံစံနဲ့စစ်ကြောင်းထိုးနေတာဟုတ်တယ်။ တိုက်ပွဲကတော့ ဒီနေ့တစ်နေကုန်ပါပဲ တော်တော်ပြင်းထန်ပါတယ်။” လို့ အထက်မှာဖော်ပြတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် က ဆက်ပြောပါတယ်။

ဖားကန့်မှာ အာဏာသိမ်းစစ်ကောင်စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၂၅) ရက်နေ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာပဲ နှစ်ဖက်တပ်တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

အဲဒီနောက် ဇန်နဝါရီ ၂၈ ရက်နေ့ကစပြီး စစ်တပ်ဘက်က KIA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေဘက်ကို စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေလတာ  အခုဆိုရင် ၂ လခွဲခန့် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

အခုလို စစ်အင်အားဖြည့်တင်းပြီး စစ်ရေးဖော်ဆောင်လာတာဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မော်ဝမ်းကျေးရွာအနီး အင်မားယန်၊ ဆွတ်ဘွမ့် ၊ သင်္ချိုင်းကုန်း တစ်လျှောက် နေရာယူထားတဲ့ စစ်တပ်စခန်းတစ်ချို့ကို KIA နဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်တဲ့အပြင် ဗျူဟာကုန်းလည်း ဆက်တိုက်တိုက်ခိုက်ခံနေရတဲ့အတွက် တန်ပြန်ထိုးစစ်ဆင်နေတာလို့ ဖားကန့်ပြည်သူတွေ သုံးသပ်နေကြပါတယ်။

“ဗျူဟာကုန်းကလည်းနေ့တိုင်းလိုလိုပစ်ခံနေရတော့ သူတို့လည်းပိုစိုးရိမ်လာတဲ့အခြေနေပဲ အဲဒါကြောင့် နယ်မြေစိုးမိုးမှု ပိုကျယ်ပြန့်ဖို့လိုတယ်ဆိုတဲသဘောနဲ့ စစ်ရေးဖော်ဆောင်လာတာလို့ သုံးသပ်မိတယ်။ ဒီရက်ပိုင်းလေးဆို ပိုပြီးခပ်စိပ်စိပ် အင်အားဖြည့်နေတာလည်းတွေ့ရတယ်” လို့ ဖားကန့်မှာနေထိုင်တဲ့အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

လတ်တလော ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ လုံးခင်း၊ ဂေါက်ကွင်းရှိတဲ့ဘက်ခြမ်း သင်္ချိုင်းကုန်းတစ်လျှောက်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားပြီး လုံးခင်း မိန်းလမ်းမကြီးနဲ့ တံတားဟောင်း နေရာအထိ စစ်တပ်ဘက်က နေရာယူထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ကျေးရွာနေပြည်သူတွေကတော့ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပေမယ့် စစ်ရေးကြောင့် မြို့တွင်းလမ်းမတွေ ပိတ်ဆို့တာတွေ မကြာခနကြုံနေရတဲ့အတွက် ပြည်သူတွေသွားလာဖို့ ပိုခက်ခဲလာတဲ့အပြင်လက်နက်ကြီးအန္တရယ်ကိုလည်း စိုးရိမ်စွာနဲ့ နေနေရတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီလမှာ ဖားကန့်-မြစ်ကြီးနားသွားလမ်းမပေါ်ရှိ နန့်ယား၊နန့်တိန်ကျေးရွာတွေကို KIA ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ၅ လဝန်းကျင် ထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ တန်ပြန်ထိုးစစ် ၅ လကျော်အတွင်းမှာ ဖားကန့်ရဲ့ လူဦးရေထူထပ်ပြီး ယခင်အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်ခဲ့တဲ့ ရွာအကြီးတွေကို စစ်တပ်အာဏာရဖို့ တိုက်ပွဲဖော်ဆောင်ခဲ့ရာမှာ ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်း၊ လုံးခင်းကျေးရွာအုပ်စုနဲ့ ဖာကန့်မြို့တွင်းနေရာတော်တော်များများကို စစ်တပ်က ဝင်ရောက်နေရာယူနိုင်ခဲ့တာဖြစ်ပါတယ်။

Show More

Leave a Reply

Back to top button